နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပရီးမီးယားလိဂ်မှာ ငွေသုံး အကြမ်းဆုံး အသင်း ဖြစ်နေတဲ့ မန်ချက်စတာယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒေါ့မန် အသင်းကနေ ပေါင် ၇၃ သန်း (ယူရို ၈၆ သန်း)နဲ့ ခေါ်ယူထားခဲ့တဲ့ ဂျေဒန် ဆန်ချိုကို ပြီးခဲ့တဲ့ သောကြာနေ့က တရားဝင် မိတ်ဆက်ခဲ့ပါတယ်။ ဆန်ချို အနေနဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပဉ္စမမြောက် ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား ဖြစ်လာခဲ့ပြီး ယူနိုက်တက် အတွက် ကတော့ ပေါလ်ပေါ့ဘာ ပြီးရင် ပြောင်းရွှေ့ကြေး အများဆုံးပေးပြီး ခေါ်ယူခဲ့ရတာလည်း ဖြစ်ပါတယ်။

ဂျေဒန် ဆန်ချိုဟာ လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကာလမှာ တွမ်ဟီတန် ပြီးရင် ယူနိုက်တက်ကို ရောက်ရှိလာတဲ့ ဒုတိယမြောက် ကစားသမား ဖြစ်ပြီး လက်တလော မှာတော့ ဆိုးလ်ရှား အနေနဲ့ ကစားသမားသစ်‌တွေ ထပ်မံ ခေါ်ယူဖို့ ငွေကြေး အမြောက်အမြား သုံးစွဲဖို့ ရှိကြောင်း သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။ ဒီအခြေအနေကို ပရိသတ် အများစုက သဘောကျပေမယ့် ယူနိုက်တက်ရဲ့ ကစားသမားဟောင်းတွေနဲ့ ဘောလုံး သုံးသပ်သူတွေ ကတော့ ငွေကြေး အမြောက်အမြား သုံးစွဲနေပေမယ့်လည်း ဆုဖလား အောင်မြင်မှု မရသေးတဲ့ အချက်ကို ဝေဖန် ထောက်ပြ နေကြပါတယ်။

ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အမြင့်ဆုံး ပြောင်းရွှေ့ကြေးတွေနဲ့ ရောက်ရှိလာခဲ့သူတွေကို ကြည့်မယ် ဆိုရင်တော့ ပေါလ် ပေါ့ဘာ၊ ဟယ်ရီ မက်ဂွိုင်းယား၊ ရိုမယ်လူလူကာကူ တို့ ထိပ်ဆုံးက ရပ်တည်နေတာ တွေ့ရမှာ ဖြစ်ပြီး ၃ ဦးလုံးကလည်း ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ခဲ့ကြသူတွေ ဖြစ်ပါတယ်။

·       ပေါလ်ပေါ့ဘာ – ပေါင် ၈၉ သန်း (ဂျူဗင်တပ် မှ မန်ချက်စတာယူနိုက်တက်)၊ ၂၀၁၆ ခုနှစ်။

·       ဟယ်ရီမက်ဂွိုင်းယား – ပေါင် သန်း ၈၀ (လက်စတာစီးတီး မှ မန်ချက်စတာယူနိုက်တက်) ၂၀၁၉ ခုနှစ်။

·       ရိုမယ်လူ လူကာကူ – ပေါင် ၇၅ သန်း (အဲဗာတန် မှ မန်ချက်စတာယူနိုက်တက်) ၂၀၁၇ ခုနှစ်။

·       ဗာဂရယ် ဗန်ဒိုက်ချ် – ပေါင် ၇၄.၂ သန်း (ဆောက်သမ်တန် မှ လစ်ဗာပူးလ်) ၂၀၁၈ ခုနှစ်။

·       ဂျေဒန် ဆန်ချို – ပေါင် ၇၃ သန်း (ဒေါ့မန် မှ မန်ချက်စတာယူနိုက်တက်) ၂၀၂၁ ခုနှစ်။

·       နီကိုလပ်စ် ပေပေ – ပေါင် ၇၂ သန်း (လိုင်လီ မှ အာဆင်နယ်) ၂၀၁၉ ခုနှစ်။

·       ကိုင်ဟာဗက်ဇ် – ပေါင် ၇၂ သန်း (လေဗာကူဆင် မှ ချဲလ်ဆီး) ၂၀၂၀ ခုနှစ်။

·       ကီပါ အရစ်ဇာဘလာဂါ – ပေါင် ၇၁ သန်း (ဘီလ်ဘာအို မှ ချယ်လ်ဆီး) ၂၀၁၈ ခုနှစ်။

·       အလီဆွန် ဘေကာ – ပေါင် ၆၆ သန်း (ရိုးမား မှ လစ်ဗာပူးလ်) ၂၀၁၈ ခုနှစ်။

·       ရိုဒရီ – ပေါင် ၆၂ သန်း (အက်တလက်တီကို မက်ဒရစ် မှ မန်ချက်စတာစီးတီး) ၂၀၁၉ ခုနှစ်။

·       ရူဘင် ဒီးရာ့ဇ် – ပေါင် ၆၁ သန်း (ဘင်ဖီကာ မှ မန်ချက်စတာစီးတီး) ၂၀၂၀ ခုနှစ်။

ဒါကို ကြည့်တာနဲ့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ကစားသမား ခေါ်ယူမှုမှာ ဘယ်လောက်အထိ ငွေသုံးကြမ်းခဲ့တယ် ဆိုတာ သိနိုင်ပါတယ်။ ယူနိုက်တက်တို့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ နောက်ပိုင်း ကစလို့ လက်ရှိ ဂျေဒန် ဆန်ချိုကို ခေါ်ယူပြီးချိန် အထိ ကစားသမား ခေါ်ယူဖို့ အတွက် ပေါင် ၆၁၆.၂၁ သန်း အထိ သုံးစွဲထားခဲ့တာ တွေ့ရပါတယ်။  ကစားသမား ရောင်းချမှု ကနေ ပေါင် ၁၅၈.၆၁ သန်း ပြန်လည် ရရှိခဲ့တာကြောင့် ယူနိုက်တက်ရဲ့ ၄ နှစ်ကျော် ကာလ အတွင်း အသားတင် သုံးစွဲခဲ့တဲ့ ငွေကြေး ပမာဏဟာ ပေါင် ၄၅၇.၆၀ သန်း အထိ ရှိခဲ့တာ‌ ဖြစ်ပါတယ်။ ယူနိုက်တက် ပြီးရင်တော့ မြို့ခံပြိုင်ဘက် မန်ချက်စတာစီးတီး အသင်းက ပေါင်သန်း ၄၀၀ ကျော် သုံးစွဲပြီး အသားတင် ငွေကြေး သုံးစွဲမှု မှာတော့ ပေါင်သန်း ၃၇၀ နီးပါး ရှိခဲ့ပါတယ်။

 
နာမည်ကျော် Transfermarkt ရဲ့ ဖော်ပြချက်အရ လက်ရှိ ပရီးမီးယားလိဂ် ပြိုင်ပွဲဝင် အသင်း ၂၀ ရဲ့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီ နောက်ပိုင်း ငွေကြေး အသားတင် သုံးစွဲထားမှု အများဆုံး အဖြစ် မန်ချက်စတာ မြို့ခံနှစ်သင်းပဲ ထိပ်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။ ထူးဆန်းစွာနဲ့ပဲ အက်စတွန်ဗီလာ၊ ဘရိုက်တန် တို့လို အသင်းတွေ ဟာလည်း အဆင့် ၃နဲ့ ၆ နေရာ တွေမှာ ရပ်တည်နေပြီး အသားတင် ငွေကြေးသုံးစွဲမှုအရ အပေါင်းပြခဲ့တဲ့ အသင်း ၂ သင်းသာ ရှိခဲ့ပြီး ကျန် ၁၈ သင်း ကတော့ အနည်းဆုံး ပေါင်သန်း ၂၀ ကျော်ထိ အနှုတ်ပြခဲ့တာ တွေ့ရပါတယ်။

၂၀။ နော့ဝှစ်ချ် | + ပေါင် ၆၆.၁၇ သန်း

၁၉။ ဘရန့်ဖို့ဒ် | + ပေါင် ၆၀.၇၇ သန်း

၁၈။ ဘန်လေ | – ပေါင် ၂၂.၀၉ သန်း

၁၇။ ခရစ္စတယ်ပဲလေ့စ် | – ပေါင် ၄၀.၂၄ သန်း

၁၆။ ဆောက်သမ်တန် | – ပေါင် ၄၂.၇၅ သန်း

၁၅။ ဝက်စ်ဘရွန်း | – ပေါင် ၄၉.၇၁ သန်း

၁၄။ နယူးကာဆယ် | – ပေါင် ၉၈.၉၇ သန်း

၁၃။ လိဒ်စ်ယူနိုက်တက် | – ပေါင် ၁၀၆. ၃၉ သန်း

၁၂။ လက်စတာစီးတီး | – ပေါင် ၁၁၄.၃၆ သန်း

၁၁။ ဝက်စ်ဟမ်း | – ပေါင် ၁၃၂.၂၈ သန်း

၁၀။ လစ်ဗာပူးလ | – ပေါင် ၁၅၃.၉၁ သန်း

၉။ တော့တင်ဟမ်ဟော့စပါး | – ပေါင် ၁၆၂.၀၅ သန်း

၈။ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် | – ပေါင် ၁၉၆.၈၇ သန်း

၇။ ချဲလ်ဆီး | – ပေါင် ၂၀၉.၁၅ သန်း

၆။ ဘရိုက်တန် | – ပေါင် ၂၁၂.၃၅ သန်း

၅။ အဲဗာတန် | – ပေါင် ၂၃၂.၉၂ သန်း

၄။ အာဆင်နယ် | – ပေါင် ၂၃၈.၆၈ သန်း

၃။ အက်စတွန်ဗီလာ | – ပေါင် ၂၄၇.၈၆ သန်း

၂။ မန်ချက်စတာစီးတီး | – ပေါင် ၃၆၆.၃၁ သန်း

၁။ မန်ချက်စတာယူနိုက်တက် | – ပေါင် ၄၅၇.၆၀ သန်း
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်