နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်္ဂလန် အသင်းရဲ့ သမိုင်းကြောင်းနဲ့ သိထားသင့်သော အချက်အလက်များ | ၂၀၂၂ ကမ္ဘာ့ဖလား

countdown banner

အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် အင်္ဂလန် အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။


အင်္ဂလန် လက်ရွေးစင် အသင်း အကျဉ်းချုပ်

၁၈၇၀ ပြည့်နှစ်မှာ ဘောလုံး အဖွဲ့ချုပ် စတင်တည်ထောင်ခဲ့တဲ့ အင်္ဂလန်ဟာ စကော့တလန်လိုပဲ ကမ္ဘာ့သက်တမ်း အရင့်ဆုံး နိုင်ငံလက်ရွေးစင်အသင်း တစ်သင်း ဖြစ်ပါတယ်။ သူတို့ ကိုယ်သူတို့ ဘောလုံး ဘိုးအေလို့ ခံယူထားသလို ပြိုင်ပွဲမစခင် အချိန်တိုင်း ရေပန်းအစားဆုံး အသင်း စာရင်းမှာ အမြဲတမ်းလိုလို ပါဝင်နေတတ်တဲ့ အင်္ဂလန်တို့ ၁၉၆၆ ခုနှစ် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ပြီး‌နောက်ပိုင်း ဆုဖလား အောင်မြင်မှုတွေနဲ့ ဝေးကွာနေတဲ့ အသင်း ဖြစ်ပါတယ်။

ခြင်္သေ့သုံးကောင်လို့ နာမည်ပြောင် ခေါ်ဆိုကြတဲ့ အင်္ဂလန်ဟာ ၂၀၂၂ ကမ္ဘာ့ဖလား ကိုတော့ ဥရောပဇုန် အုပ်စု I ရဲ့ ပထမနေရာ ကနေ ခြေစစ်ပွဲ အောင်မြင်ခဲ့တာ ဖြစ်ပါတယ်။ ခြေစစ်ပွဲ အဆင့်မှာ ပိုလန်၊ ဟန်ဂေရီ၊ အဲလ်ဘေးနီးယား၊ အန်ဒိုရာ၊ ဆန်မာရီနို တို့နဲ့ တစ်အုပ်စုတည်း ကျရောက်ခဲ့တာကြောင့် ၈ ပွဲနိုင်၊ ၂ ပွဲသရေ၊ ရှုံးပွဲ မရှိ၊ ၂၆ မှတ်နဲ့ လွယ်လွယ်ကူကူ ခြေစစ်ပွဲ အောင်မြင်လာခဲ့တယ်လို့ ပြောလို့ ရပါတယ်။ အမြဲတမ်းလိုလို နာမည်ကြီး ထမင်းငတ် ဖြစ်လေ့ ရှိတဲ့ အင်္ဂလန်တို့ နည်းပြ ဂါရက်သ် ဆောက်ဂိတ် လက်ထက် လူငယ်တွေရဲ့ ခြေစွမ်းပြမှုနဲ့ အတူ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်၊ ယူရို ၂၀၂၀ မှာ ဒုတိယ ရရှိထားပေမယ့် ဆုဖလား အောင်မြင်မှုတွေနဲ့တော့ ဝေးကွာနေဆဲပါ။ လက်တလော ဆောက်ဂိတ်ရဲ့ အသင်းက ခြေစွမ်းပိုင်း အနည်းငယ် ပျက်ယွင်းနေပြီး နေးရှင်းလိဂ်မှာ နိုင်ပွဲ လုံးဝ မရသေးတာကြောင့် တန်းဆင်းရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

အမည်ပြောင် – ခြင်္သေ့သုံးကောင်

အဖွဲ့ချုပ် – အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (FA)

စတင် တည်ထောင်သည့် ခုနှစ် – ၁၈၇၀

အရောင် – အဖြူရောင်နှင့် အနီရောင်

နည်းပြချုပ် – ဂါရက်သ် ဆောက်ဂိတ်

အသင်းခေါင်းဆောင် – ဟယ်ရီကိန်း

ပွဲအများဆုံး ကစားထားသူ – ပီတာ ရှီလ်တန် (၁၂၅ ပွဲ)

ဂိုးအများဆုံး သွင်းထားသူ – ဝိန်းရူနီ (၅၃ ဂိုး)

ဖီဖာ အဆင့် ရပ်တည်မှု – ၅ (၂၀၂၂ ခုနှစ် ဇွန်လ အထိ)


ပထမဦးဆုံး နိုင်ငံတကာပွဲ

အင်္ဂလန်တို့ ဖီဖာရဲ့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ ဖြစ်လာခဲ့ပြီး နောက်ပိုင်း ၁၉၅၀ ဘရာဇီးလ် ကမ္ဘာ့ဖလားမှ စတင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၆ ကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရထားတဲ့ အင်္ဂလန်

စကော့တလန် ၀-၀ အင်္ဂလန် (နိုဝင်ဘာ ၃၀ ရက်၊ ၁၈၇၂ ခုနှစ်) (ပထမဦးဆုံး နိုင်ငံတကာ ဘောလုံးပွဲ)


အကြီးမားဆုံး နိုင်ပွဲ

အိုင်ယာလန် ၀-၁၃ အင်္ဂလန် (ဖေဖော်ဝါရီလ ၁၈ ရက်၊ ၁၈၈၂ ခုနှစ်)


အကြီးမားဆုံး ရှုံးပွဲ

ဟန်ဂေရီ ၇-၁ အင်္ဂလန် (မေလ ၂၃ ရက်၊ ၁၉၅၄ ခုနှစ်)


ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု

အင်္ဂလန်တို့ ဖီဖာရဲ့ အမြဲတမ်း အဖွဲ့ဝင် နိုင်ငံ ဖြစ်လာခဲ့ပြီး နောက်ပိုင်း ၁၉၅၀ ဘရာဇီးလ် ကမ္ဘာ့ဖလားမှ စတင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်ရဲ့ ကမ္ဘာ့ဖလား ပွဲဦးထွက် ကတော့ အုပ်စု အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီး ၁၉၅၄ မှာ ကွာတားဖိုင်နယ်၊ ၁၉၅၈ မှာ အုပ်စု အဆင့်နဲ့ ၁၉၆၂ မှာ ကွာတားဖိုင်နယ် အဆင့်ထိ ရောက်ရှိခဲ့ပါတယ်။ အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့တဲ့ ၁၉၆၆ ခုနှစ် မှာတော့ ကမ္ဘာ့ချန်ပီယံ ဖြစ်ခဲ့ပြီး အဲ့နောက်ပိုင်း ရှုံးထွက် အဆင့်တွေမှာပဲ တဝဲလည်လည် ဖြစ်နေခဲ့ပြန်ပါတယ်။ ၁၉၇၄နဲ့ ၁၉၇၈ ကမ္ဘာ့ဖလားမှာ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိတဲ့ ခြင်္သေ့ သုံးကောင်တို့ ၁၉၉၈ ခုနှစ် နောက်ပိုင်း ကစပြီး ၇ ကြိမ်ဆက် ခြေစစ်ပွဲ အောင်မြင်ထားခဲ့ပါတယ်။


အခြား အောင်မြင်မှု

အင်္ဂလန်ဟာ ဘောလုံးအားကစားရဲ့ အင်အား အကြီးဆုံး နိုင်ငံအသင်းတွေထဲမှာ ပါဝင်နေပေမယ့် အပေါ်မှာ ပြောခဲ့သလို နာမည်ကြီး ထမင်းငတ် ဖြစ်နေဆဲပါ။ ၁၉၆၆ ကမ္ဘာ့ဖလား မှာ ချန်ပီယံ တစ်ကြိမ် ဖြစ်ခဲ့တာနဲ့ နောက်ထပ် အဓိက ပြိုင်ပွဲ တစ်ခု ဖြစ်တဲ့ ယူအီးအက်ဖ်အေ ချန်ပီယံရှစ် ပြိုင်ပွဲမှာ ဒုတိယ ၁ ကြိမ်၊ တတိယ ၂ ကြိမ် ရထားတာဟာ အင်္ဂလန်ရဲ့ အမြင့်ဆုံး အောင်မြင်မှုတွေ ဖြစ်ပါတယ်။ ယူအီးအက်ဖ်အေ နေးရှင်းလိဂ် မှာလည်း တတိယ တစ်ကြိမ်သာ ရထားခဲ့ပြီး နာမည်ကြီးတာက လွဲရင် ဆုဖလား မယ်မယ်ရရ ကိုင်မြှောက်ဘူးခြင်း မရှိဘူးလို့ ပြောလို့ ရပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု I ကနေ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ အင်္ဂလန်တို့ အီရန်၊ အမေရိကန်နဲ့ ဝေးလ်စ်တို့ ပါဝင်တဲ့ အုပ်စု B ကနေ ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


ကစားမည့် ရက်

အင်္ဂလန် – အီရန် (နိုဝင်ဘာ ၂၁)

အင်္ဂလန် – အမေရိကန် (နိုဝင်ဘာ ၂၅)

ဝေးလ်စ် – အင်္ဂလန် (နိုဝင်ဘာ ၂၉)

ချန်ပီယံ ဖြစ်ရန် အလေးပေးမှု

+၆၀၀


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်