နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပြဇာတ်ဆန်ဆန် ပျော်ရွှင်စရာ အဆုံးသတ်နဲ့ ပြည်ဖုံးကားချခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား

countdown banner

လေးနှစ်မှ တစ်ကြိမ် ကျင်းပတဲ့ ကမ္ဘာ့ဖလား ကတော့ ထုံးစံ အတိုင်း ဒရာမာပေါင်းများစွာနဲ့ ပရိသတ်တွေကို ရင်ခုန်စိတ်လှုပ်ရှားစေခဲ့ပြီး နောက်ထပ် တစ်ကြိမ်ပြည်ဖုံးကားချသွားခဲ့ပါပြီ။

ကျနော့်ရဲ့ အသက်အရွယ်အရ ဆိုရင် ကမ္ဘာ့ဖလား ဆိုတဲ့ ပြိုင်ပွဲကို ၂၀၁၀ ကမှ အသေအချာ စပြီး ကြည့်ဖြစ်တယ်လို့ပဲ ဝန်ခံရမှာပါ။ ပြောရရင် ဝါကာ၊ ဝါကာတို့ Wavin’ Flags တို့နဲ့ စတယ်ပေါ့ဗျာ။ အဲ့တုန်းက ဗိုလ်လုပွဲမှာ ပြင်သစ်နဲ့ အီတလီတွေ့ခဲ့ပြီးတော့ ဇီဒန်းနဲ့ မာတာရာဇီတို့ရဲ့ ရန်ပွဲကလည်း သိပ်ပြီး စိတ်ဝင်စားဖို့ ကောင်းခဲ့တယ်။ အဲ့ပွဲမှာတော့ ကနဗားရိုး၊ ဂတ်တူဆိုတို့ ဦးဆောင်တဲ့ အီတလီတို့ ချန်ပီယံ ဖြစ်ခဲ့တယ်။ အဲ့နောက် ၂၀၁၄ ဘရာဇီးလ် ကမ္ဘာ့ဖလားပေါ့။ သိပ်ပြီး Strong နေသလို အိမ်ရှင်လည်း ဖြစ်တဲ့ ဘရာဇီးလ်တို့ ဂျာမနီကို ၇-၁ နဲ့ ရှုံးခဲ့တဲ့ ပွဲကတော့ အမှတ်တရ အရှိဆုံးပဲ။ ဗိုလ်လုပွဲမှာ မက်ဆီရဲ့ အာဂျင်တီးနားနဲ့ တွေ့ခဲ့ပြီး ပွဲလည်း ကောင်းခဲ့ပေမယ့် ဂျာမနီရဲ့ Peak Form ရောက်နေတဲ့ ခြေစွမ်းကြောင့် သိပ်ပြီး ရင်မခုန်ခဲ့ရဘူး။ ဒီလိုနဲ့ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလားလည်း ဆက်ကြည့် ဖြစ်ခဲ့တယ်။ ပြင်သစ်က အိမ်ရှင် ဖြစ်သလို လူစာရင်း ကလည်း ပေါ့ဘာ၊ ကန်တေ၊ အမ်ဘာပေး၊ ဂရစ်ဇ်မန်း တို့နဲ့ အတောင့်တင်းဆုံး ရှိခဲ့လို့ ပွဲမစခင် ကတည်းက ရေပန်းအစားဆုံး ဖြစ်ခဲ့တယ်။ အင်္ဂလန်၊ ဘယ်လ်ဂျီယံ၊ ခရိုအေးရှား တို့ရဲ့ ခြေစွမ်းတွေ ကလည်း အတိုင်းအတာ တစ်ခု အထိ ကောင်းခဲ့လို့ ရင်ခုန်စရာတော့ ရှိခဲ့ပေမယ့် နောက်ဆုံး မှာတော့ အများ ထင်ထားသလိုပဲ ဒက်စ်ရွှမ့်စ်ရဲ့ အသင်း ဗိုလ်စွဲခဲ့တယ်။ ထားပါ။ ဒါတွေက ကျနော့်ရဲ့ ကမ္ဘာ့ဖလား အတွေ့အကြုံ တစ်စိတ်တစ်ပိုင်းပေါ့။

ပြောချင်တာက အခုမှ စတာ။ ဒီနှစ် ကမ္ဘာ့ဖလားကို အာရှနိုင်ငံ ဖြစ်တဲ့ ကာတာမှာ ကျင်းပခဲ့လို့ အဆင်ပြေပါ့မလားလို့ တွေးခဲ့မိတယ်။ တွေးထားတဲ့ အတိုင်းပဲ ဖွင့်ပွဲက တော်တော်လေး အရောင်မှိန်ခဲ့ပြီး တခြားသော အဆင်မပြေမှုတွေလည်း ဖတ်ရ၊ ကြားရတော့ သိပ်တော့ သဘောမတွေ့ခဲ့ဘူး။ ဒါပေမယ့်လည်း ဘောလုံးကို အားပေးတဲ့သူ တစ်ယောက် ဆိုတော့ ဘောလုံးပွဲတွေ ကိုပဲ တတ်နိုင်သမျှ မလွတ်အောင် ကြည့်ခဲ့တယ်။ အုပ်စုအဆင့် ကနေ ဗိုလ်လုပွဲ အထိ မကြည့်ဖြစ်လို့ လွတ်သွားတဲ့ ပွဲ ၁ ပွဲလား၊ ၂ ပွဲလားတော့ ရှိတာပေါ့။ အဓိက ကတော့ အာရှ အသင်းတွေရဲ့ ခြေစွမ်းပြမှုတွေကြောင့် ကြည့်ရတာ ပိုပြီး အားပါခဲ့သလို ထာဝရ အကောင်းဆုံး ကစားသမားတွေနဲ့ နောက်ဆုံး ကမ္ဘာ့ဖလား ဖြစ်တာကြောင့်လည်း ပိုပြီး ရင်ခုန်ခဲ့ရပါတယ်။ အုပ်စု အဆင့်မှာ သိပ်ပြီး အထွေအထူး ပြောစရာ မရှိခဲ့ပေမယ့် အုပ်စု နောက်ဆုံး ပွဲစဉ်တွေ ကတော့ စပရိုက်စ် ဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း ဘယ်လ်ဂျီယံနဲ့ ဂျာမနီက လွဲလို့ တခြား အသင်းကြီး အားလုံး ရှုံးထွက်တက်ခဲ့တော့ သိပ်ပြီး မထူးဆန်းခဲ့ပါဘူး။

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
လီဗာပူးလ်
ပထမပိုင်း 1X2 လီဗာပူးလ် @ 2.35
အက်စတန် ဗီလာ အာရှ ဟန်းဒီးကပ် 0.75 @ 2.02
ဂိုးပေါ် 3.00 @ 2.06
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဆိုးတာက ကွာတားဖိုင်နယ်လည်း ကစားရော ကိုယ်သဘောကျပါတယ် ဆိုတဲ့ ဘရာဇီးလ်က ခရိုအေးရှားကို လျှော့တွက်မိလို့ ဆုံးရှုံးမှု ကြီးမားခဲ့သလို ဂုတ်ကြီး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပေါ်တူဂီ ကလည်း မော်ရိုကိုရဲ့ နှိပ်စက်မှုကြောင့် အိမ်ပြန်ခဲ့ရပါလေရော။ ရော်နယ်ဒိုနဲ့ နေမာ တို့ရဲ့ မျက်ရည်တွေကို မြင်ခဲ့ရလို့လည်း စိတ်မကောင်း ဖြစ်မိခဲ့တယ်ပေါ့။ တစ်ဖက်မှာ Third Choice ပြင်သစ် ကတော့ နာမည်ကြီး ထမင်းငတ် အင်္ဂလန်ကို အနိုင်ယူပြီး ဆီမီးတက်ခဲ့တယ်။ ဘာပဲပြောပြော ကိုယ်အားပေးတဲ့ တစ်သင်း ကျန်သေးတော့ ခံသာခဲ့တယ် လို့ပဲ ဆိုရမယ်။ ဒီလိုနဲ့ ဆီမီးဖိုင်နယ်မှာ ကိုယ်အားပေးတဲ့ ပြင်သစ်က ကစားရခက်ပါတယ် ဆိုတဲ့ မော်ရိုကို,ကို အနိုင်ယူပြီး ဗိုလ်လုပွဲ ၂ ကြိမ်ဆက် တက်ရောက်နိုင်ခဲ့သလို တစ်ဖက်မှာလည်း လီယိုရဲ့ အာဂျင်တီးနား ကလည်း ကစားပုံ ကျစ်လျစ်ပါတယ်၊ ဆမ်ဘာတွေကို ကျော်ဖြတ်လာတယ် ဆိုတဲ့ ခရိုအေးရှားကို ဂိုးပြတ်ပါ တီးပြီး ဖိုင်နယ် ရောက်ခဲ့တယ်။

ဒီအချိန်မှာ ပွဲက အရမ်းကို လှသွားခဲ့ပြီ။ နှစ်သင်းစလုံးက ဂျာဆီ ရင်ဘတ် လိုဂိုပေါ်မှာ ကြယ် ၂ ပွင့်စီနဲ့ ဘယ်အသင်းက ကြယ်တစ်ပွင့် ထပ်တိုးမလဲ ဆိုတာ အဆုံးအဖြတ်ပေးမယ့်ပွဲ။ တစ်ဖက်မှာ ပြင်သစ် အတွက် ဆိုရင် ကမ္ဘာ့ဖလား ၂ ကြိမ်ဆက်ရတဲ့ အသင်း အဖြစ် မှတ်တမ်းဝင်ဖို့ မျှော်လင့်ချက် ဖြစ်သလို တစ်ဖက်က အာဂျင်တိုင်းသားတို့ အတွက် ဆိုရင်လည်း ၃၆ နှစ် အကြာမှ ကမ္ဘာ့ဖလားကို ပြန်လည် ကိုင်မြှောက်ခွင့်ရမယ့် အခွင့်အရေး ဖြစ်သလို အားလုံးက ထာဝရ အကောင်းဆုံး ကစားသမားလို့ သတ်မှတ်ထားကြတဲ့ မက်ဆီ အတွက်လည်း သူမရဖူးသေးတဲ့ ဆုဖလားနဲ့ စံချိန်တွေ ပိုင်ဆိုင်ခွင့်ရမယ့် မျှော်လင့်ချက် ဖြစ်ခဲ့တယ်။ အမ်ဘာပေး ဆိုရင်လည်း အသက် ၂၃ နှစ်နဲ့ ကမ္ဘာ့ဖလား ၂ ကြိမ် ရတဲ့ ကစားသမား ဖြစ်ဖို့ အခွင့်အရေး ရှိခဲ့သလို ဂိုးသွင်းအများဆုံး ကစားသမား၊ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား စတဲ့ ဆုတွေ အတွက် ဂုတ်ကြီး မက်ဆီနဲ့ အပြိုင် ဖြစ်ခဲ့တယ်။

ဒီလို စိတ်ဝင်စားဖို့ ကောင်းတဲ့ အခြေအနေ အရပ်ရပ်မှာ ဗိုလ်လုပွဲကို မျှမျှတတ အားပေးဖို့ ၂ အားပေးဖို့ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ခဲ့တယ်။ ဝန်ခံရရင် ဒီပွဲမှာ ပြင်သစ်ကို ကစားပုံ သဘောကျလို့ အားပေးတာ ဖြစ်ပြီး အာဂျင်တီးနား ကိုတော့ မက်ဆီကြောင့် အားပေးတာပါ။ သေချာတာ ကတော့ နှစ်သင်းစလုံးက ကိုယ့်ရဲ့ ဖေးဘရိတ် အသင်းတွေ မဟုတ်ခဲ့ပါဘူး။

ဒီလိုနဲ့ ပွဲစတော့ မက်ဆီရဲ့ အာဂျင်တီးနားက တစ်ပွဲထက် တစ်ပွဲ ပိုကောင်းလာတဲ့ ခြေစွမ်းနဲ့ ပြင်သစ်ကို ထိန်းချုပ် ကစားနိုင်ခဲ့သလို လိုရစ်ရဲ့ ဂိုးပေါက်ကိုလည်း အကြိမ်ကြိမ် ထိုးဖောက်နိုင်ခဲ့တယ်။ ထင်တဲ့ အတိုင်းပဲ အာဂျင်တီးနားတို့ ၂၃ မိနစ်မှာပဲ ဦးဆောင်ဂိုး စရခဲ့ပြီးတော့ မက်ဆီက ပင်နယ်တီက တစ်ဆင့် သွင်းယူပေးခဲ့တယ်။ ဦးဆောင်ဂိုး ရသွားတဲ့ အချိန်မှာလည်း အာဂျင်တီးနားတို့ပဲ ပွဲကို ဆက်လက် လွှမ်းမိုးထားခဲ့ပြီး ပြင်သစ် ကတော့ ချေပဂိုး ရဖို့ ရရင်ရသလို ထိုးဖောက်ခဲ့တယ်။ ဒါပေမယ့် ၃၆ မိနစ်မှာ ပွဲကြီးတွေဆိုရင် ခြေစွမ်းပြတတ်တဲ့ ဒီမာရီယာ က ဒုတိယ ဦးဆောင်ဂိုး ထပ်သွင်းခဲ့လို့ ပြင်သစ် ပရိသတ်တွေ အတွက် “အိပ်လို့ ရပြီ” လို့တောင် ထင်ခဲ့ပြီး စိတ်ပျက်လက်ပျက်နဲ့ ဆက်ကြည့်ခဲ့တယ်။ ပွဲက တစ်ဖက်သတ် ဆန်သွားတယ်ပေါ့။

အချုပ်အားဖြင့် ပြောရရင် ဖီဖာ ဥက္ကဌ အင်ဖက်တီနိုက ဒီ ကမ္ဘာ့ဖလားဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးလို့ ဆိုခဲ့ပါတယ်။
သမိုင်းတစ်လျှောက် အကောင်းဆုံး ဗိုလ်လုပွဲ ဖြစ်ခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား

ဒါပေမယ့် ကျနော့်ရဲ့ တဒင်္ဂအတွေး မှားသွားခဲ့တာ ပွဲချိန် မိနစ် ၇၀ ကျော်မှ သိလိုက်ရတာပါပဲ။ ပြင်သစ်တို့ အဲ့လောက်ထိ လိုက်လာနိုင်မယ်လို့တောင် မထင်ခဲ့ပါဘူး။ အာဂျင်တီးနား ကစားအား ကျလာတဲ့ အချိန် ပြင်သစ်တို့ တင်ကစားတဲ့ အချိန် ကွက်တိဖြစ်ခဲ့ပြီး လိပ်နင်ဂျာလေး အမ်ဘာပေးက တဒိုင်းဒိုင်း လိုက်သွင်းရင်း ပွဲက ၂-၂ ရလဒ်နဲ့ မိနစ် ၉၀ ပြည့်သွားခဲ့တယ်။

ဒီအချိန်မှာ စင်းနေတဲ့ မျက်လုံးတွေ ပြူးကျယ်လာပြီး ရင်တွေပါ တဒိန်းဒိန်းခုန်လာတော့တာပါပဲ။ မိနစ်တွေ တဖြည်းဖြည်း များလာလေ ပွဲရဲ့ ဇာတ်ရှိန် Tempo က တက်လေ။ လက်ဖျား ခြေဖျားတွေ အေးတဲ့ အထိ ရင်ခုန်ရလေပေါ့။ ဒီလိုနဲ့ ၁၀၈ မိနစ် မှာ မက်ဆီက ဦးဆောင်ဂိုး ထပ်သွင်းလိုက်တော့ အာဂျင်တီးနား ချန်ပီယံ ဖြစ်ပြီပဲ တထစ်ချ တွေးလိုက်မိပြန်တယ်။ ဒီအတွေးကို ပွဲချိန် ၁၁၈ မိနစ်မှာ အမ်ဘာပေးရဲ့ ပင်နယ်တီ သွင်းဂိုးက ဖျက်ဆီးလိုက်ပြီး ၃-၃ ဖြစ်သွားလို့ ပင်နယ်တီ အထိ ဆက်ခဲ့တယ်။ ပင်နယ်တီ မကန်ခင်မှာ ကြိုတွေးမိတာက မာတီနက်ဇ် ရှိတဲ့ အာဂျင်တီးနားတို့ နိုင်သွားလိမ့်မယ် ဆိုတာပါ။ တကယ်လည်း တွေးထားတဲ့ အတိုင်း ဖြစ်ခဲ့ပြီး မာတီနက်ဇ်ရဲ့ လက်စွမ်းပြမှုနဲ့ အတူ အာဂျင်တီးနားတို့ ၄-၂ ရလဒ်နဲ့ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်သွားခဲ့ပါတယ်။

ပွဲအပြီးမှာတော့ မက်ဆီက ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု၊ အမ်ဘာပေးက သွင်းဂိုး ၈ ဂိုးနဲ့ ရွှေဖိနပ်ဆု၊ လက်စွမ်းပြခဲ့တဲ့ မာတီနက်ဇ် ကတော့ ရွှေလက်အိတ်ဆုတွေ အသီးသီးရခဲ့ကြတယ်။ ဒီအချိန်မှာ ဖြစ်လာတဲ့ ခံစားချက် ကို ပြောပါ ဆိုရင်တော့ မက်ဆီရဲ့ ပျော်ရွှင်မှုကို ကြည့်ပြီး ကိုယ်ပါ ပျော်ရွှင်နေတယ် ဆိုတာပါပဲ။ အမှန်အတိုင်း ပြောရရင် အာဂျင်တီးနားကို အရင်ကတည်းက အားမပေးခဲ့ပါဘူး။ ပြောရရင် မက်ဆီ တစ်ယောက်ထဲကြောင့် အာဂျင်တီးနား ဖလားရတာကို ပျော်ရွှင်နေတယ် လို့ပဲ ဝန်ခံရမှာပါ။ နောက်တစ်ချက်က မက်ဆီရဲ့ ကစားဟန်ကို သဘောမကျပေမယ့် မက်ဆီရဲ့ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်ကို သဘောကျတဲ့ ကျနော့် အတွက် ကျေနပ်စရာ ဝမ်းသာပီတိ ဖြစ်စရာ ကမ္ဘာ့ဖလား ဖြစ်ခဲ့တယ်လို့ပဲ ဆိုချင်ပါတယ်။

အချုပ်အားဖြင့် ပြောရရင် ဖီဖာ ဥက္ကဌ အင်ဖက်တီနိုက ဒီ ကမ္ဘာ့ဖလားဟာ သမိုင်းတစ်လျှောက် အကောင်းဆုံးလို့ ဆိုခဲ့ပါတယ်။ ဒါဟာ ရယ်စရာ ဖြစ်ခဲ့ပေမယ့် လုံးဝ အမှားကြီးတော့ မဟုတ်ခဲ့ပါဘူး။ ကာတာ ကမ္ဘာ့ဖလားဟာ အစပိုင်းမှာ စုတ်ပြတ်သတ်ခဲ့သမျှ အဆုံးသတ်ရောက်မှ ဗိုလ်လုပွဲရဲ့ ရင်ခုန်စရာ ဒရာမာတွေနဲ့ ပွဲထိန်းသွားနိုင်ခဲ့တယ်၊ Carry သွားတယ်လို့ မြင်ပါတယ်။

ပြောရရင်တော့ ဖီဖာ အနေနဲ့ အများစု သဘောကျလောက်မယ့် လက်ခံမယ့် Happy Ending တစ်ခုကို ပေးနိုင်ခဲ့တယ်ပေါ့။ တကယ်လည်း ကျနော့် အတွက်တော့ ကြည့်ဖူးသမျှ ကမ္ဘာ့ဖလား ဗိုလ်လုပွဲတွေထဲမှာ ဒီတစ်ကြိမ်က ရင်ခုန် စိတ်လှုပ်ရှားမှု အပေးနိုင်ဆုံး ဖြစ်ခဲ့တယ်လို့သာ ဆိုရင်း…။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်