နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တူရကီကို ၃ ဂိုးပြတ် အနိုင်ယူပြီး ပြိုင်ဘက်တွေကို တပ်လှန့်လိုက်တဲ့ အီတလီ – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

တူရကီ – ၃ အီတလီ

(မာရစ်ဒါမီရယ် ၅၃’(o.g.)၊ အင်မိုဘီလီ ၆၆’၊ အင်ဆစ်ဂ်ညီ ၇၉’)

ရောမမြို့ အိုလံပီကိုကွင်းမှာ ကစားခဲ့တဲ့ ယူရို ၂၀၂၀ အုပ်စု (A) အဖွင့် ပွဲစဉ် မှာတော့ အီတလီက တူရကီကို ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ အနိုင်ရပြီး အဖွင့်လှသွားခဲ့ပါတယ်။ အဓိက ပြိုင်ပွဲကြီးတစ်ခုရဲ့ မြက်ခင်းစိမ်းနဲ့ ဝေးကွာနေခဲ့တဲ့ အဇူရီတို့ ပထမပိုင်းမှာ အသားကျဖို့ ရုန်းကန်ခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ အကောင်းဆုံး ခြေစွမ်းနဲ့အတူ မာကျောတဲ့ တူရကီရဲ့ ခံစစ်ကိုမှ ၃ ဂိုးပြတ် သွင်းပြီး ရောမမြေက ပရိသတ် ၁၆၀၀၀ ရှေ့မှောက်မှာ အလှပဆုံး အောင်ပွဲခံ သွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် အခုနိုင်ပွဲဟာ “ယူရို ၂၀၂၀ အမှီ အီတလီ ပြန်လာပြီ” ဆိုပြီး ပြိုင်ဘက်အားလုံးကို တပ်လှန့်လိုက် အသိပေးလိုက်တဲ့ သဘောပါပဲ။

ဒီနေ့ပွဲမှာ ရော်ဘတ်တို မန်ချီနီရဲ့ အသင်းက ထုံးစံအတိုင်း ၄-၃-၃ ကစားကွက်နဲ့ အတူ နောက်တန်းမှာ စပင်နာဇိုလာ၊ ဖလော်ရန်ဇီ၊ ခီလီနီ၊ ဘိုနူချီ၊ ကွင်းလယ်မှာ လိုကတ်တယ်လီ၊ ဂျော်ဂျင်ဟို၊ ဘာရယ်လာ၊ တိုက်စစ်မှာ အင်ဆစ်ဂ်ညီ၊ ကိုင်ရို အင်မိုဘီလီ၊ ဘာရက်ဒီ၊ ဂိုးမှာတော့ ဒွန်နာရူးမားတို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဂူးနက်ရှ်ရဲ့ တူရကီ ကတော့ ၄-၁-၄-၁ ကစားကွက်နဲ့ အီတလီကို ရင်ဆိုင်ခဲ့ပြီး ဂိုးမှာ အူဂျန် ချက်ကာ၊ နောက်တန်းမှာ ဆီလစ်ခ်၊ ဒါမီရယ်၊ ဆိုယွန်ချူ၊ မယ်ရက်စ်၊ ကွင်းလယ်မှာ ယိုကုရှလူ၊ ကာရာမန်၊ တူဖန်၊ ယာဇီချီ၊ ချလနောဂလူ၊ တိုက်စစ် မှာတော့ ယီလ်မက်ဇ် တို့ပါဝင်လာပါတယ်။ အိမ်ကွင်း ပရိသတ် အားသာချက် ရှိနေတဲ့အပြင် ကစားပုံ ပိုကောင်းပြီး အချိတ်အဆက်လည်း မိခဲ့တဲ့ အီတလီတို့ ပထမပိုင်းမှာ ကတည်းက တူရကီ ဘက်ကို ဂိုးပေါက် ခြိမ်းခြောက်မှု ၁၀ ကြိမ်ထက် မနည်း ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူး အင်ဆစ်ဂ်ညီ၊ အင်မိုဘီလီ၊ ဘာရက်ဒီ ၃ ဦးစလုံး အပိုင်အခွင့်အရေး ကိုယ်စီဖြုန်းတီးခဲ့တာ အပြင် ဂိုးသမား ချက်ကာရဲ့ ကာကွယ်မှုတွေကြောင့် အီတလီတို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒုတိယပိုင်း မှာတော့ နှစ်သင်းစလုံး လူစားလဲလှယ်မှု တချို့ ပြုလုပ်ခဲ့ပြီး ဖလော်ရန်ဇီ အစား ဂျီယိုဗင်နီ ဒီလော်ရန်ဇို ဝင်လာခဲ့ချိန် မှာတော့ အီတလီတို့ ကစားပုံ ပိုသွက်လာခဲ့ပါတယ်။ ပွဲချိန် ၅၃ မိနစ်မှာ တောင်ပံကနေ ဘာရက်ဒီ ချိုးပေးတဲ့ ဘောလုံးကို တူရီကီ ခံစစ်က ဒါမီရယ် တားဆီးရာကနေ ကိုယ့်ဂိုးကိုယ် သွင်းမိခဲ့လို့ အီတလီတို့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲ့နောက် ၆၆ မိနစ်မှာ စပင်နာဇိုလာရဲ့ ကြိုးပမ်းမှုကနေ ကိုင်ရို အင်မိုဘီလီ ကတော့ ထပ်မံ အဆုံးသတ်ပေးခဲ့သလို ၇၉ မိနစ်မှာ အင်မိုဘီလီရဲ့ အကွက်မြင်မြင် ထိုးပေးတဲ့ ဘောလုံးကို အင်ဆစ်ဂ်ညီက ဂိုးသမားရဲ့ အဝေးတိုင်ဘက်ကို လှလှပပ ဝေ့ဝိုက်ကန်သွင်းပြီး တတိယဂိုး သွင်းယူပေးခဲ့လို့ ၀-၃ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။
 

 

ပွဲစဉ်ရဲ့ ကြယ်ပွင့်ကစားသမား – လီယိုနာဒို စပင်နာဇိုလာ

အရင်ဆုံး ဒီနေ့ပွဲမှာ ကြယ်ပွင့်ကစားသမားဆု ရရှိခဲ့တဲ့ စပင်နာဇိုလာရဲ့ ခြေစွမ်းကို အရင်ဆုံး ချီးကျူးရမှာ ဖြစ်ပါတယ်။ ပွဲချိန်အတွင်း အစီအစဉ် တင်ဆက်သူတွေ ဆီက စပင်နာဇိုလာ ဆိုတဲ့ နာမည်ကို အကြိမ်ကြိမ် ကြားခဲ့ရတဲ့ အထိ ရိုးမား ဘယ်နောက်ခံလူရဲ့ စွမ်းဆောင်ရည်က တော်တော်လေးကို ကောင်းမွန်ခဲ့ပါတယ်။ ပထမပိုင်းရော ဒုတိယပိုင်းမှာပါ တူရကီ နောက်ခံလူတွေကို အလုပ်ရှုပ်စေခဲ့သလို ကိုယ်တိုင် ဂိုးရဖို့ နီးစပ်ခဲ့ပြီး ချက်ကာ ပုတ်ရာက ပြန်ထွက်လာတဲ့ ဘောလုံးကို ကိုင်ရို အင်မိုဘီလီ သွင်းယူနိုင်ဖို့ အကောင်းဆုံး ပြန်လည်ဖန်တီးပေးခဲ့သူ ဖြစ်လို့ ဒီဆုနဲ့ ထိုက်တန်ခဲ့ပါတယ်။ အီတလီရဲ့ ကြောက်စရာ အကောင်းဆုံး ကစားသမားလို့ ယူအီးအက်ဖ်အေ နည်းစနစ် အကြံပေး ကမ်ဘီယာဆို ကိုယ်တိုင် ချီးကျူးတာ ခံခဲ့ရတဲ့ ကစားသမား ဖြစ်ပါတယ်။ အီတလီ ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်လို့ အထူးတလည် ပြောစရာ မလိုပေမယ့် ဒီပွဲနဲ့ ပတ်သတ်တဲ့ ထူးခြားချက် တချို့ကိုတော့ ပြောရပါမယ်။
 

ပွဲစဉ်ရဲ့ ထူးခြားချက်တချို့

တူရကီတို့ လက်ရှိ ယူရို ၂၀၂၀ အဖွင့်ပွဲ အပါအဝင် ယူရိုပြိုင်ပွဲ ကစားခွင့်ရခဲ့တဲ့ ၅ ကြိမ်စလုံး အဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ယူရို ပြိုင်ပွဲရဲ့ အုပ်စုအဖွင့် ပွဲစဉ် ၅ ပွဲကစားခဲ့ပြီး ၅ ပွဲစလုံး ရှုံနိမ့်ခဲ့တဲ့ တူရကီ

တူရကီတို့ လက်ရှိ ယူရို ၂၀၂၀ အဖွင့်ပွဲ အပါအဝင် ယူရိုပြိုင်ပွဲ ကစားခွင့်ရခဲ့တဲ့ ၅ ကြိမ်စလုံး အဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၂၁ ပွဲမှာ တတိယမြောက် ရှုံးပွဲကြုံခဲ့ရတာ ဖြစ်ပါတယ်။ နောက်ခံလူ ဒါမီရယ် ကတော့ ယူရို သမိုင်းမှာ ၁၀ ယောက်မြောက် ကိုယ့်ဂိုးကိုယ် သွင်းယူသူ ဖြစ်လာပါတယ်။

အီတလီတို့ ယူရို ၂၀၂၀ အဖွင့်ပွဲမှ ပထမဆုံး အကြိမ် ဂိုးပြတ် အနိုင်ရခဲ့တာ အပြင် ၂၈ ပွဲ ရှုံးပွဲမရှိ စံချိန်နဲ့ အတူ နောက်ဆုံး ၉ ပွဲဆက် ပေးဂိုးမရှိ စံချိန် ကိုလည်း ဆက်လက် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အဲ့ဒီ ၉ ပွဲမှာ သွင်းဂိုး ၂၈ ဂိုး အထိ ရရှိခဲ့ပါတယ်။ အဇူရီတို့ အင်မိုဘီလီ ဂိုးသွင်းခဲ့တဲ့ ၁၂ ပွဲစလုံး နိုင်ပွဲ ရရှိခဲ့တာကလည်း ထူးခြားချက် တစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် တူရကီနဲ့ တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၁ ပွဲ စလုံး ရှုံးပွဲ မရှိခဲ့ပဲ ၈ ပွဲနိုင်၊ ၃ ပွဲ သရေကျခဲ့ပါတယ်။ 
 

လာမယ့် ပွဲစဉ်များ

တူရကီတို့ လာမယ့် ဇွန်လ ၁၆ ရက်နေ့မှာ ဝေးလ်စ်နဲ့ အရေးကြီးတဲ့ ပွဲစဉ် ဆက်ကစားဖို့ ရှိပြီး အီတလီ ကလည်း ဆွစ်ဇာလန်နဲ့ တွေ့ဆုံနေလို့ ယူရို ၂၀၂၀ အုပ်စု (A)ရဲ့ ပွဲကောင်းတွေ ဆက်လက် ရှုစားရဦးမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်