နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၂ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၅ ဦး

countdown banner

ဒီနှစ် ကမ္ဘာ့ဖလားဟာ ဖီဖာ ဥက္ကဌ အင်ဖက်တီနို ပြောသလို သမိုင်းတလျှောက် အကောင်းဆုံး မဟုတ်ခဲ့ပေမယ့် အတိုင်းအတာ တစ်ခု အထိတော့ ရင်ခုန်စရာ ကောင်းခဲ့တယ် ဆိုတာ ငြင်းလို့ မရပါဘူး။ အဓိက ကတော့ သွင်းဂိုးတွေ တော်တော်လေး မြိုင်ဆိုင်ခဲ့ပြီး စုစုပေါင်း ၁၇၂ ဂိုးနဲ့ သမိုင်းတစ်လျှောက် သွင်းဂိုး အများဆုံး ကမ္ဘာ့ဖလား ဆိုတဲ့ စံချိန်ပါ တင်သွားခဲ့ပါတယ်။ ဒါက အခု ပြိုင်ပွဲမှ စတင် ပြောင်းလဲလိုက်တဲ့ အချိန်ပို စည်းမျဉ်းကြောင့်လို့ ပြောနိုင်ပေမယ့် သေချာတာက တိုက်စစ်က ဂိုးပိုသွင်းနိုင်ခဲ့ကြလို့ ဖြစ်ပါတယ်။
အဲ့ဒီတော့ ဒီ ၂၀၂၂ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး တိုက်စစ်မှူး ၅ ဦးက ဘယ်သူတွေလဲ ဆက်ကြည့်ရအောင်…


၅။ ကိုဒီ ဂက်ခ်ပို (နယ်သာလန်)

ဒီစာရင်းမှာ ဖော်ပြဖို့ အရင်ဆုံး ပြေးမြင်မိတာက နယ်သာလန် လူငယ်ကြယ်ပွင့် ကိုဒီ ဂက်ခ်ပို ဖြစ်ပါတယ်။ ပြိုင်ပွဲ မတိုင်ခင် ကတည်းက ယူနိုက်တက်၊ အာဆင်နယ်၊ လစ်ဗာပူးလ် စတဲ့ အသင်းကြီးတွေနဲ့ နာမည်ထွက်နေတဲ့ ၂၃ နှစ်သားဟာ ဗန်ဟားလ်နဲ့ နယ်သာလန် အတွက် ရွှေလို့တောင် တင်စားရတဲ့ ခြေစွမ်းပြခဲ့သူ ဖြစ်ပါတယ်။ နယ်သာလန် အတွက် အရေးကြီးနေတဲ့ အချိန်တိုင်း ဂိုးသွင်းပေးနိုင်ခဲ့တဲ့ ဂက်ခ်ပိုဟာ တကယ်တမ်းတော့ အထောင်တိုက်စစ်မှူး တစ်ယောက် မဟုတ်ပါဘူး။ ဂက်ခ်ပို အနေနဲ့ ဒီကမ္ဘာ့ဖလားမှာ စုစုပေါင်း ၅ ပွဲ ကစားပြီး ၃ ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။


၄။ ဟူလီယန် အဲလ်ဗာရက်ဇ် (အာဂျင်တီးနား)

တစ်ချိန်က လီယို မက်ဆီနဲ့ ဓာတ်ပုံ တွဲရိုက်ခဲ့တဲ့ ကောင်လေးဟာ အခုတော့ မက်ဆီနဲ့ တွဲဖက် ဖြစ်လာခဲ့ပြီး အာဂျင်တီးနား အတွက် ဂိုးတွေ တော်တော်လေး သွင်းပေးခဲ့ပါတယ်။ ဒီကစားသမားလေးကို ဂွါဒီယိုလာ ဘာကြောင့် ခေါ်ယူခဲ့သလဲ ဆိုတာ အဖြေထုတ်ပေးသွားတယ်လို့တောင် ပြောလို့ ရပါတယ်။ အသက် ၂၃ နှစ် အရွယ်သာ ရှိသေးတဲ့ အဲလ်ဗာရက်ဇ်ဟာ တစ်ပွဲထက် တစ်ပွဲ ခြေစွမ်းပိုင်း ပိုမို တည်ငြိမ်လာခဲ့ပြီး မက်ဆီနဲ့ အတူ အာဂျင်တီးနား တိုက်စစ်ကို ဦးဆောင်သွားခဲ့တာ ဖြစ်ပါတယ်။ အဲလ်ဗာရက်ဇ် အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနား အတွက် ၇ ပွဲစလုံး ပါဝင် ကစားခွင့်ရခဲ့ပြီး ၄ ဂိုး သွင်းခဲ့ပါတယ်။

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
မန်ချက်စတာစီးတီး
1X2 မန်ချက်စတာစီးတီး @ 1.28
ဂိုးပေါ် 3.00 @ 1.70
ဂိုးပေါင်း 2-3 @ 2.23
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

၃။ အိုလစ်ဗီယာ ဂျရူး (ပြင်သစ်)

ဂျရူး ကတော့ တကယ့်ကို ပရိုပီသတဲ့ ကစားသမားပါ။ ဘန်ဇီမာ ပြန်လည် အရွေးချယ်ခံရချိန်မှာ တစ်ခွန်းမှ မဟပဲ အလိုက်တသိ နေရာဖယ်ပေးခဲ့သလို ဘန်ကြီး မပါနိုင်တော့တဲ့ အချိန်မှာလည်း နိုင်ငံ အတွက် တာဝန်ကျေတာထက် ပိုခဲ့သူ ဖြစ်ပါတယ်။ ဂျရူးရဲ့ အသက်အရွယ် အရ ဆိုရင် ကစားသမားဘဝ နေဝင်ချိန်ကို ကျော်နေပါပြီ။ ဒါပေမယ့်လည်း အခွင့်အရေး ရရင် ရသလို မထင်မှတ်တဲ့ အခြေအနေတွေ ကနေ ဂိုးရအောင် သွင်းနေဆဲ ဖြစ်ပါတယ်။ အခု ကမ္ဘာ့ဖလား မှာတော့ ဂျရူး တစ်ယောက် သွင်းဂိုး ၄ ဂိုး ရရှိခဲ့ပြီး ဩဇီနဲ့ အုပ်စု ပွဲမှာ ၂ ဂိုး၊ ပိုလန်နဲ့ ပွဲမှာ ဦးဆောင်ဂိုး၊ အင်္ဂလန်နဲ့ ပွဲမှာ အနိုင်ဂိုးတွေ သွင်းယူခဲ့ပါတယ်။ သူ့ရဲ့ ခြေစွမ်းကြောင့်လည်း လက်ရှိမှာ အေစီမီလန် ကလည်း စာချုပ်သက်တမ်း တိုးဖို့ ပြင်ဆင်နေပြီလို့ သိရပါတယ်။


၂။ လီယွန်နယ် မက်ဆီ (အာဂျင်တီးနား)

ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ အတူ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ မက်ဆီဟာ အုပ်စု အဆင့်ကနေ ဗိုလ်လုပွဲ အထိ သူ ဂိုးမသွင်းနိုင်တဲ့ ပွဲက ပိုလန်နဲ့ တစ်ပွဲပဲ ရှိခဲ့ပါတယ်။
၂၀၂၂ ကမ္ဘာ့ဖလားရဲ့ အကောင်းဆုံး ကစားသမားဆု ရခဲ့တဲ့ မက်ဆီ

မက်ဆီ အကြောင်းကတော့ အထွေအထူး ထပ်ပြောနေစရာတောင် လိုမယ် မထင်ပါဘူး။ ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ အတူ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆု ကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့ မက်ဆီဟာ အုပ်စု အဆင့်ကနေ ဗိုလ်လုပွဲ အထိ သူ ဂိုးမသွင်းနိုင်တဲ့ ပွဲက ပိုလန်နဲ့ တစ်ပွဲပဲ ရှိခဲ့ပါတယ်။ ဒါတောင် ဆက်ဇီနီ လက်စွမ်းပြသွားလို့ပါ။ စုစုပေါင်း ၇ ပွဲကစားပြီး ၇ ဂိုး သွင်းခဲ့တဲ့ မက်ဆီက ပြိုင်ပွဲရဲ့ ဒုတိယမြောက် ဂိုးသွင်း အများဆုံး ကစားသမားလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ အောင်မြင်မှုတွေ၊ စံချိန်တွေ ရခဲ့တဲ့ မက်ဆီကို ဘာကြောင့် အကောင်းဆုံး တိုက်စစ်မှူး စာရင်းမှာ ဒုတိယနေရာမှာ ထားသလဲဆိုတာ မေးကောင်း မေးလာနိုင်ပါတယ်။ ကျနော့်ရဲ့ အမြင်အရတော့ မက်ဆီဟာ သွင်းဂိုး ၇ ဂိုး ရခဲ့ပေမယ့် ပင်နယ်တီ သွင်းဂိုး ၄ ဂိုး ရှိခဲ့တာကြောင့် ဖြစ်ပါတယ်။ ဖန်တီးမှု ကတော့ ၃ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။


၁။ ကီလီယန် အမ်ဘာပေး (ပြင်သစ်)

အဲ့တော့ နံပါတ် ၁ နေရာမှာ အမ်ဘာပေးကို ဘာကြောင့် ရွေးချယ်ရသလဲ ဆိုတာ ဆက်ပြောရမယ် ဆိုရင် ဒီ ၂၃ နှစ်သားဟာ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲ တလျှောက် သွင်းဂိုး ၈ ဂိုး ရရှိခဲ့ပြီး ဗိုလ်လုပွဲမှာလည်း ဟက်ထရစ် ရခဲ့ပါတယ်။ ပင်နယ်တီ သွင်းဂိုး ကလည်း ၂ ဂိုးပဲ ရှိသလို ဂိုးဖန်တီးမှု ကလည်း ၂ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဗိုလ်လုပွဲမှာ သူ့ရဲ့ အံ့အားသင့်စရာ သွင်းဂိုးတွေကြောင့် ပြင်သစ်တို့ Comeback နိုင်ခဲ့ပြီး လက်ရှိ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အထိ အခြေအနေ ကောင်းခဲ့တာပါ။ ကံတရားရဲ့ မျက်နှာသာ ပေးခြင်း မခံရတာကြောင့်သာ အမ်ဘာပေး တစ်ယောက် အပြုံးအရယ်မဲ့စွာနဲ့ ရွှေဖိနပ်ဆုလေးပဲ တက်ယူခဲ့ရတာ ဖြစ်ပါတယ်။ ပီလီ ကိုယ်တိုင် အမ်ဘာပေးသာ ဒီလို ခြေစွမ်းပြနေမယ် ဆိုရင် သူ ဘောလုံး ပြန်ကန်မယ်။ ဘာကြောင့်လဲ ဆိုတော့ သူ့ရဲ့ စံချိန်တွေကို ကျော်ဖြတ်နိုင်ချေ ရှိလို့ ဆိုပြီးတောင် ချီးကျူးခံခဲ့ရသူ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့် အနာဂတ်မှာ အလားအလာတွေ အများကြီး ရှိနေသေးတဲ့ အကောင်းဆုံး အရှုံးသမား ဖြစ်ခဲ့တဲ့ လိပ်နင်ဂျာလေးကို မက်ဆီထက် ကျော်ပြီး ထိပ်ဆုံးက ရွေးချယ်ခဲ့တာက လွန်မယ် မထင်ပါဘူး။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်