နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဆိုးရွားတဲ့ ခြေစွမ်းနဲ့ ဘရိုက်တန်ကို ရှုံးပြီး အက်ဖ်အေဖလား တတိယအဆင့် ကနေ ထွက်ခွာခဲ့ရတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် ကတော့ အက်ဖ်အေဖလား တတိယအဆင့်မှာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၁-၂ နဲ့ အရေးနိမ့်ပြီး ပြိုင်ပွဲ ကနေ စောစောစီးစီး ထွက်ခွာခဲ့ရပြီပဲ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ ဒီရာသီမှာ ဖြစ်နိုင်ခြေ ရှိတဲ့ ဆုဖလား မျှော်လင့်ချက် ဖြစ်တဲ့ ခရာဘောင်ဖလား ကနေရော၊ အက်ဖ်အေဖလား ကနေပါ စောစောစီးစီး ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ 

ဒါ့အပြင် ယူနိုက်တက်က ပြည်တွင်းဖလား ပြိုင်ပွဲတွေ ကနေ ထွက်ခွာခဲ့ရတာ အပြင် ဥရောပပြိုင်ပွဲတွေ ကစားဖို့ မရှိတာကြောင့်ပါ ဒီရာသီမှာ စုစုပေါင်း ပွဲ ၄၀ ပဲ ကစားရတော့မှာလည်း ဖြစ်ပါတယ်။ ဒါဟာ ပထမကမ္ဘာစစ်ကြောင့် ဖလားပွဲစဉ်တွေ မရှိခဲ့တဲ့ ၁၉၁၄-၁၉၁၅ ဘောလုံးရာသီ နောက်ပိုင်း ယူနိုက်တက်ရဲ့ အတိုတောင်းဆုံး ဘောလုံးရာသီ ဖြစ်လာတော့မှာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ တရာသီ အတွင်း ၄၅ ပွဲ ဒါမှမဟုတ် အဲဒီထက် နည်းတဲ့ ပွဲအရေအတွက်နဲ့ ကစားခဲ့ရတဲ့ နောက်ဆုံး အချိန်က လွန်ခဲ့တဲ့ ၁၁ နှစ်က ဖြစ်ပါတယ်။ အဲဒီတုန်းက ဝဲလ်ဘက်ခ် ကပဲ အာဆင်နယ် အတွက် အိုးထရက်ဖို့ဒ်မှာ အနိုင်ဂိုးသွင်းပြီး ယူနိုက်တက်ကို ၂-၁ နဲ့ အက်ဖ်အေဖလား ကနေ ထွက်စေခဲ့တာ ဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ ခရာဘောင်ဖလား ဒုတိယအဆင့်မှာ ဂရင်းမ်စဘီတောင်းကို ရှုံးနိမ့်ခဲ့သလို၊ အခုလည်း အက်ဖ်အေဖလားမှာ ဘရိုက်တန်ကို ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာကြောင့် ၁၉၈၁-၈၂ ရာသီနောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ပြည်တွင်းဖလား ပြိုင်ပွဲ နှစ်ခုလုံးရဲ့ အစောဆုံး အဆင့် မှာတင် ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အမော်ရင် မရှိတော့တဲ့နောက် ယာယီ နည်းပြ ဒါရင်း ဖလက်ချာ ကိုင်တွယ်တဲ့ ၂ ပွဲစလုံး နိုင်ပွဲ မရခဲ့ဘဲ အခုပွဲမှာလည်း ယူနိုက်တက်က လီဆန်ဒရို မာတီနက်ဇ်၊ ဘရူနို ဖာနန်ဒက်ဇ်၊ ဘင်ဂျာမင် ဆက်စ်ကို တို့က လွဲလို့ ကျန် ကစားသမားတွေ အားလုံး ခြေစွမ်းပိုင်း ဆိုးရွားခဲ့ပါတယ်။ တိုက်စစ်မှူး ဘင်ဂျာမင် ဆက်စ်ကိုဟာ ဂိုးပေါက် ကန်ချက် ၃ ကြိမ်ထဲမှာ ၁ ကြိမ်သာ ဂိုးပေါက်တည့်ပြီး သွင်းဂိုး ၁ ဂိုး ရခဲ့ပေမယ့် ကူညာ ကတော့ ဂိုးကန်ချက် ၃ ကြိမ်စလုံး ဂိုးပေါက် မတည့်ခဲ့ပါဘူး။ 

အဲဒီတုန်းက ဝဲလ်ဘက်ခ် ကပဲ အာဆင်နယ် အတွက် အိုးထရက်ဖို့ဒ်မှာ အနိုင်ဂိုးသွင်းပြီး ယူနိုက်တက်ကို ၂-၁ နဲ့ အက်ဖ်အေဖလား ကနေ ထွက်စေခဲ့တာ ဖြစ်ပါတယ်။
၂၀၁၄ ခုနှစ် နောက်ပိုင်း အက်ဖ်အေဖလား တတိယအဆင့် ကနေ ထွက်ခွာခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်

တစ်ဖက် မှာတော့ ဘရိုက်တန်က ခံစစ်ပိုင်းက တောင့်တင်းခဲ့သလို တိုက်စစ် ကလည်း ထိထိရောက်ရောက် ကစားနိုင်ခဲ့ပါတယ်။ အခုပွဲ မတိုင်ခင် နောက်ဆုံး ၈ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရထားခဲ့တဲ့ ဘရိုက်တန်ရဲ့ တိုက်စစ်ကိုတောင် ယူနိုက်တက် ခံစစ်က သေသေချာချာ မထိန်းချုပ်နိုင်ခဲ့ပဲ ဂိုးပေါက် ကန်ချက် ၁၃ ကြိမ်၊ အပိုင်အခွင့်အရေး ဖန်တီးနိုင်မှု ၄ ကြိမ် အထိ ခွင့်ပြုခဲ့ရတဲ့ အပြင် ဒီယိုဂို ဒါးလော့တ် ကလည်း အပိုင် အခွင့်အရေး ၁ ကြိမ် ဖြုန်းတီးခဲ့သလို ခံစစ် မှာလည်း အားနည်းချက် ရှိခဲ့ပါတယ်။ ဒါ့အပြင် ဒန်နီ ဝဲလ်ဘက်ခ် ကလည်း အသင်းဟောင်းနဲ့ တွေ့ရင် အမြဲတမ်း ဒုက္ခပေးနိုင်ခဲ့ပြီး ဒီပွဲမှာလည်း ထုံးစံအတိုင်း ယူနိုက်တက် ဘက်ကို ဂိုးသွင်းနိုင်ခဲ့ပြန်ပါတယ်။ 

ဘရိုက်တန် အတွက် အဖွင့်ဂိုးကို ၁၂ မိနစ်မှာ ဂရူဒါက သွင်းခဲ့ပြီး ဒုတိယပိုင်း ၆၄ မိနစ်မှာ ဂရူဒါ ပေးတာကနေ ဝဲလ်ဘက်ခ်က ဒုတိယဂိုး ထပ်မံ သွင်းယူနိုင်ခဲ့ပါတယ်။ ဝဲလ်ဘက်ခ်ဟာ ပြိုင်ပွဲစုံမှာ ယူနိုက်တက် ဘက်ကို ၈ ဂိုးမြောက် သွင်းယူနိုင်ခဲ့တာ ဖြစ်ပြီး သူ့ရဲ့ ကစားသမား ဘဝ တစ်လျှောက် ဝက်စ်ဟမ်း (၈ ဂိုး)နဲ့ အတူ ယူနိုက်တက်ဘက်ကို ဂိုးအများဆုံး သွင်းနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အဲဒီနောက် ၈၅ မိနစ်မှာ ဆက်စ်ကိုက ယူနိုက်တက် ဘက်ကို ချေပဂိုး ပြန်သွင်းနိုင်ခဲ့ပေမယ့် ဆေးမမှီတော့ပဲ ၁-၂ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ လူငယ်နောက်ခံလူ လေစီရဲ့ စိတ်မထိန်းနိုင်တဲ့ အပြုအမူကြောင့် ၂ ဝါ ၁ နီနဲ့ အထုတ်ခံခဲ့ရပြီး ယူနိုက်တက်တို့ ပိုပြီး အားနည်းသွားခဲ့ရပါတယ်။ အက်ဖ်အေဖလား တတိယအဆင့် ကနေ ယူနိုက်တက်တို့ စောစောစီးစီး ထွက်ခဲ့ရတာက ၂၀၁၄ တုန်းက နောက်ဆုံး ဖြစ်ပြီး ဆယ်စုနှစ် တစ်ခုကျော် အကြာ မှာတော့ မှတ်တမ်းဆိုးနဲ့ ပြန်လည် ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ 

လက်ရှိမှာ ယူနိုက်တက်က နည်းပြကို ထုတ်ပယ်ခဲ့ပေမယ့်လည်း တချို့သော ကစားသမားတွေရဲ့ ခြေစွမ်းပိုင်းရော၊ စိတ်ဓာတ်ပိုင်းမှာပါ တိုးတက်လာခြင်း မရှိတဲ့ ပုံစံတွေကြောင့် အနာဂတ် ကတော့ တော်တော်လေး စိုးရိမ်စရာကောင်းနေပြီ ဖြစ်ပါတယ်။ ယူနိုက်တက် တာဝန်ရှိသူတွေ အနေနဲ့ လက်ရှိ ခက်ခဲနေတဲ့ အခြေအနေတွေကို ကျော်ဖြတ်နိုင်ဖို့ ဘယ်လိုမျိုး ပြင်ဆင်မှုတွေ ပြုလုပ်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

   

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , X and အင်စတာဂရမ်

လိုက်ဖ်ချက်