ဘန်လေ ၀ – ၁ မန်ချက်စတာယူနိုက်တက်
မန်ချက်စတာယူနိုက်တက်တို့ ပရီးမီးယားလိဂ် ပွဲစဉ် ၁ ပွဲကျန် အဖြစ် ဘန်လေနဲ့ ယှဉ်ပြိုင်ကစားခဲ့ပြီး ပေါလ်ပေါ့ဘာရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ယူနိုက်တက်တို့ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား ကိုင်တွယ်နေတဲ့ ကာလအတွင်း ပထမဦးဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ပြန်လည် ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်တို့ အခုပွဲမတိုင်ခင်က လစ်ဗာပူးလ်နဲ့ ရမှတ်တူ တစ်ပွဲလျော့နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေခဲ့လို့ ထိပ်ဆုံးနေရာကို တက်လှမ်းနိုင်ရေး အတွက် လူစာရင်း အပြည့်အစုံ ပွဲထွက်လာခဲ့ပါတယ်။ နည်းပြ အိုလီဂန်နာ ဆိုးလ်ရှား အနေနဲ့ တိုက်စစ်မှာ ကာဗာနီကို အထောင်ထားပြီး မာစီရယ်နဲ့ ရက်ရှ်ဖို့ဒ်ကို တောင်ပံနှစ်ဖက်၊ ဘရူနိုဖာနန်ဒက်စ်၊ မားတစ်နဲ့ ပေါ့ဘောတို့ကို ကွင်းလယ် အထိုင်နေရာ၊ နောက်တန်းမှာ လုခ်ရှော၊ မက်ဂွိုင်းယား၊ ဘိုင်ယီ၊ ဝမ်ဘစ်ဆာခါ၊ ဂိုးမှာ ဒါးဗစ် ဒက်ဟဲရားတို့ကို အသုံးပြုခဲ့ပါတယ်။ ဘန်လေ မှာတော့ ခရစ္စဝုဒ်၊ အက်ရှ်လေဘန်းစ်၊ ဘရက်ဒီ၊ ဝက်စ်ဝုဒ်၊ ဘရောင်းဟေးလ်၊ ဂတ်မန်ဆန်၊ ပိုင်တားစ်၊ ဘန်မီး၊ တာကောစကီး၊ လိုတန်၊ နစ်ခ်ပုပ် တို့ ပါဝင်လာခဲ့ပါတယ်။ ဘန်လေတို့ အရင်လို ခံစစ်ပုံစံကောင်း ပြန်ရနေလို့ မန်ချက်စတာယူနိုက်တက်တို့ ပွဲအစကတည်းက ဂိုးရဖို့ ကြိုးပမ်းခဲ့ပေမယ့် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ဘန်လေ ဘက်ကို ပွဲချိန်ပြည့် တရစပ် ထိုးဖောက်နေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်တို့ ၇၁ မိနစ် အရောက်မှာတော့ ဂိုးရသွားခဲ့ပါတယ်။ ရက်ရှ်ဖို့ဒ်ရဲ့ ဧရိယာ ထိပ်ကို ပြန်ချိုးပေးတဲ့ ဘောလုံးကို ဧရိယာထိပ်ကနေ ပေါ့ဘာက အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ယူနိုက်တက်တို့ မားကပ်စ်ရက်ရှ်ဖို့ဒ်အစား မေဆင်ဂရင်းဝုဒ်၊ ဘရိူနိုဖာနန်ဒက်စ်အစား မက်တော်မီနေး၊ မာစီရယ်အစား တွမ်ဇီဘီ တို့ကို လူစားလဲခဲ့ပြီး ပွဲကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့လို့ ပွဲအပြီးမှ ၀-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ယူနိုက်တက်တို့ အခုပွဲမှာ အနိုင်ရဖို့ အတွက် သေချာ အာရုံစိုက် ကစားခဲ့ပြီး တကယ်တမ်းမှာလည်း ပေါ့ဘာရဲ့ သွင်းဂိုး ၁ ဂိုးတည်းနဲ့ လုံလောက်ခဲ့ပါတယ်။ အခုပွဲအပြီးမှာ ယူနိုက်တက် အနေနဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယ နေရာက လစ်ဗာပူးလ်ကို ၃မှတ်ဖြတ်ပြီး လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်တို့ ရက်ပေါင်း ၈၈၇ ရက် အကြာမှာ ပထမဦးဆုံး အကြိမ် အမှတ်ပေးဇယား အဆင့် ၁ နေရာကို ပြန်လည်ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် ပွဲစဉ် ၁၈ မှာတော့ လစ်ဗာပူးလ်နဲ့ ကစားရမှာ ဖြစ်လို့ ထိပ်ဆုံးမှာ ဆက်လက် ရပ်တည်နိုင်ဖို့ စိန်ခေါ်မှုတစ်ခုကို ကျော်ဖြတ်ရဖို့ ရှိနေခဲ့ပါတယ်။ နိုင်ပွဲရခဲ့မယ်ဆိုရင်တော့ ရမှတ် ၆ မှတ်အထိ ဖြတ်ပြီး ဦးဆောင်နိုင်မှာ ဖြစ်သလို ရှုံးနိမ့်ခဲ့ရင်တော့ အဆင့် ၂ နေရာကို ပြန်ဆင်းပေးရမှာ ဖြစ်ပါတယ်။ ဘန်လေ ကတော့ အခုရှုံးပွဲကြောင့် ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၆ နေရာမှာ ဆက်လက်ရပ်တည်ခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
ဘန်လေတို့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက်ကစားဖို့ ရှိပြီး မန်ချက်စတာယူနိုက်တက် ကတော့ လစ်ဗာပူးလ်ကို အန်ဖီးလ်မှာ သွားရောက်ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.