နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဒုတိယအကျော့မှာ ရုန်းကန်ရတော့မယ့် ဗီလာနဲ့ ဖီအိုရင်တီးနား | ယူရိုပါကွန့်ဖရင့်လိဂ်

countdown banner

ဒီကနေ့ မနက် အစောပိုင်းမှာတော့ ယူရိုပါကွန့်ဖရင့်လိဂ် ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲစဉ်တွေလည်း ကစားသွားခဲ့ပြီး ဗီလာတို့ အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးကာ၊ ဖီအိုရင်တီးနား ကတော့ ခက်ခက်ခဲခဲ ကစားရင်း နိုင်ပွဲရသွားခဲ့ပါတယ်။

 

အက်စတွန်ဗီလာ ၂၄ အိုလံပီယာကော့စ်

အူနိုင်း အမ်မရီရဲ့ အသင်းဟာ ဒီရာသီ ဖလား တစ်လုံး ကိုင်မြှောက်နိုင်ရေး မျှော်လင့်ချက်နဲ့ ယူရိုပါကွန့်ဖရင့်လိဂ် ကို အားစိုက်နေပေမယ့် ဂရိကလပ်ကို အိမ်ကွင်းမှာ မထင်မှတ်ပဲ ဂိုးပြတ် အရေးနိမ့်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ ဗီလာက တော်တော်လေး တောင့်တင်းတဲ့ လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ဝက်ကင်န်၊ ဘိုင်လီ၊ မက်ဂင်းန်၊ လူးဝစ်ဇ်၊ ရော်ဂျာစ်၊ ဒီယာဘီ၊ ကွန်ဆာ၊ လန်းဂ်လတ်၊ ဒစ်ဂ်နီး၊ ကတ်ရှ်၊ အိုလ်ဆင် တို့နဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ အဓိက ဂိုးသမား မာတီနက်ဇ် ကတော့ ပေါင်ခြံ ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်းတော့ မရှိပါဘူး။ ဒီအချက်က ဗီလာ အတွက် ကြီးမားတဲ့ ထိုးနှက်ချက် ဖြစ်ခဲ့ပြီး အိုလံပီယာကော့စ်ကို ပျော်တိုင်း ဂိုးတွေ ပေးခဲ့ရတာ ဖြစ်ပါတယ်။ အိုလံပီယာကော့စ် ကတော့ ဥရောပ အတွေ့အကြုံရင့် အသင်းပီပီ ဗီလာကို ပါးပါးနပ်နပ် ကစားပြီး အဆုံးသတ် သေသေချာချာနဲ့ပဲ သွင်းဂိုးတွေ အရယူသွားခဲ့တာပါ။ ဂိုးပေါက် ကန်ချက် ၁၇ ကြိမ် ရခဲ့တဲ့ ဗီလာက သွင်းဂိုး ၂ ဂိုးသာ ရခဲ့ပြီး ၈ ကြိမ် ဂိုးပေါက် ကန်ရာမှာ ၅ ကြိမ် ဂိုးပေါက် တည့်ပြီး ၄ ဂိုး ရခဲ့တဲ့ ဂရိ ကလပ်ရဲ့ အဆုံးသတ်ပိုင်းက ချီးကျူးစရာ ဖြစ်ပါတယ်။

ဗီလာ အတွက် ဂိုးတွေ ကိုတော့ ဝက်ကင်န်နဲ့ ဒီယာဘီတို့က သွင်းယူပေးခဲ့ပြီး အိုလံပီယာကော့စ် အတွက်တော့ အဲလ်ခါဘီ တစ်ဦးတည်းက ဟက်ထရစ် သွင်းခဲ့ပြီး ဟက်ဇီ ကတော့ တစ်ဂိုး သွင်းပေးခဲ့ပါတယ်။ ဒီပွဲရလဒ်ကြောင့် ဗီလာတို့ ယူရိုပါကွန့်ဖရင့်လိဂ် ဗိုလ်လုပွဲ ရောက်ဖို့ တော်တော်လေး ဝေဝါးသွားခဲ့ပြီး ဒုတိယအကျော့ ဂရိမြေမှာ ၂ ဂိုးပြတ် နိုင်မှ ရတော့မှာပါ။

 

ဖီအိုရင်တီးနား ၃၂ ကလပ် ဘရုဂျက်

ဖီအိုရင်တီးနား ကလည်း ယူရိုပါကွန့်ဖရင့်လိဂ် ကို တော်တော်လေး အာရုံစိုက်နေတဲ့ အသင်း ဖြစ်ပြီး အိမ်ကွင်းမှာ အသာရဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း လျော့တွက်လို့ မရတဲ့ ဘရုဂျက်ရဲ့ ကစားပုံကြောင့် ဖီအိုရင်တီးနားတို့ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ၃-၂ ရလဒ်နဲ့ ကပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲ ကိုတော့ ဖီအိုရင်တီးနားတို့ တိုက်စစ်မှာ ဘယ်လော့တီကို အထောင်ထားပြီး သူတို့ရဲ့ အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့တာ ဖြစ်ပါတယ်။ ရလဒ်တွေ တောက်လျောက် ကောင်းနေခဲ့တဲ့ ဘရုဂျက် ကလည်း သူတို့ရဲ့ Form မိနေပြီးသား လူစာရင်း၊ အခင်းအကျင်းနဲ့ပဲ ဖီအိုရင်တီးနားကို လာရောက် ရင်ဆိုင်ခဲ့တာပါ။

ဖီအိုရင်တီးနားတို့ ပွဲချိန် ၅ မိနစ် မှာတင်ပဲ ဦးဆောင်ဂိုး ရခဲ့ပေမယ့် ဗနာကန်ရဲ့ ပင်နယ်တီ ဂိုးနဲ့ ချေပခြင်း ခံခဲ့ရပါတယ်။ အဲ့နောက် ၃၇ မိနစ်မှာ ဘယ်လော့တီက ဖီအိုရင်တီးနား အတွက် နောက်ထပ် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ ရိုဒရီဂတ်စ်က ပြန်လည် ချေပသွားခဲ့ပါတယ်။ ပွဲချိန် မိနစ် ၆၀ ကျော်မှာ ဘရုဂျက်တို့ တစ်ယောက် အထုတ်ခံခဲ့ရပြီး ၁၀ ယောက် ၁၁ ယောက် ဖြစ်သွားချိန်မှာ ဖီအိုရင်တီးနားတို့ အခွင့်အရေးတွေ ပိုရခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရုဂျက်ရဲ့ မာကျောတဲ့ ခံစစ်ကို ဖီအိုရင်တီးနားတို့ မကျော်ဖြတ်နိုင်ခဲ့သလို အခွင့်အရေးတွေလည်း အသုံးမချနိုင်ခဲ့ပါဘူး။ မိနစ် ၉၀ ပြည့်လို့ နာကျင် အချိန်ပို ၁ မိနစ် မှာတော့ အိမ်ရှင် အသင်း အတွက် လိုအပ်နေတဲ့ ဂိုးရခဲ့ပြီး အန်ဇိုလာက သွင်းယူပေးခဲ့လို့ ၃-၂ ရလဒ်နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဒီပွဲရလဒ်ကြောင့် ဒုတိယအကျော့ ဘယ်လ်ဂျီယံ မြေမှာ ဖီအိုရင်တီးနားတို့ အမှားခံလို့ မရတော့ပါဘူး။ ဘရုဂျက်ဟာ ဒီရာသီမှာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့တဲ့ အထိ အိမ်ကွင်း စွမ်းဆောင်ရည် ကောင်းတဲ့ အသင်း ဖြစ်တာကြောင့် ဖီအိုရင်တီးနား တို့ မလွယ်ပါဘူး။

ယူရိုပါကွန့်ဖရင့်လိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေ ကတော့ လာမယ့် မေလ ၁၀ ရက်နေ့မှ ဆက်လက် ယှဉ်ပြိုင်ကစားရမှာလည်း ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်