နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အိမ်ကွင်းမှာ ငှက်ကြားတွေရဲ့ ဂိုးပြတ်သိပ်ခြင်း ခံရပြီး ပြိုင်ပွဲ ကနေ ထွက်ခဲ့ရတဲ့ ယူနိုက်တက် | ခရာဘောင်ဖလား ပွဲပြီးသုံးသပ်ချက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရာဘောင်ဖလား စတုတ္ထအဆင့် နောက်ထပ် ပွဲတစ်ပွဲ မှာတော့ မန်ချက်စတာယူနိုက်တက်တို့ နယူးကာဆယ်ကို အိုးထရက်ဖို့ဒ်မှာ ၃-၀ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။ ယူနိုက်တက်တို့ အိုးထရက်ဖို့ဒ်မှာ နောက်ဆုံး ၂ ပွဲဆက် ၃ ဂိုးပြတ် ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပြီး ခရာဘောင်ဖလား ကနေ ထွက်ခွာခဲ့ရပြီ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ အဲရစ်ခ် တန်ဟက်ဂ် အနေနဲ့ ဘရူနို ဖာနန်ဒက်စ်ကို အနားပေးပြီး ကွင်းလယ်မှာ ကက်စ်မဲရိုး၊ မက်ဂျ်ဘရီနဲ့ မေဆန် မောင့်တို့ကို သုံးခဲ့ပါတယ်။ တောင်ပံနဲ့ တိုက်စစ် မှာတော့ ဂါနာချို၊ အန်တိုနီနဲ့ မာစီရယ်တို့ ပွဲထွက်ခဲ့ပြီး ခံစစ် မှာတော့ လင်ဒီလော့ဖ်၊ မက်ဂွိုင်းယား အတွဲအဖက်နဲ့ ရက်ဂီလွန်း၊ ဒါးလော့တ်နဲ့ အိုနာနာ တို့ ပါဝင်လာခဲ့ပါတယ်။ အက်ဒီဟောင်းရဲ့ နယူးကာဆယ် ကတော့ ဒူဗရက်ကာ၊ ခရက်ဖ်၊ လစ်ဗရာမန်တို၊ ဟောလ်၊ တားဂတ်၊ ဝေးလ်လော့ခ်၊ ဂေါ်ဒွန်၊ ဂျိုးလင်တန် တို့နဲ့ အတောင့်တင်းဆုံး ပွဲထွက်ခဲ့ပါတယ်။

ခရာဘောင်ဖလား ပြိုင်ပွဲ စတုတ္ထအဆင့် ကနေပဲ ထွက်ခွာခဲ့ရတဲ့ ယူနိုက်တက် ကတော့ အခုနှစ် အခုနှစ် ပြိုင်ပွဲစုံ အိမ်ကွင်း ပွဲစဉ် ၁၀ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ ၅ ပွဲ အထိ စံချိန်တင် ရှုံးနိမ့်ဖူးသွားပြီ ဖြစ်ပါတယ်။
အိမ်ကွင်း ပွဲစဉ် ၁၀ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ ၅ ပွဲ အထိ စံချိန်တင် ရှုံးနိမ့်ဖူးသွားပြီ ဖြစ်တဲ့ ယူနိုက်တက်

အိမ်ရှင် ဖြစ်တဲ့ ယူနိုက်တက်တို့ ဘောလုံးပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် တကယ်တမ်း ထိထိရောက်ရောက် ကစားသွားခဲ့တာက နယူးကာဆယ် တို့ပဲ ဖြစ်ပါတယ်။ ရှေ့လယ်နောက် နေရာစုံမှာ ပြောစရာ မရှိအောင် ကစားနိုင်ခဲ့ပြီး နယူးကာဆယ် ကွင်းလယ်နဲ့ တိုက်စစ် ချိတ်ဆက်မှုတွေ အောက်မှာ ယူနိုက်တက်တို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါကြောင့် ပထမပိုင်း မှာတင် ယူနိုက်တက်တို့ ကာဆယ်ကို ၂ ဂိုးပြတ် အရေးနိမ့်ခဲ့ရပြီး ဒုတိယပိုင်းမှာ နောက်တစ်ဂိုး ထပ်ပေးရကာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့တာ ဖြစ်ပါတယ်။ နယူးကာဆယ် အတွက် ဂိုးတွေ ကိုတော့ အဲလ်မီရွန်၊ ဟောလ်နဲ့ ဝေးလ်လော့ခ် တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ခရာဘောင်ဖလား တတိယအဆင့်မှာ မန်စီးတီး၊ စတုတ္ထအဆင့်မှာ ယူနိုက်တက်နဲ့ ဆက်တိုက် တွေ့ဆုံခဲ့ပေမယ့် အကောင်းဆုံး ကျော်ဖြတ်နိုင်ခဲ့တဲ့ အက်ဒီဟောင်းရဲ့ အသင်းကိုတော့ မဖြစ်မနေ ချီးကျူးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ငှက်ကြားတို့ ကွာတားဖိုင်နယ် မှာတော့ ချဲလ်ဆီးနဲ့ ထပ်မံ တွေ့ဆုံနေခဲ့ပြီး ထပ်မံကျော်ဖြတ်သွားနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်
နယူးကာဆယ် ယူနိုက်တက်
အာဆင်နယ်
1X2 နယူးကာဆယ် ယူနိုက်တက် @ 2.70
ဂိုးပေါ် 2.75 @ 2.17
ဂိုးပေါင်း 0-1 @ 3.45
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ခရာဘောင်ဖလား ပြိုင်ပွဲ စတုတ္ထအဆင့် ကနေပဲ ထွက်ခွာခဲ့ရတဲ့ ယူနိုက်တက် ကတော့ အခုနှစ် အခုနှစ် ပြိုင်ပွဲစုံ အိမ်ကွင်း ပွဲစဉ် ၁၀ ပွဲ ကစားပြီးချိန်မှာ ရှုံးပွဲ ၅ ပွဲ အထိ စံချိန်တင် ရှုံးနိမ့်ဖူးသွားပြီ ဖြစ်ပါတယ်။ ဒါဟာ အသင်း ရဲ့ 1930-31 နောက်ပိုင်း ပထမဆုံး အကြိမ်လည်း ဖြစ်ပါတယ်။ ယူနိုက်တက်တို့ လာမယ့် နိုဝင်ဘာ ၄ ရက်မှာ ဖူလ်ဟမ်နဲ့ အဝေးကွင်း ပွဲစဉ် ကစားရဖို့ ရှိသလို နယူးကာဆယ် ကတော့ ၅ ရက်နေ့မှာ အာဆင်နယ်နဲ့ ပွဲကြပ် ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်