နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

တစ်မှတ်စီခွဲယူကြမယ့် ဝုဗ်နဲ့ ဘန်လေ – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် –  ဘန်လေ

အခုတစ်ခါမှာတော့ မနက်ဖြန် ညနေ ၅နာရီခွဲမှာ ကစားမယ့် ဝုဗ်နဲ့ ဘန်လေတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်နဲ့ ပတ်သတ်ပြီး ပွဲကြိုခန့်မှန်းသုံးသပ်ချက် တချို့ကို SBOTOP ပရိသတ်တွေအတွက် ဖော်ပြပေးပါဦးမယ်။ ဝုဗ်တို့ အမှတ်ပေးဇယား အလယ်အလတ်အဆင့်မှာ ရပ်တည်နေပြီး အမှတ်မလိုတော့ပေမယ့် ဘန်လေကတော့ တန်းမဆင်းရရေး ရုန်းကန်ရဦးမှာ ဖြစ်လို့ အကြိတ်အနယ်ရှိတဲ့ ပွဲကောင်းတစ်ပွဲ ဖြစ်လာဦးမှာပါ။

ဝုဗ်တို့ လက်ရှိ အဆင့် ရပ်တည်ချက်မှုဟာ အပေါ်လည်းမရောက် အောက်လည်း မရောက်ဖြစ်နေလို့ လက်ကျန် ပွဲစဉ်တွေကို ဂုဏ်သိက္ခာအရ တတ်နိုင်သမျှ ရလဒ်ကောင်းအောင် ကစားရင်း အဆင့် ၁၀ အတွင်းဝင်ဖို့ ပစ်မှတ်ထားနေတဲ့ အသင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၂ ပွဲမှာ တန်းဆင်းဇုန်ထဲက ဖူလ်ဟမ်နဲ့ ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ရထားပေမယ့် ဝုဗ်တို့ ပုံမှန်ခြေစွမ်းတော့ ပြန်မရသေးတာ‌ တွေ့ရပါတယ်။ ခြေစွမ်း မကောင်းတဲ့ အသင်းတွေနဲ့ ကစားခဲ့ရတာ ဖြစ်ပေမယ့် နှစ်ပွဲလုံးမှာ တိုက်စစ်က ဂိုးရဖို့ တော်တော်လေး ရုန်းကန်ခဲ့ရပါတယ်။ တောင်ပံက အဒမ်မာ ထရာအိုရေး ကတော့ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနေတာ တွေ့ရပြီး နိုင်ပွဲတွေအတွက် အရေးပါခဲ့တယ်လို့ ဆိုရပါမယ်။ ဦးခေါင်း ဒဏ်ရာရထားတဲ့ ဂျင်မီနက်ဇ် အနေနဲ့ ဧပြီလကုန်အထိ အနားယူနေရဦးမှာ ဖြစ်ပြီး နောက်ထပ် အဓိကကစားသမား တစ်ဦးဖြစ်တဲ့ ပက်ဒရို နီတို လည်း ဧပြီလကုန်ပိုင်း အထိ ပါဝင်ကစားနိုင်ဦးမှာ မဟုတ်ပါဘူး။ ပိုဆိုးတာက ကွင်းလယ်က ရူဘင်နားဗက်စ် ကိုဗစ် ၁၉ ကူးစက်ခံလိုက်ရလို့ မေလဆန်းလောက် အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။

ဘန်လေတို့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ဖို့ အခြေအနေကောင်းခဲ့ပေမယ့် နောက်ဆုံး ၃ ပွဲဆက် ရှုံးခဲ့လို့ အဆင့် ၁၇ နေရာအထိ ပြန်လည် ကျဆင်းသွားပါတယ်။
တန်းဆင်းဇုန်ထဲက အသင်းနဲ့ ၆ မှတ်သာ ကွာဟနေတဲ့ ဘန်လေ

ဘန်လေတို့ ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲကနေ ရုန်းထွက်နိုင်ဖို့ အခြေအနေကောင်းခဲ့ပေမယ့် နောက်ဆုံး ၃ ပွဲဆက် ရှုံးခဲ့လို့ အဆင့် ၁၇ နေရာအထိ ပြန်လည် ကျဆင်းသွားပါတယ်။ လက်ရှိ တန်းဆင်းဇုန်ရဲ့ အထက်မှာ ၆ မှတ်အကွာနဲ့ ရပ်တည်နေတယ် ဆိုပေမယ့် လက်ကျန် ပွဲစဉ်တွေမှာ ဝက်စ်ဟမ်း၊ လိဒ်စ်ယူနိုက်တက်၊ လစ်ဗာပူးလ် တို့လို အသင်းကောင်းတွေနဲ့ ကစားဖို့ ကျန်နေသေးတာကြောင့် စိတ်မချရသေးပါဘူး။ လက်ရှိ ဘန်လေမှာ အက်ရှ်လေဘန်းစ်၊ ကီဗင်လောင်း၊ ဘရက်ဒီ တို့ ၃ ဦး ဒဏ်ရာကြောင့် ပါဝင်လာနိုင်မှာ မဟုတ်ပေမယ့် ခရစ္စဝုဒ်၊ ဝက်စ်ဝုဒ်၊ ဘရောင်းဟေးလ်၊ ဘန်မီး၊ တာကောစကီး၊ ဂတ်မန်ဆန်တို့လို ကစားသမားကောင်းတွေ အများကြီး ကျန်နေသေးလို့ ဝုဗ်ဆီကနေ တတ်နိုင်သမျှ ရမှတ်ယူဖို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာပါလိမ့်မယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဝုဗ်နဲ့ ဘန်လေတို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၉ ကြိမ်မှာ ဘန်လေတို့ ၄ ကြိမ် အနိုင်ရပြီး ၄ ပွဲသရေကျကာ ဝုဗ် တို့ကတော့ ၁ ပွဲပဲ ပြန်ပြီး အနိုင်ရထားပါတယ်။ ဒီရာသီ ပထမအကျော့တွေ့ဆုံမှုမှာလည်း ဘန်လေတို့ ဘန်းစ်၊ ဝုဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် –  ဘန်လေ

??
ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် vs ဘန်လေ အချိန်ပြည့် 1X2 သရေ @ ၃.၄၀ ဆ
ဧပြီလ ၂၅ ရက်, ည ၅:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၀၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၃.၉၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၄၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ပေါက်ကြေးအရဆိုရင် အိမ်ရှင် ဝုဗ်တို့ ဘက်မှာ နေရမယ့် အခြေအနေ ဖြစ်ပေမယ့် အစဉ်အလာအရ အသာရခဲ့ပြီး တန်းဆင်းဇုန် ဖိအားတွေ အောက်ကနေ ရုန်းထွက်ဖို့ ရမှတ် ရှာဖွေရမယ့် ဘန်လေကိုလည်း သတိထားရမှာ ဖြစ်ပါတယ်။ ဒီပွဲကတော့ အကြိတ်အနယ်ကစားပြီး ၁ မှတ်စီ ခွဲယူသွားကြမယ့်ပွဲလို့ပဲ ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်