နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အားနည်းနေတဲ့ ခံစစ်နဲ့ မန်စီးတီးကို ရင်ဆိုင်ရမယ့် ယူနိုက်တက် | ကွန်မြူနတီဒိုင်း

မန်ချက်စတာယူနိုက်တက် ကတော့ ပရီးမီးယားလိဂ် ချန်ပီယံ မန်စီးတီးနဲ့ ကစားရမယ့် ကွန်မြူနတီဒိုင်း ပွဲစဉ် အတွက် ခံစစ်ပိုင်းမှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့ ကစားသမား ၃ ဦးသာ ရှိနေတာ ဖြစ်ပါတယ်။ ဒီလို ပွဲထွက်နိုင်မယ့် ခံစစ် ကစားသမား အနည်းငယ်သာ ရှိနေချိန် မှာတော့ ယူနိုက်တက် နည်းပြ အဲရစ်ခ် တန်ဟက်ဂ်က သူ့ အနေနဲ့ စွန့်စားမှု ကြီးကြီးမားမား လုပ်ဆောင်သွားမှာ မဟုတ်ဘူးလို့ ပြောကြားလာခဲ့ပါတယ်။

 ၂၀၂၄/၂၀၂၅ ဘောလုံးရာသီ အဖွင့် ပွဲစဉ် အဖြစ် ကွန်မြူနတီဒိုင်း ပြိုင်ပွဲကို ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးနဲ့ အက်ဖ်အေဖလား ချန်ပီယံ ယူနိုက်တက်တို့ ဒီကနေ ည လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။ ဒီပွဲ မတိုင်မီ ယူနိုက်တက် အသင်းရဲ့ ခံစစ်ပိုင်း မှာတော့တွင် ကြံ့ခိုင်မှု ပြည့်ဝနေတဲ့ စီနီယာ ကစားသမားတွေ အဖြစ် ဂျွန်နီ အီဗန့်စ်၊ လီဆန်ဒရို မာတီနက်ဇ်နဲ့ ဒီယိုဂို ဒါးလော့တ်တို့ ၃ ဦးသာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒီနွေရာသီမှာ အသစ် ခေါ်ယူထားတဲ့ လီနီ ယိုရိုနဲ့ တိုင်ရဲလ် မာလာဆီယာ တို့ကတော့ ဒဏ်ရာကြောင့် လွဲချော်မှာ ဖြစ်သလို ဟယ်ရီ မက်ဂွိုင်းယား၊ ဗစ်တာ လင်ဒီအော့ဖ်၊ လုခ် ရှောနဲ့ အာရွန် ဝမ်ဘစ်ဆာခါ တို့ကလည်း ပါဝင်ကစားဖို့ မသေချာသေးပါဘူး။

ဒါကြောင့် တန်ဟက်က ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ “ကျွန်တော်တို့ အမြဲတမ်း အနိုင်ရချင်ပါတယ်။ ခြေစမ်းပွဲတွေ မှာတောင် အနိုင်ရချင်တာပါ။ ဒါက ဆုဖလား တစ်ခု ရမယ့် ပြိုင်ပွဲပါ။ ဒီဆုကို ရယူနိုင်ဖို့ ပြိုင်ဆိုင်မှု အရမ်း ပြင်းထန်တဲ့ အသင်းကို ရင်ဆိုင်ရမှာပါ။ ဒါက ရာသီကြိုကာလလည်း ဖြစ်ပါတယ်။ ကစားသမားတွေနဲ့ ကြီးမားတဲ့ စွန့်စားမှုမျိုးတော့ ကျွန်တော်တို့ မလုပ်စေပါဘူး။ လီချာ (လီဆန်ဒရို မာတီနက်ဇ်) ဒီပွဲမှာ ပါဝင်နိုင်ဖို့တော့ ကျွန်တော် စဉ်းစားနေဆဲပါ” လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄/၂၀၂၅ ဘောလုံးရာသီ အဖွင့် ပွဲစဉ် အဖြစ် ကွန်မြူနတီဒိုင်း ပြိုင်ပွဲကို ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့တဲ့ မန်စီးတီးနဲ့ အက်ဖ်အေဖလား ချန်ပီယံ ယူနိုက်တက်တို့ ဒီကနေ ည လန်ဒန်မြို့ရှိ ဝင်ဘလေကွင်းမှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။
မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ အသာရနေဆဲ ဖြစ်တဲ့ ယူနိုက်တက်

ဆက်လက်ပြီး တန်ဟက်ဂ်က နိုင်ငံတကာ ပွဲစဉ်တွေ ကစားပြီး ပြန်ရောက်လာတဲ့ ဘရူနို ဖာနန်ဒက်စ်၊ ဂါနာချို တို့နဲ့ ပတ်သက်ပြီးတော့လည်း “အဲဒါက တစ်ဦးချင်း အပေါ်မှာပဲ မူတည်ပါတယ်။ လူတိုင်းမှာ မတူညီတဲ့ အကြောင်းအရာတွေ ရှိနေကြပါတယ်။ ကျွန်တော်တို့က သူတို့ကို အနားပေးထားတဲ့ အစီအစဉ်တွေထဲ ထည့်သွင်းထားပေမဲ့ ကျွန်တော်တို့ အမေရိကမှာ ရှိနေချိန်မှာလည်း သူတို့က မတူညီတဲ့ ပုံစံတွေနဲ့ စတင်နေကြပါတယ်။ သူတို့ ပွဲထွက်စာရင်းမှာ ပါဝင်နိုင်မလား၊ အရန်ခုံကနေ ဝင်ကစားနိုင်မလား ဒါမှမဟုတ် မကစားနိုင်ဘူးလား ဆိုတာကိုတော့ ကျွန်တော်တို့ အကဲဖြတ်ပြီးတော့ ဆုံးဖြတ်သွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃/၂၀၂၄ ဘောလုံးရာသီမှာ မန်ချက်စတာ နှစ်သင်းက ၃ ကြိမ် တွေ့ဆုံထားခဲ့ပြီး မန်စီးတီးက ပရီးမီးယားလိဂ် အဝေးကွင်း ပွဲစဉ်မှာ ၀-၃၊ အိမ်ကွင်း ပွဲစဉ်မှာ ၃-၁ ရလဒ်တွေနဲ့ နှစ်ကျော့စလုံး အနိုင်ရထားခဲ့ပါတယ်။ ဒါပေမယ့်လည်း အက်ဖ်အေဖလား ဗိုလ်လုပွဲ မှာတော့ ယူနိုက်တက်က ၂-၁ ရလဒ်နဲ့ အနိုင်ရကာ မထင်မှတ်ပဲ ဗိုလ်စွဲထားခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ မန်ချက်စတာ မြို့ခံ နှစ်သင်းရဲ့ အဓိက ပြိုင်ပွဲတွေမှာ ၁၉၄ ကြိမ်မြောက် တွေ့ဆုံမှု ဖြစ်ပြီး ဒီပွဲမတိုင်ခင် ယူနိုက်တက်က ၇၉ ပွဲ နိုင်ကာ၊ မန်စီးတီးက ၆၁ ပွဲ နိုင်၊ ၅၃ ပွဲ သရေကျထားပါတယ်။ ဒီနှစ်သင်းက ကွန်မြူနတီဒိုင်း ပြိုင်ပွဲ မှာတော့ နှစ်ကြိမ်သာ တွေ့ဆုံခဲ့ဖူးပြီး ယူနိုက်တက်က ၁၉၅၆နဲ့ ၂၀၁၁ ခုနှစ် တို့မှာ နှစ်ကြိမ်စလုံး အနိုင်ရထားပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်