နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝေးလ်စ် အသင်းရဲ့ သမိုင်းကြောင်းနဲ့ သိထားသင့်သော အချက်အလက်များ | ၂၀၂၂ ကမ္ဘာ့ဖလား

countdown banner

အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် ဝေးလ်စ် အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဝေးလ်စ် လက်ရွေးစင် အသင်း အကျဉ်းချုပ်

ဝေးလ်စ်ဟာ ၁၈၇၆ ခုနှစ်မှာ နိုင်ငံတကာ ဘောလုံးပွဲ စတင်ကစားခဲ့ပြီး အင်္ဂလန်နဲ့ စကော့တလန် တို့ပြီးရင် ကမ္ဘာ့ တတိယမြောက် သက်တမ်း အရင့်ဆုံး နိုင်ငံလက်ရွေးစင်အသင်းလည်း ဖြစ်ပါတယ်။ ဘောလုံး စောစော ကစားပေမယ့် ဆုဖလား အောင်မြင်မှုတော့ အခုချိန်အထိ မယ်မယ်ရရ မရဘူးသေးတဲ့ အသင်း ဆိုရင်လည်း မမှားပါဘူး။

၆၄ နှစ် အကြာမှ ကမ္ဘာ့ဖလား ပြန်လည် ကစားခွင့်ရခဲ့တဲ့ ဝေးလ်စ်တို့ရဲ့ ခြေစစ်ပွဲ ဖြတ်သန်းမှုက အရမ်းတော့ မဖြောင့်ဖြူးခဲ့ပါဘူး။ ဥရောပဇုန် အုပ်စု E ရဲ့ ဒုတိယနေရာ ရခဲ့လို့ Play-Off ဆက်ကစားခွင့်ရခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ဘေးလ်ရဲ့ သွင်းဂိုးတွေနဲ့ ဩစတြီးယားကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ အဲ့‌နောက် Play-Off ဗိုလ်လုပွဲမှာ ပြည်သူတွေရဲ့ စစ်ဘေး အပူမီးတွေကို ကမ္ဘာ့ဖလား ကစားခွင့်နဲ့ ဖြေသိမ့်ပေးချင်နေတဲ့ ယူကရိန်းနဲ့ ထိပ်တိုက် တွေ့ဆုံခဲ့လို့ ပိုပြီး ခက်ခက်ခဲခဲ ကစားခဲ့ရပါသေးတယ်။ ဒါပေမယ့်လည်း ယူကရိန်း အသင်းခေါင်းဆောင် ယာမိုလန်ကိုရဲ့ အစိုးရိမ်လွန်မှု အပြင် ဝါရင့် ဂိုးသမား ဝိန်း ဟန်နက်ဆီရဲ့ လက်စွမ်းပြမှုတွေကြောင့် ဝေးလ်စ်တို့ ကံကောင်းစွာနဲ့ ကာတာ သွားခွင့် လက်မှတ်ရခဲ့တာ ဖြစ်ပါတယ်။

တစ်ချက်ရှိတာက ဝေးလ်စ်ဟာ ဘေးလ်၊ ရမ်ဆေး၊ ဒန်ဂျိမ်းစ်၊ ကီဖာမော၊ ဘန်ဒေးဗီးစ် တို့အပြင် ပရီးမီးယားလိဂ်နဲ့ ချန်ပီယံရှစ်မှာ ကျင်လည်နေတဲ့ ကစားသမား အများစုနဲ့ စုဖွဲ့ထားတာကြောင့် အတိုင်းအတာ တစ်ခု အထိ တောင့်တင်းတဲ့ အသင်း ဖြစ်ပါတယ်။ နိုင်လိုစိတ်လည်း ပြင်းထန်ပြီး ပြိုင်ဘက်တိုင်းကို ခပ်မာမာ တုန့်ပြန်တတ်တဲ့ ဝေလ နဂါးတို့ အများစုရဲ့ ကြိုတင် ခန့်မှန်းချက်တွေနဲ့ ဆန့်ကျင်ပြီး ရှုံးထွက်အဆင့်ကို တက်လှမ်းသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။


၂၀၂၂ ကာတာ ကမ္ဘာ့ဖလားဟာ ဝေးလ်စ် အတွက် သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ဝင်ရောက် ကစားခွင့်ရတဲ့ ကမ္ဘာ့ဖလား ဖြစ်ပါတယ်။
၁၉၅၈ ဆွီဒင် ကမ္ဘာ့ဖလားမှာ ကွာတားဖိုင်နယ် အထိ အမြင့်ဆုံး တက်လှမ်းနိုင်ခဲ့ဖူးတဲ့ ဝေးလ်စ်

အမည်ပြောင် – နဂါးများ

အဖွဲ့ချုပ် – ဝေးလ်စ် ဘောလုံး အဖွဲ့ချုပ် (FAW)

စတင် တည်ထောင်သည့် ခုနှစ် – ၁၈၇၆

အရောင် – အနီရောင်၊ အဝါရောင်နှင့် အစိမ်းရောင်

နည်းပြချုပ် – ရောဘတ် ပေ့ချ်

အသင်းခေါင်းဆောင် – ဂါရက်သ်ဘေးလ်

ပွဲအများဆုံး ကစားထားသူ – ခရစ္စတိုဖာ ရော့စ် ဂန်တာ (၁၀၉ ပွဲ)

ဂိုးအများဆုံး သွင်းထားသူ – ဂါရက်သ်ဘေးလ် (၃၉ ဂိုး)

ဖီဖာ အဆင့် ရပ်တည်မှု – ၁၉ (၂၀၂၂ ခုနှစ် ဇွန်လ အထိ)

လာလီဂါ
ဘာစီလိုနာ
ဗယ်လက်ကာနို
ဘာစီလိုနာ အာရှ ဟန်းဒီးကပ် -1.75 @ 1.93
1X2 ဘာစီလိုနာ@ 1.23
ဂိုးပေါ် 3.00 @ 1.94
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပထမဦးဆုံး နိုင်ငံတကာပွဲ

စကော့တလန် ၄-၀ ဝေးလ်စ် (မတ် ၂၅ ရက်၊ ၁၈၇၆ ခုနှစ်)


အကြီးမားဆုံး နိုင်ပွဲ

ဝေးလ်စ် ၁၁-၀ အိုင်ယာလန် (မတ်လ ၃ ရက်၊ ၁၈၈၈ ခုနှစ်)


အကြီးမားဆုံး ရှုံးပွဲ

စကော့တလန် ၉-၀ ဝေးလ်စ် (ဒီဇင်ဘာလ ၂၁ ရက်၊ ၁၈၇၈ ခုနှစ်)


ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု

၂၀၂၂ ကာတာ ကမ္ဘာ့ဖလားဟာ ဝေးလ်စ် အတွက် သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ဝင်ရောက် ကစားခွင့်ရတဲ့ ကမ္ဘာ့ဖလား ဖြစ်ပါတယ်။ ဖီဖာ အဖွဲ့ဝင် ဖြစ်လာပြီးနောက် ၁၉၅၀ ကမ္ဘာ့ဖလားကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရဖို့ ကြိုးပမ်းခဲ့ပေမယ့် ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။ ၁၉၅၄ မှာလည်း ထိုနည်းလည်းကောင်းပါပဲ။ ၁၉၅၈ ဆွီဒင် ကမ္ဘာ့ဖလား မှာတော့ ပထမဦးဆုံး အကြိမ် ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။ အဲ့နောက် ၁၉၆၂ ကနေ ၂၀၁၈ ခုနှစ် အထိ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပဲ နှစ်ပေါင်း ၆၀ ကျော် အကြာ အခု ၂၀၂၂ ကမ္ဘာ့ဖလားမှ ပြန်လည် ကစားခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ဝေးလ်စ်တို့ ၂၀၂၂ ကမ္ဘာ့ဖလား ကိုတော့ အင်္ဂလန်၊ အီရန်နဲ့ အမေရိကန်တို့ ပါဝင်တဲ့ အုပ်စု B ကနေ ဝင်ရောက် ယှဉ်ပြိုင်ရဖို့ ရှိပြီး ရှုံးထွက်တက်ရေး အတွက် အမေရိကန်နဲ့ အဓိက ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။


အခြား အောင်မြင်မှု

ဝေးလ်စ်တို့ ကမ္ဘာ့ဖလား မှာပဲ မအောင်မြင်တာ မဟုတ်ပါဘူး။ အခြား နိုင်ငံအဆင့် ပြိုင်ပွဲတွေ မှာလည်း တစ်ကြိမ် တစ်ခါမှ ချန်ပီယံဆု မရဖူးသေးပါဘူး။ လက်ဆုပ် လက်ကိုင် ပြလို့ ရတဲ့ အောင်မြင်မှု ဆိုလို့ ဖျက်သိမ်းခဲ့တာ ကြာပြီ ဖြစ်တဲ့ ဗြိတိန်ဟုမ်း ချန်ပီယံရှစ်မှာ ၁၂ ကြိမ် ဗိုလ်စွဲထားတာပဲ ရှိပါတယ်။


ကစားမည့် ရက်

အမေရိကန် – ဝေးလ်စ် (နိုဝင်ဘာ ၂၂)

ဝေးလ်စ် – အီရန် (နိုဝင်ဘာ ၂၅)

ဝေးလ်စ် – အင်္ဂလန် (နိုဝင်ဘာ ၃၀)


ချန်ပီယံ ဖြစ်ရန် အလေးပေးမှု

+၁၀၀၀၀


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်