ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် vs ရှက်ဖီးလ်ယူနိုက်တက်
အခုတစ်ခါမှာတော့ လာမယ့် တနင်္ဂနွေနေ့မှာ အစောဆုံး ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ် တစ်ပွဲ ဖြစ်တဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်နဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ ကစားမယ့် ပွဲစဉ်နဲ့ ပတ်သတ်ပြီး ပွဲကြိုခန့်မှန်းချက်တချို့ကို ဖော်ပြပေးချင်ပါတယ်။ ဝုဗ်နဲ့ ရှက်ဖီးလ်ယူနိုက်တက် တို့ဟာ ပြီးခဲ့တဲ့ တွေ့ဆုံမှုတွေမှာ အပြန်အလှန် ရှိခဲ့ပေမယ့် လက်ရှိအချိန်မှာတော့ ခြေစွမ်းပိုင်း ကွာဟချက် ကြီးမားနေလို့ ဝုဗ်တို့ကိုပဲ ယုံကြည်ထားရပါမယ်။
ဝုဗ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲမှာ ဖူလ်ဟမ်ကို အနိုင်ရပြီး ပရီးမီးယားလိဂ် ၅ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။ ဝုဗ်ရဲ့ လက်ရှိ အခြေအနေက အမှတ်ပေးဇယား အလယ်လောက်မှာ ရပ်တည်နေပြီး အထက်မရောက် အောက်မရောက် အခြေအနေမို့လို့ ရမှတ်လည်း မလိုအပ်သလို ဖိအားလည်း ကင်းနေပါတယ်။ နူနို အက်စ်ပီရီတို ဆန်းတို့စ်ရဲ့ အသင်းက ဒီရာသီမှာ တော်တော်လေး ခြေပျက်သွားပြီး ကစားသမားကောင်းတွေ အများကြီး ရှိနေပေမယ့် ရလဒ်ပိုင်းလည်း အားရစရာ မရှိခဲ့ပါဘူး။ တစ်ချက်ရှိတာက ဝုဗ်တို့ အသင်းကြီးတွေနဲ့ ပွဲဆက် ကစားခဲ့ရတာက အသင်းရဲ့ ရလဒ်ပိုင်းကို ထိခိုက်ခဲ့ရတာ လို့ဆိုနိုင်ပါတယ်။ လက်ရှိအသင်းမှာ တိုက်စစ်က ဂျွန်နီ၊ ပက်ဒရိုနီတို၊ ရာအူးလ် ဂျင်မီနက်ဇ်၊ ရူဘင် နားဗက်ဇ်အပြင် ဘိုလီလည်း ဒဏ်ရာရနေလို့ ဂုဏ်သိက္ခာအရ တတ်နိုင်သမျှ ရုန်းကန်မယ့် ရှက်ဖီးလ်ယူနိုက်တက်ကို အသာရဖို့ ခက်ခဲမယ့် အခြေအနေမှာ ရှိနေပါတယ်။
ရှက်ဖီးလ်ယူနိုက်တက်တို့ ဒီရာသီ ပရီးမီးယားလိဂ် မှာ အိမ်ကွင်း၊ အဝေးကွင်း စုစုပေါင်း နိုင်ပွဲ ၄ ပွဲသာ ရရှိခဲ့ပြီး ၂ ပွဲ သရေ၊ ၂၅ ပွဲ ရှုံးနိမ့်ပြီး ရာသီမကုန်ခင် ကတည်းက တန်းဆင်းထားရတဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ အခြေအနေအရ ရှက်ဖီးလ်ယူနိုက်တက်မှာ ဘာမျှော်လင့်ချက်မှ မရှိတော့ပေမယ့် သိက္ခာအရ လက်ကျန်ပွဲစဉ်တွေမှာ ပြိုင်ဘက်တွေကို အကောင်းဆုံး တုံ့ပြန်ကစားနေတာ တွေ့ရပါတယ်။ အက်စတွန်ဗီလာကို အနိုင်ရပြီးတဲ့နောက် ရှက်ဖီးလ်ယူနိုက်တက်တို့ ပရီးမီးယားလိဂ် ၄ ပွဲဆက် ပြန်ရှုံးထားသလို အက်ဖ်အေဖလား ကွာတားဖိုင်နယ်မှာလည်း ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့ပါတယ်။ လက်ရှိ အသင်းမှာ ရှာ့ပ်၊ ဘက်ရှမ်း၊ ရော်ဘင်ဆင်၊ ရော့ဒ်ဝဲလ်၊ အိုကော်နဲလ်၊ မက်ဘန်း၊ ဘာ့ဂျ် တို့လို အဓိကကစားသမားတွေ တော်တော်များများ ဒဏ်ရာရနေဆဲမို့လို ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဝုဗ်နဲ့ ရှက်ဖီးလ်ယူနိုက်တက်တို့ရဲ့ ပရီးမီးယားလိဂ် တွေ့ဆုံမှု ၃ ကြိမ်မှာ တစ်ပွဲစီ အနိုင်ရထားပြီး တစ်ပွဲသရေကျထားပါတယ်။ ဒီရာသီ ပထမအကျော့ တွေ့ဆုံမှုမှာတော့ ဝုဗ်က ဂျင်မီနက်ဇ်၊ ဆာအိစ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၀-၂ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် vs ရှက်ဖီးလ်ယူနိုက်တက် | 1X2 ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် @ 1.70 | |
ဧပြီလ ၁၈ ရက်, ည ၁:၄၅ နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၆၆ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၅.၅၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၆၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ရှက်ဖီးလ်ယူနိုက်တက်က ပြိုင်ဘက် တော်တော်များများကို သရေတောင် မကစားနိုင်ပဲ ရှုံးနိမ့်ထားတဲ့အသင်းပါ။ လက်ရှိစုဖွဲ့မှုအရလည်း တော်တော်လေးကို ကွာနေလို့ ဝုဗ်တို့ပဲ အိမ်ကွင်းမှာ အနိုင်ရသွားမယ် ထင်ပါတယ်။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.