နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ယူ-၁၇ ကမ္ဘာ့ဖလားနဲ့ လေးစားအားကျစရာ အင်ဒိုနီးရှား ဘောလုံးလောကရဲ့ တိုးတက်မှု | ယူ ၁၇ ကမ္ဘာ့ဖလား

countdown banner

အင်ဒိုနီးရှားက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပတဲ့ ကမ္ဘာ့ဖလား ယူ၁၇ ပြိုင်ပွဲ စတင်နေပါပြီ။ အိမ်ရှင် အင်ဒိုနီးရှားက အီကွေဒေါနဲ့ ရင်ဆိုင်ခဲ့ရပြီး ပထမပိုင်းက တဂိုးစီ သရေကျခဲ့ပါတယ်။ အင်ဒိုနီးရှားက အဖွင့်ဂိုး သွင်းခဲ့ပြီး အီကွေဒေါက ပြန်ချေပခဲ့ရတာပါ။ ဒုတိယပိုင်း မှာတော့ ဂိုးထပ်မသွင်းနိုင်ကြတော့ဘဲ သရေနဲ့ ပွဲပြီးသွားပါတယ်။ ဒါဟာ အင်ဒိုနီးရှား အတွက် တကယ်ကို ဂုဏ်ယူစရာ ကောင်းတဲ့ ခြေစွမ်းနဲ့ ရလဒ် တစ်ခုပါ။

အင်ဒိုနီးရှား လူငယ် အသင်းတွေက ခြေစွမ်းပိုင်း တော်တော်လေးကို ကောင်းတာပါ။ စဉ်ဆက်မပြတ် လေ့ကျင့်မှု၊ ဥရောပ အထိ သွားပြီး ခြေစမ်းပွဲတွေ ကစားခဲ့တာရဲ့ အကျိုးဆက်တွေပါ။ တောင်အမေရိကက အီကွေဒေါလို အသင်းမျိုးကို ယူ ၁၇ ကမ္ဘာ့ဖလားမှာ ဒီလောက်ထိ ကစားနိုင်တာပဲ တော်တော်လေး အထင်ကြီးဖို့ ကောင်းနေပါပြီ။ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အင်ဒိုက သက်တမ်း အလိုက် အသင်းတွေ တော်တော်လေး ကောင်းလာတာကို အားလုံးသတိထားမိမှာပါ။ ကစားကွက် တစ်ခုကို ပိုင်ပိုင်နိုင်နိုင် ပုံဖော်နိုင်နေပြီ ဖြစ်ပြီး လက်ပစ်ဘော ကနေပါ ဂိုးရအောင် သူတို့က ကောင်းကောင်း လေ့ကျင့်ပေးထားတာ ကိုပါ တွေ့ရပါလိမ့်မယ်။

ထိုင်းနဲ့ ဗီယက်နမ်ရဲ့ နေရာကို လုယူဖို့ သူတို့က အသင့်ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့ ဆီးဂိမ်းမှာတောင် သူတို့တွေ ရွှေရခဲ့တာပါ။ ဒါဟာ လူငယ်စီမံကိန်းတွေကို စနစ်တကျနဲ့ တည်ဆောက်ပြီး ပျိုးထောင်တယ်၊ အချိန်ယူတယ်၊ လတ်တလော အောင်မြင်မှုထက် ရေရှည်မှာ အားကိုးရမယ့် အစီအစဉ်တွေကို ဦးစားပေးတယ် ဆိုတဲ့ လုပ်ရပ်တွေပါ။ သူတို့ရဲ့ ရည်ရွယ်ချက်ရော၊ လုပ်ဆောင်ချက်ပါ တော်တော်လေး ကောင်းမွန်နေခဲ့တာပါ။ ယူ ၁၇ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အသင်းကမှ တဆင့် လက်ရွေးစင် အသင်းကြီးပါ တိုးတက်လာမယ် ဆိုတာ သေချာပါတယ်။

ပရီးမီးယားလိဂ်
မန်ချက်စတာစီးတီး
လီဗာပူးလ်
1X2 သရေ (Draw) @ 3.75
ဂိုးပေါ် 3.00@ 1.83
ဂိုးပေါင်း 2-3 @ 2.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အင်ဒို အသင်းကြီး ဆိုရင် ကမ္ဘာ့ဖလား ချန်ပီယံ အာဂျင်တီးနားနဲ့ ခြေစမ်းပွဲ ကစားနိုင်တဲ့ အထိ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့က ကြွေးကြော်သံတွေ၊ သူတို့ ပန်းတိုင်တွေကို လူသိရှင်ကြား ပြောတာမျိုး မလုပ်ပါဘူး။ အလုပ်နဲ့ပဲ သက်သေပြခဲ့တာပါ။ ဘောလုံးအဆင့်အတန်း တိုးတက်ချင်ရင် လူငယ်အဆင့်မှာ ကတည်းက အခြေခိုင်မှရမယ် ဆိုတာကို နားလည်တယ်၊ နားလည်တဲ့ အတိုင်းလည်း သူတို့တွေက စနစ်တကျနဲ့ ပြင်ဆင်ပြီးတော့ အားထုတ်လာခဲ့တာက အဆင့်တစ်ခုကို ရောက်လို့နေပါပြီ။

အင်ဒိုနီးရှား ဆိုတာက လုပ်ပွဲ ဂယက်ကြောင့် ၂ နှစ်လောက် ဘောလုံးလောက ကနေ ပိတ်ပင်ခံရဖူးတဲ့ နိုင်ငံပါ။ အဲဒီအချိန်ကစလို့ ပြုပြင်ပြောင်းလဲရေးတွေ ဆက်တိုက် လုပ်ဆောင်ခဲ့ပြီး ဒီနေ့လို အဆင့်မျိုးကို တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ တကယ် ဖြစ်ချင်ရင် တကယ်လုပ်၊ အကောင်အထည်ဖော်၊ ဘာမှအကြားအလပ်မရှိ၊ ယိုပေါက်မရှိအောင်သာ လုပ်ရင် ဖြစ်ကို ဖြစ်မြောက်တယ် ဆိုတာကို အင်ဒိုနီးရှားက သာဓကပြနေတာလည်း ဖြစ်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံအချင်းချင်း တကယ်ကို အားကျစရာ ကောင်းပါတယ်။ အခုဆိုရင် အင်ဒိုနီးရှားရဲ့ သက်တမ်း အလိုက် လူငယ်အသင်းတွေက အာဆီယံမှာ ထိပ်တန်း အဆင့် ဖြစ်လာပါပြီ။ ထိုင်းနဲ့ ဗီယက်နမ် ကိုတောင် သူတို့က ရင်ဘောင်တန်းလာနေပါပြီ။

ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ဆိုရင် စေတနာမှန်ရမယ်၊ တကယ် အလုပ်လုပ်ရမယ်၊ ခွဲခြားမှုတွေ မရှိရဘူး ဆိုတဲ့ အချက်တွေက အရေးပါပါတယ်။ ဒါကို အင်ဒိုနီးရှားက မှန်မှန်ကန်ကန် လုပ်နေခဲ့ပါတယ်။ ဒီ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သူတို့ ရလဒ်မကောင်းခဲ့ရင်တောင်မှ အတွေ့အကြုံတွေ အများကြီးရမှာပါ။ ဒီကနေ တဆင့် သင်ယူပြီး ရှေ့ဆက်တက်ဖို့ရာ ခွန်အားတွေ၊ ပညာတွေ၊ အသိပညာတွေလည်း အများကြီးရပါလိမ့်မယ်။ အင်ဒိုနီးရှား အတွက် အရှုံးမရှိပါဘူး။ သူတို့ရဲ့ ဘောလုံးလောကက တဖြည်းဖြည်းနဲ့ တက်ရိပ်ပြနေပြီး အာဆီယံ အဆင့် ကနေ အာရှအဆင့်ကို ထိုးဖောက်နိုင်ဖို့ရာ ကလည်း သိပ်မဝေးလှတော့ဘူးလို့ ထင်မိပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်