နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရေပန်းအစားဆုံး ဖြစ်လာတဲ့ အာဂျင်တီးနား၊ နေမာကို တောင်းပန်တဲ့ ရိုဒရီဂို (ကမ္ဘာ့ဖလား – နောက်ဆုံးရ သတင်းများ)

ဒီဇင်ဘာ ၁၂ ရက်နေ့ ညခင်း အထိ ရရှိထားသမျှ ကမ္ဘာ့ဖလားနဲ့ ပတ်သတ်တဲ့ စိတ်ဝင်စားစရာ သတင်းတွေကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အင်္ဂလန်ရဲ့ ဆီမီးဖိုင်နယ်ပွဲကို သူတို့ကွင်းမှာ လာကြည့်ဖို့ စပါး အသင်း ကြိုတင် ဖိတ်ကြားခဲ့

တော့တင်ဟမ်ဟော့စပါး အသင်းဟာ အင်္ဂလန်နဲ့ ပြင်သစ်တို့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် မကစားခင်လေးမှာ အင်္ဂလန်ရဲ့ ဆီမီးဖိုင်နယ် ပွဲစဉ်ကို သူတို့ရဲ့ အိမ်ကွင်းကြီး အတွင်းမှာ ပြသမှာ ဖြစ်လို့ လာရောက် ကြည့်ရှု အားပေးနိုင်ကြောင်း ပရိသတ်တွေကို အီးမေးလ် ပို့ခဲ့ပါတယ်။ ဒီလို ပို့ပြီး တစ်နာရီလောက် အကြာမှာပဲ ဟယ်ရီကိန်း တယောက် ပင်နယ်တီ လွဲခဲ့ပြီး အင်္ဂလန်တို့ ပြည်တော်ပြန်သွားခဲ့ရပါတယ်။

ဖိတ်ကြားလွှာ အတွင်းမှာ နေ့ရက်၊ အချိန်၊ နေရာတွေ ကိုပါ ထည့်သွင်း ဖော်ပြထားတာကို မြင်တွေ့ရပြီး ၁၉၆၆ နောက်ပိုင်း ပထမဆုံး အကြိမ် အဖြစ် အင်္ဂလန် အသင်းရဲ့ ဆီမီးဖိုင်နယ်ပွဲ ဖြစ်တယ် ဆိုတာ ကိုပါ ထည့်သွင်း ရေးသားထားပါတယ်။ လာရောက် ကြည့်ရှုဖို့ အတွက် ကြိုတင် ဘွတ်ကင် လုပ်ရာမှာလည်း လူကိုယ်တိုင် ပြုလုပ်ရမယ့် အကြောင်းလည်း ပါဝင်ခဲ့ပါတယ်။

ခရိုအေးရှားနဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲမှာ ဘရာဇီးလ် အတွက် ပထမဆုံး ပင်နယ်တီကို ကန်သွင်းရာမှာ ဝင်အောင် မကန်သွင်းနိုင်ခဲ့တဲ့ လူငယ်ကစားသမား ရိုဒရီဂိုက အသင်းဖော် နေမာကို တောင်းပန်မှုတွေ ပြုလုပ်လိုက်ပါတယ်။
နေမာကို တောင်းပန်မှုတွေ ပြုလုပ်ခဲ့တဲ့ ရိုဒရီဂို

ကံဆိုးတာ ကတော့ အင်္ဂလန်ဟာ ပြင်သစ်ကို ၂-၁ နဲ့ အရေးနိမ့်ကာ ပြိုင်ပွဲက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ ဟယ်ရီကိန်းရဲ့ ပင်နယ်တီသာ ဝင်ခဲ့မယ် ဆိုရင် ပွဲရလဒ်က တမျိုးတဖုံ ပြောင်းလဲသွားနိုင်ခဲ့ဖွယ် ရှိပေမယ့် အသင်းခေါင်းဆောင် ကန်သွင်းခဲ့ရာမှာ ဘောလုံးက မိုးပေါ်ထောင်တက်သွားခဲ့ပြီး ပြင်သစ်တို့ မိနစ် ၉၀ အတွင်းမှာပဲ အနိုင်ရရှိသွားခဲ့ပါတယ်။
ကမ္ဘာ့ဖလား ဗိုလ်စွဲဖို့ အာဂျင်တီးနား ရေပန်းအစားဆုံး ဖြစ်နေ

ကမ္ဘာ့ဖလား ဆီမိးဖိုင်နယ် ပွဲစဉ်အဆင့်တွေကို ရောက်ရှိလာချိန် မှာတော့ လီယွန်နယ် မက်ဆီရဲ့ အာဂျင်တီးနားက ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်လာပါတယ်။ လက်ရှိ ချန်ပီယံ ပြင်သစ်ထက် မဆိုသလောက်လေး သာလွန်နေတာ ဖြစ်ပြီး အာဂျင်တီးနားက ဗိုလ်စွဲနိုင်ချေ ၃၇%၊ ပြင်သစ်က ၃၅% ရှိကာ ခရိုအေးရှားနဲ့ မော်ရိုကိုတို့က အစဉ်လိုက် ရပ်တည်နေကြပါတယ်။

ဟော်လန်ကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်လာတဲ့ အာဂျင်တီးနားဟာ ခရိုအေးရှားနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အုပ်စု အဖွင့်ပွဲမှာ ဆော်ဒီကို အရေးနိမ့်ပြီးနောက် အာဂျင်တီးနားဟာ လေးပွဲ ဆက်တိုက် ၂ ဂိုးနှုန်း သွင်းယူကာ ပြိုင်ဘက်တွေကို အနိုင်ရခဲ့ပြီး အုပ်စုအဆင့်က ထွက်ရဖို့ နီးစပ်ခဲ့မှုက ရုန်းထွက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

မက်ဆီရဲ့ ကမ္ဘာ့ဖလား အိပ်မက်တွေကလည်း ရှင်သန်နေဆဲ ဖြစ်ပြီး လေးသင်းတည်းသာ ကျန်ရှိတော့တာမို့ နောက်ထပ် ခြေလှမ်း ၂ လှမ်းတည်းသာ လိုအပ်ပါတော့တယ်။ မက်ဆီ ကလည်း ထူးရှယ် ခြေစွမ်းပြနေပြီး အသင်းကို ခြေစွမ်းအရပါ ဦးဆောင် ကစားနေနိုင်ပြီး အာဂျင်တီးနား တသင်းလုံးက စိတ်အားတက်ကြွနေကာ ကမ္ဘာ့ဖလား ရယူနိုင်ဖို့ အစွမ်းကုန် အားထုတ်မယ်လို့ ပြောဆိုထားကြပါတယ်။


နေမာကို တောင်းပန်စကား ဆိုခဲ့တဲ့ ရိုဒရီဂို

ခရိုအေးရှားနဲ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် ပွဲမှာ ဘရာဇီးလ် အတွက် ပထမဆုံး ပင်နယ်တီကို ကန်သွင်းရာမှာ ဝင်အောင် မကန်သွင်းနိုင်ခဲ့တဲ့ လူငယ်ကစားသမား ရိုဒရီဂိုက အသင်းဖော် နေမာကို တောင်းပန်မှုတွေ ပြုလုပ်လိုက်ပါတယ်။ သူ့ရဲ့ အင်စတာဂရမ် အကောင့်ကနေ ရေးသား တောင်းပန်ခဲ့တာ ဖြစ်ပြီးနေမာကို အသင်း အတွက် ဆက်လက် ကစားပေးဖို့ပါ တောင်းဆိုခဲ့ပါတယ်။

ကမ္ဘာ့ ဖလား
အာဂျင်တီးနား
ခရိုအေးရှား
1X2 ခရိုအေးရှား @ 4.20
ဂိုးပေါ် 2.25 @ 2.21
ဂိုးပေါင် 0-1 @ 2.47
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

“ အရာရာတိုင်း အတွက် တောင်းပန်ပါတယ်၊ ပြီးတော့ ခင်ဗျားရဲ့ အိပ်မက်တွေ ရွှေ့ဆိုင်းခံလိုက်ရတာ အတွက်လည်း စိတ်မကောင်းဖြစ်ရပါတယ်၊ ကျနော် တို့နဲ့ အတူ ခင်ဗျားတို့ ဆက်ရှိနေမယ်လို့ မျှော်လင့်ပါတယ်၊ အဲဒီလိုသာ ဆိုရင် ကျနော်တို့ အတူတကွ အောင်မြင်မှုတွေ သိမ်းပိုက်နိုင်မှာပါ” လို့ ရိုဒရိုင်ဂိုက ရေးသားခဲ့ကာ သူ့ရဲ့ အမှား အတွက် ဝန်ခံ ပြောဆိုခဲ့တာဖြစ်ပါတယ်။

နေမာ ကတော့ လက်ရွေးစင် အသင်း ကနေ အနားယူဖွယ် ရှိတယ်လို့ အရိပ်အမြွက် ပြောဆိုခဲ့ပြီး စိတ်ပိုင်းဆိုင်ရာအရ ကြီးကြီးမားမား ထိခိုက်ခဲ့တယ်လို့ ဖွင့်ဟခဲ့ပါတယ်။ သူ့ရဲ့ အနာဂတ်က ဘယ်လို ဖြစ်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပြီး နေမာသာ မကစားပေးတော့ဘူး ဆိုရင် ဘရာဇီးလ် အတွက် အားနည်းချက်တွေ ရှိလာမှာ သေချာပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်