နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၂ ကမ္ဘာ့ဖလားရဲ့ မမေ့နိုင်တဲ့ သွင်းဂိုးရှင်များ

countdown banner

ရှေ့မှာ အကောင်းဆုံး သွင်းဂိုး ၅ ဂိုးကို ရွေးချယ် ဖော်ပြခဲ့ပြီးပြီ ဆိုတော့ ဒီတစ်ခါမှာတော့ ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ မေ့ဖျောက်လို့ မရနိုင်တဲ့ သွင်းဂိုးရှင်တွေက ဘယ်သူတွေလဲဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။


၁။ မားကပ်စ် ရက်ရှ်ဖို့ဒ် (အင်္ဂလန် ၃-၀ ဝေးလ်စ်)

မားကပ်စ် ရက်ရှ်ဖို့ဒ် ကတော့ ကာတာ ကမ္ဘာ့ဖလား မှာ သူ့ရဲ့ အကောင်းဆုံး ပုံစံကို ရှာဖွေတွေ့ရှိခဲ့တယ် လို့ပဲ ဆိုရပါမယ်။ မိနစ် အကန့်အသတ်နဲ့သာ ပွဲထွက်ခွင့်ခဲ့ရပေမယ့် အခွင့်အရေး ရရင်သလို အကောင်းဆုံး လုပ်ပြနိုင်ခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ဆောက်ဂိတ်ရဲ့ အသင်း အတွက် သွင်းဂိုး ၃ ဂိုး ရယူပေးခဲ့ပြီး ဝေးလ်စ်နဲ့ ပွဲက သူ့ရဲ့ သွင်းဂိုး ကတော့ တကယ့်ကို အမှတ်ရစရာ ဖြစ်ခဲ့ပါတယ်။ ပရဟိတ မင်းသားလေးဟာ အလွတ်တည်ကန်ဘော ကနေ ရယူနိုင်ခဲ့တာ လှလှပပ သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး ဒီဂိုးဟာ အင်္ဂလန် ပရိသတ်တွေရဲ့ မှတ်ညဏ်ထဲမှာ ဖျောက်လို့ မရတဲ့ ဂိုးအဖြစ် ကျန်ရှိနေမှာ သေချာပါတယ်။ ရက်ရှ်ဖို့ဒ် တစ်ယောက် ဌာနေ ပြန်ရောက်ရင် ဆက်ပြီး ခြေစွမ်းပြနိုင်ပါစေလို့ပဲ ဆုတောင်းရမှာပါ။


၂။ လူးဝစ် ချာဗက်ဇ် (ဆော်ဒီ ၁-၂ မက္ကဆီကို)

ချာဗက်ဇ်ရဲ့ ဂိုးဟာ ရှုံးထွက်တက်ရေး အတွက် အရေးပါခဲ့ပေမယ့် တစ်ဖက်မှာ ပိုလန်က အာဂျင်တီးနားကို ၂ ဂိုးပြတ်နဲ့သာ အရှုံးပေးခဲ့ရလို့ ဂိုးကွာခြားချက်အရ မက္ကဆီကိုတို့ ကမ္ဘာ့ဖလား အုပ်စု အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ကမ္ဘာ့ဖလား ရှုံးထွက် အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ မက္ကဆီကို

မက္ကဆီကို ကွင်းလယ် ကစားသမား ချာဗက်ဇ်ရဲ့ အလွတ်တည်ကန်ဘော ကလည်း တကယ့်ကို လှပ သေသပ်လွန်းခဲ့တာ တွေ့ရမှာပါ။ ကိုက် ၃၀ လောက် အကွာအဝေး ကနေ ဘယ်ခြေနဲ့ တိုက်ရိုက် ကန်သွင်းခဲ့တာ ဖြစ်ပြီး ဆော်ဒီ ဂိုးသမားလည်း ဘယ်လိုမှ မတတ်နိုင်ခဲ့ပါဘူး။ ကန်ချက် ပြင်းသလို တိကျမှု ကလည်း အပြည့် ရှိခဲ့ပါတယ်။ ချာဗက်ဇ်ရဲ့ ဂိုးဟာ ရှုံးထွက်တက်ရေး အတွက် အရေးပါခဲ့ပေမယ့် တစ်ဖက်မှာ ပိုလန်က အာဂျင်တီးနားကို ၂ ဂိုးပြတ်နဲ့သာ အရှုံးပေးခဲ့ရလို့ ဂိုးကွာခြားချက်အရ မက္ကဆီကိုတို့ ကမ္ဘာ့ဖလား အုပ်စု အဆင့်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။


၃။ ရီမို ဖရီအူလာ (ဆာဘီးယား ၂-၃ ဆွစ်ဇာလန်)

ဆွစ်ဇာလန် ကွင်းလယ် ဟာမိုနီ ဖြစ်တဲ့ ရီမို ဖရီအူလာရဲ့ ဧရိယာထဲမှာ ဘယ်ခြေနဲ့ အပိုင် ပိတ်သွင်းခဲ့တဲ့ သွင်းဂိုး ဖြစ်ပါတယ်။ တစ်ဦးချင်း စွမ်းရည် အပြင် အသင်းလိုက် စွမ်းရည် ကိုပါ ပြသခဲ့တာ ဖြစ်ပြီး မြန်ဆန်တဲ့ ပေးပို့မှုတွေ ကတော့ တစ်ဆင့် ဖရူလာက ပိုင်ပိုင်နိုင်နိုင် ကန်သွင်းယူသွားတာ ဖြစ်ပါတယ်။ ဒီအနိုင်ဂိုးကြောင့် ဆားဘီးယားတို့ အသဲကွဲသွားခဲ့ရတယ် ဆိုရင်လည်း မမှားပါဘူး။


၄။ ပိုက်ခ် ဆောင်ဟို (ဘရာဇီးလ် ၄-၁ တောင်ကိုရီးယား)

ဘရာဇီးလ်နဲ့ ကစားခဲ့ရတဲ့ ရှုံးထွက် ၁၆ သင်း အဆင့် ပွဲစဉ်မှာ မရှုမလှ ရှုံးနိမ့်ခဲ့လို့ တောင်ကိုရီးယား ပရိသတ်တွေ မေ့ပစ်မယ် ဆိုရင်တော့ ပိုက်ခ် ဆောင်ဟို အတွက်တော့ ဝမ်းနည်းစရာပါပဲ။ ဘရာဇီးလ် ခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ဧရိယာ အပြင်ဘက် ကနေ ဘယ်ခြေနဲ့ အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဂိုးသမား အယ်လစ်ဆန်ရဲ့ အပေါ် ထောင့်ထဲကို တန်းတန်းမတ်မတ်ပဲ ဝင်သွားခဲ့တာ ဖြစ်ပြီး ဒီဂိုးဝင်သွားချိန်မှာ ဘောလုံး ပွဲတင်ဆက်သူတွေတောင် တဒင်္ဂ မင်သက်သွားခဲ့ပါသေးတယ်။

ပရီးမီးယား လိဂ်
အက်စတန် ဗီလာ
လီဗာပူးလ်
1X2 လီဗာပူးလ် @ 1.71
ဂိုးပေါ် 3.00 @ 2.06
ဂိုးပေါင်း 2-3 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

၅။ ရာဖေးလ် လီယောင် (ပေါ်တူဂီ ၆-၁ ဆွစ်ဇာလန်)

ပွဲပြီးခါနီးမှ လူစားဝင်လာတဲ့ ရာဖေးလ် လီယောင် တစ်ယောက် ကွင်းထဲ ရောက်ရောက်ချင်း ၅ မိနစ် အကြာမှာပဲ ဘယ်တောင်ပံကနေ တောက်လျှောက် ဆွဲပြေးပြီး ဧရိယာထဲ အရောက်မှာ ညာခြေနဲ့ ဝေ့ဝိုက် ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ လီယောင်ဟာ နည်းပြ ဆန်းတို့စ်ရဲ့ ပထမ ဦးစားပေး မဟုတ်ခဲ့လို့ အရန် အဖြစ်နဲ့သာ ပွဲထွက်ခွင့်ရခဲ့ပေမယ့် ခြေစွမ်း ကတော့ ချီးကျူးစရာ ကောင်းခဲ့ပါတယ်။ သူ့ရဲ့ လှည့်စားမှု၊ ထောင့်တည့်တည့်ကို ကန်သွင်းနိုင်ခဲ့တဲ့ စွမ်းရည်က ပွဲသိမ်းခါနီးပေမယ့် တစ်ပွဲလုံးရဲ့ အကောင်းဆုံး အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။ လီယောင်ရဲ့ ဒီလိုမျိုး သွင်းဂိုးတွေကို အေစီမီလန် မှာလည်း မြင်တွေ့ဖူးသူတွေ ရှိလိမ့်မယ် ထင်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်