နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အဝေးကွင်းနိုင်ပွဲ ပြန်ရလို့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ပြန်လည် ရှင်သန်ခဲ့တဲ့ ဝက်စ်ဟမ်း- ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

ဘန်လေ ၁ – ၂ ဝက်စ်ဟမ်း

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၃၄)ရဲ့ လက်ကျန်ပွဲစဉ် တစ်ပွဲအဖြစ် ဘန်လေတို့ အိမ်ကွင်း တက်ဖ်မောမှာ ဝက်စ်ဟမ်းကို ဧည့်ခံကစားခဲ့ပါတယ်။ ဘန်လေတို့ ခရစ္စဝုဒ်ရဲ့ ပင်နယ်တီဂိုးနဲ့ ဦးဆောင်ခွင့် ရခဲ့ပေမယ့် ဝက်စ်ဟမ်း တိုက်စစ်မှူး မစ်ချယ်လီ အန်တိုနီယိုရဲ့ ၈ မိနစ်အတွင်း ပြန်လည် သွင်းယူပေးခဲ့တဲ့ ချေပဂိုး ၂ ဂိုးကြောင့် ၁-၂ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒီနေ့ပွဲမှာ နှစ်သင်းစလုံး အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပြီး အိမ်ရှင် ဘက်မှာတော့ ခရစ္စဝုဒ်၊ ဝက်စ်ဝုဒ်၊ ဘန်မီး၊ တာကောစကီး၊ နစ်ခ်ပုပ်တို့ ပါဝင်ခဲ့သလို ဝက်စ်ဟမ်း မှာတော့ မစ်ချယ်လီ အန်တိုနီယို၊ လင်ဂတ်၊ ဖော်နဲလ်စ်၊ ဘန်ရားမား၊ ဆိုရှက်ခ်၊ ခရက်စ်ဝဲလ်၊ ဖေဘီယန်စကီး တို့နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ပွဲအစပိုင်းမှာ အိမ်ရှင် ဘန်လေ တို့ ဝက်စ်ဟမ်း ဘက်ကို ဖိအားပေး ကစားနိုင်ခဲ့ပြီး မကြာမကြာ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကွင်းလယ်နဲ့ တောင်ပံက ဘရောင်းဟေးလ်၊ ဝက်စ်ဝုဒ်တို့ရဲ့ တိကျတဲ့ ပေးပို့မှုတွေနဲ့ ဂိုးရဖို့ ကြိုးစားခဲ့ပြီး ပွဲချိန် ၁၇ မိနစ် လောက် အရောက်မှာတော့ ဘန်လေတို့ ဂိုးရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဝက်စ်ဟမ်း ကွင်းလယ်က သောမက်စ် ဆိုရှက်ခ် အနေနဲ့ ခရစ္စဝုဒ်ကို ဂိုးဧရိယာထဲမှာ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့ ကွင်းလယ်ဒိုင်က ပင်နယ်တီ ပြစ်ဒဏ်ဘော အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ ခရစ္စဝုဒ် ကိုယ်တိုင်ပဲ အမှားအယွင်းမရှိ အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ ချက်ချင်း ဆိုသလိုပဲ လျင်လျင်မြန်မြန်နဲ့ တိုက်စစ် ပြန်ဆင်လာတဲ့ ဝက်စ်ဟမ်းတို့ ဦးဆောင်ဂိုးပေးပြီး ၂ မိနစ် အကြာမှာ ချေပဂိုး ပြန်ရသွားခဲ့ပါတယ်။ လင်ဂတ်ရဲ့ နောက်ပြန်ချပေးတဲ့ ဘောလုံးကို အသင့်ပါလာတဲ့ ကူဖဲလ်က ဂိုးဧရိယာထဲ ကန်တင် ပေးပို့ခဲ့ပြီး မစ်ချယ်လီ အန်တိုနီယိုက ခေါင်းတိုက်သွင်းယူခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ဝက်စ်ဟမ်းတို့ ဘန်လေ ဘက်ကို ပိုပြီး ဖိအားပေးကစားနိုင်ခဲ့တာ တွေ့ရပြီး ပွဲချိန် ၂၉ မိနစ်မှာ အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုလည်း မစ်ချယ်လီ အန်တိုနီယို ကပဲ တောင်ပံက ဘန်ရားမားရဲ့ ပေးပို့မှု တစ်ဆင့် ဘန်လေ နောက်ခံလူတွေ ကြားကနေ ပြေးထွက်ပြီး ပိတ်သွင်းပေးသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ဝက်စ်ဟမ်းတို့ ထိုးဖောက်မှု တချို့ ပြုလုပ်နိုင်ခဲ့ပေမယ့် ဘန်လေ နောက်တန်းရဲ့ ပိတ်ဆို့ ကစားမှုကြောင့် လက်ကျန် မိနစ်တွေမှာ သွင်းဂိုးတွေ ထပ်မမြင်ရတော့ပဲ ပွဲက တော်တော်လေး ပျင်းစရာကောင်းသွားခဲ့ပါတယ်။

ဘန်လေ ကတော့ အဆင့် ၁၆ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက အသင်းကို ၉ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရခဲ့တဲ့ ဘန်လေ

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ဒေးဗစ်မွိုက်စ်ရဲ့ အသင်းဟာ ပြီးခဲ့တဲ့ ရှုံးပွဲတွေကို ချေဖျက်ဖို့ အတွက် အသေအချာ ပြင်ဆင်လာခဲ့ပြီး အနိုင် ၃ မှတ်ကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ တောင်ပံနှစ်ဖက်က ဖော်နဲလ်စ်နဲ့ ဘန်ရားမား တို့ လုပ်အားနှုန်း ကောင်းခဲ့ပြီး တိုက်စစ်အတွက် အခွင့်အရေးတွေ အကြိမ်ကြိမ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဘန်လေ ကတော့ ဒီနေ့ပွဲမှာ ပထမပိုင်း မိနစ် ၂၀ လောက်အထိပဲ ပုံစံကောင်းရခဲ့ပြီး ကျန်ပွဲချိန် တော်တော်များများမှာ ဝက်စ်ဟမ်းရဲ့ ထိုးဖောက်မှုတွေကို တားဆီးရင်းနဲ့ပဲ အချိန်ကုန်ခဲ့ရပါတယ်။ ဝက်စ်ဟမ်း တို့ အခုနိုင်ပွဲကြောင့် ပရီးမီယားလိဂ် ၂ ပွဲဆက် ရှုံးနိမ့်မှုကို ရပ်တန့်နိုင်ခဲ့ပြီး အဆင့် ၄ နေရာက ချဲလ်ဆီးကို ၃ မှတ်အကွာနဲ့ ဆက်လက် ဖိအားပေးနိုင်ခဲ့ပါတယ်။ ဘန်လေ ကတော့ အဆင့် ၁၆ နေရာမှာပဲ ဆက်လက် ရပ်တည်နေခဲ့ပြီး ပရီးမီးယားလိဂ် တန်းဆင်းဇုန်ထဲက အသင်းကို ၉ မှတ် ဖြတ်ထားနိုင်ဆဲ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အခုလာမယ့် တနင်္ဂနွေနေ့မှာတော့ ဝက်စ်ဟမ်းတို့ အဲဗာတန်နဲ့ ကစားရဖို့ ရှိနေပြီး ဘန်လေ ကတော့ ဖူလ်ဟမ်ရဲ့ အိမ်ကွင်းကို သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်