နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

မန်ချီနီနဲ့ လမ်းခွဲပြီး နည်းပြဟောင်းနဲ့ ပြန်လည် လက်တွဲခဲ့တဲ့ ဆော်ဒီအာရေဗျ | ကမ္ဘာ့ဖလား

ဆော်ဒီအာရေဗျ လက်ရွေးစင် အသင်း ကတော့ နာမည်ကြီး နည်းပြ ရောဘတ်တို မန်ချီနီနဲ့ လမ်းခွဲပြီးနောက် နည်းပြဟောင်း ဖြစ်တဲ့ အယ်ဗီရီနာ့ဒ်ကို ပြန်လည် ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။ ဆော်ဒီအာရေဗျ ဘောလုံး အဖွဲ့ချုပ် အနေနဲ့ လာမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး အတွက် မန်ချီနီကို အားကိုးတကြီး ခေါ်ယူခဲ့ပေမယ့် ထင်ထားသလောက် ရလဒ် မကောင်းတာကြောင့် လမ်းခွဲခဲ့တာလည်း ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၅၆ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ပြင်သစ် နိုင်ငံသား နည်းပြ ရီနာ့ဒ် အနေနဲ့ ဆော်ဒီအာရေဗျကို ၂၀၁၉ ခုနှစ် ဇူလိုင်လ ကနေ ၂၀၂၃ ခုနှစ် မတ်လ အထိ ကိုင်တွယ်ခဲ့ဖူးသူလည်း ဖြစ်သည်။ ဒါပေမယ့်လည်း ဆော်ဒီအာရေဗျ အသင်းဟာ ရီနာ့ဒ်ရဲ့ နေရာမှာ နာမည်ကျော် အီတလီ နည်းပြ မန်ချီနီကို တစ်နှစ် လုပ်ခ လစာ ယူရို ၂၅ သန်း အထိ (အခွန်ဆောင်ရန် မလို) ပေးချေပြီး ခန့်အပ်ခဲ့ပေမယ့်လည်း ၁၄ လ အကြာမှာပဲ နှစ်ဦး သဘောတူ စာချုပ်ဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။ အဲဒီနောက် နည်းပြဟောင်း ဖြစ်သူ ရီနာ့ဒ်ကို ပြန်လည် ခန့်အပ်ကြောင်း အတည်ပြု ကြေညာခဲ့ပြီး စာချုပ်သက်တမ်း ကိုတော့ ဖော်ပြထားခြင်း မရှိဘူးလို့ သိရပါတယ်။

ရီနာ့ဒ်ဟာ ဆော်ဒီအာရေဗျ အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။
အသင်းဟောင်း ဆော်ဒီအာရေဗျကို ပြန်လည် ကိုင်တွယ်မယ့် ရီနာ့ဒ်

ဆော်ဒီ နည်းပြ ပြန်ဖြစ်လာတဲ့ ရီနော့ဒ်က “ကျွန်တော် ပြန်လာပါပြီ။ ဒီအသင်း ကနေ ထွက်ခွာဖို့ ကျွန်တော် မရည်ရွယ်ခဲ့ပါဘူး။ ဒါပေမဲ့ ခင်ဗျားရဲ့ နိုင်ငံ၊ ခင်ဗျားရဲ့ တံခါးကို လာခေါက်တဲ့ အခါ တုံ့ပြန်ရပါမယ်။ ကျွန်တော်နဲ့ ဆော်ဒီရဲ့ ဇာတ်လမ်းက မပြီးဆုံးသေးပါဘူး။” လို့ ပြောကြားသွားခဲ့ပါတယ်။

ရီနာ့ဒ်ဟာ ဆော်ဒီအာရေဗျ အသင်းကို ၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်အောင် စွမ်းဆောင်ပေးခဲ့သူ ဖြစ်ပါတယ်။ ဒါ့အပြင် အုပ်စု အဖွင့်ပွဲမှာ အာဂျင်တီးနားကို ၂-၁ ရလဒ်နဲ့ အနိုင်ရရှိကာ ကမ္ဘာ့ဖလား ပြိုင်ပွဲ သမိုင်းတလျှောက် အံ့အားသင့်စရာ ရလဒ် တစ်ခု ဖြစ်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆော်ဒီအာရေဗျ အသင်းဟာ လက်ကျန် နှစ်ပွဲမှာ ပိုလန်နဲ့ မက္ကဆီကို တို့ကို ရှုံးနိမ့်ခဲ့တာကြောင့် အုပ်စု အဆင့် ကနေ လှည့်ပြန်ခဲ့ရသလို အာရေဘီယံ ပင်လယ်ကွေ့ ဖလား ပြိုင်ပွဲမှာလည်း အုပ်စု အဆင့် ကနေ ထွက်ခဲ့ရတာကြောင့် လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။

ရီနာ့ဒ် ကတော့ ဇမ်ဘီယာ (နှစ်ကြိမ်)၊ အန်ဂိုလာ၊ အိုင်ဗရီကို့စ်၊ မော်ရိုကို စတဲ့ အာဖရိက လက်ရွေးစင် အသင်းတွေနဲ့ ဆိုးချော့စ်၊ လိုင်လီ စတဲ့ ပြင်သစ် ကလပ်တွေကို ကိုင်တွယ်ခဲ့ဖူးပါတယ်။ ဒါ့အပြင် ပြင်သစ် လက်ရွေးစင် အမျိုးသမီး အသင်းရဲ့ နည်းပြ အဖြစ်လည်း ၂၀၂၃ အမျိုးသမီး ကမ္ဘာ့ဖလား ပြိုင်ပွဲနဲ့ ၂၀၂၄ ပါရီ အိုလံပစ် ပြိုင်ပွဲတွေ ကိုလည်း ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိခဲ့ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်