နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အာဂျင်တီးနား အသင်းရဲ့ သမိုင်းကြောင်းနဲ့ သိထားသင့်သော အချက်အလက်များ | ၂၀၂၂ ကမ္ဘာ့ဖလား

countdown banner

အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အာဂျင်တီးနား အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။


အာဂျင်တီးနား လက်ရွေးစင်အသင်း အကျဉ်းချုပ်

ဘောလုံးနဲ့ ပတ်သက်လာရင် နာမည်ကြီး နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ အာဂျင်တီးနား ကတော့ ကမ္ဘာ့ဖလားမှာ ၁၉၈၆ တုန်းက တစ်ကြိမ် ဗိုလ်စွဲထားခဲ့ဖူးတဲ့ အသင်းဖြစ်ပါတယ်။ အဓိက ပြိုင်ပွဲကြီးတိုင်းမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ အာဂျင်တီးနားတို့ အဲဒီနောက်ပိုင်း ကတည်းက ကမ္ဘာ့ဖလား အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့ပြီး အမြင့်ဆုံး အနေနဲ့ ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂေါ့ဇီရဲ့ အချိန်ပို သွင်းဂိုးနဲ့ ဂျာမနီကို ကပ်ရှုံးခဲ့တာကြောင့် အာဂျင်တီးနားတို့ ဒုတိယဆုနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။

လက်တင်ဘာသာစကားနဲ့ La Albiceleste၊ တနည်းအားဖြင့် အဖြူရောင်နဲ့ မိုးပြာရောင်တွေလို့ နာမည်ပြောင် ခေါ်ဆိုကြတဲ့ အာဂျင်တီးနား လက်ရွေးစင် အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလား ကိုတော့ တောင်အမေရိကဇုန် ကနေ လွယ်လင့်တကူ ခြေစစ်ပွဲ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ လက်တလော လူငယ် နည်းပြ လီယွန်နယ် စကယ်လိုနီနဲ့ အတူ မထင်မှတ်တာတွေ လုပ်ပြပြီး နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့တဲ့ ကိုပါအမေရိကဖလား ကိုတောင် တကျော့ပြန် ဆွတ်ခူးထားတဲ့ အသင်း ဖြစ်တာကြောင့်လည်း လျှော့တွက်လို့တော့ မရပါဘူး။ နောက်ပြီး ဘောလုံး သမိုင်းရဲ့ ထာဝရ အကောင်းဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီ ကလည်း ကစားသမား ဘဝ ကနေ အနားမယူခင် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပထမဦးဆုံး အကြိမ် ကိုင်မြှောက်ခွင့်ရရေး ရေကုန်ရေခမ်း ကြိုးစားလာဦးမှာ သေချာပါတယ်။ ဒီအချက်တွေကြောင့်ပဲ အာဂျင်တီးနားဟာ လာမယ့် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားရဲ့ မဖြစ်မနေ စောင့်ကြည့်ရမယ့် အသင်း တစ်သင်း အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

အမည်ပြောင် – အဖြူရောင်နဲ့ မိုးပြာရောင်များ

အဖွဲ့ချုပ် – အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်

အရောင် – အဖြူနဲ့ မိုးပြာရောင်

နည်းပြချုပ် – စကယ်လိုနီ

အသင်းခေါင်းဆောင် – မက်ဆီ

ပွဲအများဆုံးကစားထားသူ – မက်ဆီ (၁၆၂ ပွဲ)

ဂိုးအများဆုံးသွင်းထားသူ – မက်ဆီ (၈၆ ဂိုး)

ဖီဖာအဆင့်ရပ်တည်မှု – ၃ (၂၀၂၂ ခုနှစ် ဇူလိုင်လ အထိ)


ပထမဆုံးနိုင်ငံတကာပွဲ

နောက်ပြီး ဘောလုံး သမိုင်းရဲ့ ထာဝရ အကောင်းဆုံး အဖြစ် သတ်မှတ်ခံထားရတဲ့ မက်ဆီ ကလည်း ကစားသမား ဘဝ ကနေ အနားမယူခင် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ပထမဦးဆုံး အကြိမ် ကိုင်မြှောက်ခွင့်ရရေး ရေကုန်ရေခမ်း ကြိုးစားလာဦးမှာ သေချာပါတယ်။
ကိုပါအမေရိကနဲ့ ဖိုင်နယ်လစ်ဆီမာ ချန်ပီယံဆုတွေကို ပူပူနွေးနွေး ကိုင်မြှောက်ထားတဲ့ လီယွန်နယ် မက်ဆီ

အာဂျင်တီးနား ၆-၀ ဥရုဂွေး (ဇွန်လ ၂၀ ရက်၊ ၁၉၀၂ ခုနှစ်)


အကြီးမားဆုံးနိုင်ပွဲ

အာဂျင်တီးနား ၁၂-၀ အီကွေဒေါ (ဇန်နဝါရီ ၂၂ ၊ ၁၉၄၂ ခုနှစ်)


အကြီးမားဆုံးရှုံးပွဲ

ချက် ၆-၁ အာဂျင်တီးနား (ဇွန် ၁၅၊ ၁၉၅၈ ခုနှစ်)


ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု

အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားကို ၁၉၃၀ ခုနှစ်မှာ ကတည်းက စပြီး ဝင်ရောက် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၈ နဲ့ ၁၉၈၆ ခုနှစ်မှာ ကမ္ဘာ့ဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပြီး ပြိုင်ပွဲ သမိုင်း တစ်လျှောက် အအောင်မြင်ဆုံး အသင်းတွေ ထဲက တစ်သင်း ဖြစ်ခဲ့ပါတယ်။ ဒုတိယ ၃ ကြိမ် အထိ ရှိခဲ့ဖူးတာကို ကြည့်ရင် အာဂျင်တီးနားဟာ ကမ္ဘာ့ဖလားမှာ အစဉ်အလာ မသေးတဲ့ အသင်း ဆိုတာ မဖြစ်မနေ လက်ခံရမယ့် အချက်တစ်ချက် ဖြစ်ပါတယ်။ အာဂျင်တီးနားဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲကို အခု တစ်ကြိမ်နဲ့ ဆိုရင် ၁၂ ကြိမ် ဆက်တိုက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရထားတာလည်း ဖြစ်ပါတယ်။ မက္ကဆီကို၊ ပိုလန်၊ ဆော်ဒီ အာရေဗျတို့ ပါဝင်တဲ့ အုပ်စု C မှာ ကျရောက်နေတာကြောင့်တော့ အာဂျင်တီးနားတို့ ကြီးကြီးမားမား အမှားမလုပ်ရင် နောက်တစ်ဆင့် တက်ဖို့ အခက်အခဲ မရှိနိုင်ဘူးလို့တောင် ပြောလို့ ရပါတယ်။


အခြား အောင်မြင်မှု

ကမ္ဘာ့ဖလားရဲ့ အအောင်မြင်ဆုံး အသင်း ဘရာဇီးလ်ရဲ့ အဓိက ပြိုင်ဘက် ဖြစ်သလို တောင်အမေရိကဇုန်ရဲ့ ဒိတ်ဒိတ်ကြဲ အသင်းကြီး တစ်သင်း ဖြစ်တဲ့ အာဂျင်တီးနားဟာ ကိုပါအမေရိကဖလားမှာ ၁၅ ကြိမ် ဗိုလ်စွဲထားသလို ဒုတိယ ၁၄ ကြိမ်၊ တတိယ ၅ ကြိမ် အထိ ရရှိခဲ့တဲ့ အသင်း တစ်သင်း ဖြစ်ပါတယ်။ ဖီဖာကွန်ဖက်ဒရေးရှင်းဖလား မှာလည်း ချန်ပီယံ ၁ ကြိမ်၊ ဒုတိယ ၂ ကြိမ် ရခဲ့ဖူးပြီး COMMEBOL-UEFA CUP OF CHAMPIONS အဖြစ် ၁၉၉၃ နဲ့ ၂၀၂၂ ခုနှစ် တို့မှာ ၂ ကြိမ် အောင်ပွဲခံထားပါတယ်။


ကစားမည့် ရက်

အာဂျင်တီးနား – ဆော်ဒီ (နိုဝင်ဘာ ၂၂)

အာဂျင်တီးနား – မက္ကဆီကို (နိုဝင်ဘာ ၂၆)

အာဂျင်တီးနား – ပိုလန် (နိုဝင်ဘာ ၃၀)

ချန်ပီယံ ဖြစ်ရန် အလေးပေးမှု
+၇၅၀


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်