နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂိုး ၁၀၀၀ သွင်းဖို့ အားခဲနေတဲ့ ရော်နယ်ဒို | နေးရှင်းလိဂ်

ပေါ်တူဂီ လက်ရွေးစင် အသင်းခေါင်းဆောင် ခရစ္စတီယာနို ရော်နယ်ဒို ကတော့ စကော့တလန်နဲ့ နေးရှင်းလိဂ် ပွဲစဉ်မှာ လူစားဝင်လာပြီးနောက် သူ့ရဲ့ ၉၀၁ ဂိုးမြောက် ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒါကြောင့် ပေါ်တူဂီ လက်ရွေးစင် အသင်းရဲ့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်က အနိုင်ဂိုး သွင်းယူပေးခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ ဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ ဆက်သွားနေပြီ ဖြစ်ကြောင်း ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၈ ရက်နေ့က ယှဉ်ပြိုင် ကစားခဲ့တဲ့ နေးရှင်းလိဂ် အေ ရဲ့ အုပ်စု ၁ ဒုတိယ ပွဲစဉ်မှာ ပေါ်တူဂီက စကော့တလန်ကို အိမ်ကွင်းမှာ နောက်ကနေ လိုက်ကစားခဲ့ရပြီး (၂-၁) ရလဒ်နဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ပွဲအစ ၇ မိနစ်မှာတင်ပဲ မက်တော်မီနေးက စကော့တလန် အတွက် ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ၅၄ မိနစ် မှာတော့ ဘရူနို ဖာနန်ဒက်စ်က ၁၈ ကိုက်စည်း အပြင် ကနေ ပေါ်တူဂီ အတွက် ချေပဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း အစမှာ လူစားဝင်လာတဲ့ ရော်နယ်ဒို ကတော့ ပွဲချိန် ၈၈ မိနစ်မှာ ဘယ်ခြမ်း ကနေ နူနို မန်ဒက်စ်ရဲ့ ဖြတ်တင်ဘောကို အနီးကပ် ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၃၉ နှစ် အရွယ် ရှိပြီ ဖြစ်တဲ့ ရော်နယ်ဒိုက ခရိုအေးရှားကို အနိုင်ရခဲ့တဲ့ အုပ်စု အဖွင့်ပွဲစဉ်မှာ ကစားသမား ဘဝ သွင်းဂိုး ၉၀၀ ပြည့်မြောက်ခဲ့ပြီး စကော့တလန်နဲ့ ပွဲမှာ တစ်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့တာကြောင့် သွင်းဂိုး စုစုပေါင်းမှာ ၉၀၁ ဂိုး အထိ ရှိလာပြီ ဖြစ်ပါတယ်။ ရော်နယ်ဒို အနေနဲ့ စပိုတင်းလစ္စဘွန်း အတွက် ပွဲပေါင်း ၃၁ ပွဲမှာ ၅ ဂိုး၊ ယူနိုက်တက် အတွက် ပထမအကြိမ်မှာ ၂၉၂ ပွဲ ကစားပြီး ၁၁၈ ဂိုး၊ ဒုတိယအကြိမ်မှာ ၅၄ ပွဲ ကစားပြီး ၂၇ ဂိုး၊ ရီးရဲလ်မက်ဒရစ် အတွက် ၄၃၈ ပွဲ ကစားရာမှာ ၄၅၀ ဂိုး၊ ဂျူဗင်တပ်စ် အတွက် ၁၃၄ ပွဲမှာ ၁၀၁ ဂိုး၊ အဲလ်နာဆာ အတွက် ၇၄ ပွဲမှာ ၆၈ ဂိုး၊ ပေါ်တူဂီ လက်ရွေးစင် အသင်း အတွက် ၂၁၄ ပွဲမှာ ၁၃၂ ဂိုး စုစုပေါင်း ပြိုင်ပွဲစုံ ၁၂၃၇ ပွဲ ကစားပြီး ၉၀၁ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ဘရူနို ဖာနန်ဒက်စ်က “ရော်နယ်ဒိုဟာ အရန်ခုံ ကနေ စတင် ကစားရတာ ဖြစ်စေ၊ မကစားရတာ ဖြစ်စေ လွှမ်းမိုးထားနိုင်မှု ကတော့ အမြဲတမ်း အတူတူပါပဲ။ အားလုံးက ကွဲပြားခြားနားအောင် လုပ်နိုင်ပါတယ်။ ခရစ္စတီယာနိုက တစ်ဂိုး သွင်းယူခဲ့ပြီး ဒီနေ့မှာ ၉၀၁ ဂိုး ရှိလာပါပြီ။ အခုဆိုရင် သူက ၁၀၀၀ ဆီ ဆက်သွားနေပါပြီ။ အဲဒါက သူလိုချင်တဲ့ အရာပါ” လို့ ချီးကျူး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ရော်နယ်ဒို ကတော့ ခရိုအေးရှားနဲ့ နေးရှင်းလိဂ် ပွဲမှာ ဂိုး ၉၀၀ ပြည့် သွင်းယူနိုင်ခဲ့ပြီးနောက် သူ့အနေနဲ့ စံချိန် မှတ်တမ်းများနောက် လိုက်နေတာ မဟုတ်ဘဲ စံချိန်တွေ ကသာ သူ့ရဲ့ အနောက်ကို လိုက်နေတာ ဖြစ်ကြောင်း ကြုံးဝါး ပြောဆိုထားပါတယ်။ ရော်နယ်ဒိုဟာ နောက်ပိုင်း နှစ်တွေမှာ ဆုဖလား အောင်မြင်မှုတွေထက် တစ်ဦးချင်း ဆုတံဆိပ်၊ အောင်မြင်မှုနဲ့ စံချိန်တွေ ဆက်တိုက် ရရှိနေဆဲ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်