နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးသုံးသပ်ချက် | စပိန် ၁-၂ ဆွစ်ဇာလန် (နေးရှင်းလိဂ်)

စပိန် ၁-၂ ဆွစ်ဇာလန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ် (A) အုပ်စု (၂) ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ဆွစ်ဇာလန်တို့ စပိန်ကို အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ ပွဲမှာ စပိန် အသင်းက ဂိုးသမား အူနိုင်း ဆီမွန်၊ ခံစစ်မှာ ခံစစ်မှာ ပါအူ တောရက်စ်၊ အဲရစ် ဂါစီယာ၊ အက်ဇ်ပီလီကွေတာနဲ့ ဂျော်ဒီ အယ်လ်ဘာ တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ် မှာတော့ ဆာဂျီယို ဘူးစကွက်စ်၊ ပက်ဒရီနဲ့ ဂါဗီတို့ ဘာစီလိုနာ အတွဲကို ခင်းကျင်းခဲ့သလို တိုက်စစ် မှာတော့ ဖယ်ရန် တောရက်စ်၊ အဆန်စီယိုနဲ့ ဆာရားဘီးယား တို့ကိုပွဲထုတ်လာခဲ့ပါတယ်။

ဧည့်သည် ဆွစ်ဇာလန် တို့ကတော့ ဂိုးသမား ဆွမ်းမား၊ ခံစစ်မှာ အာကန်ဂျီ၊ အယ်လ်ဗက်ဒီ၊ ဗစ်ဒ်မာနဲ့ ရိုဒရီးရက်ဇ် တို့ကို အထိုင်ချခဲ့ပြီး ကွင်းလယ် မှာတော့ ချာကာ၊ ဖရီအူလာနဲ့ ဆိုးဝ် တို့ကို တွဲပေးခဲ့သလို တိုက်စစ် မှာတော့ ဘရီးလ် အမ်ဘိုလို၊ ဗားဂက်စ်နဲ့ ရှာကီရီ တို့ကို အသုံးပြုခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

စီးရီးအေ
နာပိုလီ
တိုရီနို
1X2 သရေ @ 3.70
ဂိုးအောက် 1.00 @ 2.07
ပထမပိုင်း ဂိုးပေါ် 1.25 @ 2.29
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲစတယ် ဆိုတာနဲ့ စပိန်တို့ ဘောလုံး ပိုင်ဆိုင်မှုကို အသာနဲ့ ကစားခဲ့ပြီး ဆွစ်ဇာလန် ကတော့ အဝေးကွင်းမှာ တန်ပြန် တိုက်စစ်ပဲ ကစားဖို့ ကြိုးစားခဲ့ပြီး လျင်မြန်တဲ့ ဧည့်သည် အသင်းရဲ့ တိုက်စစ်ကို အဲရစ် ဂါစီယာ ပါလာတဲ့ စပိန် ခံစစ်က ပျာပျာသလဲ ခုခံ ကာကွယ်နေခဲ့ရပါတယ်။ ပွဲချိန် ၂၁ မိနစ် မှာတော့ ဆွစ်ဇာလန်တို့ ဦးဆောင်ဂိုးကို စတင်ရရှိခဲ့ပြီး ဒီဂိုး ကိုတော့ ထောင့်ကန်ဘော ကတစ်ဆင့် အာကန်ဂျီက ခေါင်းတိုက် အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။ စပိန်က အခွင့်အရေး ဖန်တီးမှု အပိုင်း မှာလည်း အားနည်းနေခဲ့ပြီး ပထမပိုင်း အပြီး မှာတော့ ဆွစ်ဇာလန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ကြပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၅ မိနစ် မှာတော့ စပိန်တို့ ချေပဂိုး ရသွားခဲ့ပြီး ဒီဂိုးကိုတော့ အဆန်စီယိုရဲ့ ကွင်းလယ် ကနေ တစ်ကိုယ်တော် အစွမ်းနဲ့ ဆွဲပြေးလာပြီးနောက် ခင်းပေးရာ ကနေ နောက်ခံလူ ဂျော်ဒီ အယ်လ်ဘာက ဧရိယာထဲ အထိ ဝင်ရောက်ပြီးမှ အပြင်းကန်သွင်း ရယူသွားနိုင်ခဲ့လို့ တစ်ဂိုးစီ သရေ ဖြစ်နေခဲ့ပါတယ်။ စပိန်တို့ရဲ့ အပျော်တွေ ၃ မိနစ်သာ ခံလိုက်ပြီး ပွဲချိန် ၅၈ မိနစ်မှာ ဆွစ်ဇာလန်တို့ အနိုင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။

ဒီဂိုး ကလည်း ထောင့်ကန်ဘောက တဆင့် ဗားဂက်စ် တင်ပေးတာကို အာကန်ဂျီက နောက်ပေါက်နဲ့ ချပေးရာကနေ တိုက်စစ်မှူး အမ်ဘိုလိုက အနီးကပ် ပိတ်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နှစ်သင်းစလုံး ကစားသမား အပြောင်းအလဲ ကိုယ်စီ ပြုလုပ်ခဲ့ကြပါတယ်။ စပိန်တို့ ပွဲကို ထိန်းချုပ်ပြီး ချေပဂိုး ပြန်ရဖို့ အားထုတ်ခဲ့ပေမယ့် ဆွစ်ခံစစ်နဲ့ ဂိုးသမား ဆွမ်မားကို မကျော်ခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပါတယ်။

အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတဲ့ စပိန်တို့အနေနဲ့ ဒီပွဲမတိုင်ခင် အထိ နေးရှင်းလိဂ် ရှုံးပွဲမရှိခဲ့သလို အုပ်စု(၂)ကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယ နေရာကို ၈ မှတ်နဲ့ ဆင်းပေးလိုက်ရပါတယ်။
အခုနှစ် နေးရှင်းလိဂ်မှာ ပထမဦးဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတဲ့ စပိန်

စပိန်ရဲ့ ခြေစွမ်းက ဟုတ်မလိုလိုနဲ့ ကြာလေ စိတ်ပျက်စရာကောင်းလာလေပါပဲ။ စပိန်ရဲ့ ထုံးစံ အတိုင်း ကွင်းလယ်လူတွေကို အလေးပေးနေခြင်းက ခံစစ်ကို သိသိသာသာ အားနည်းနေစေတာ ဖြစ်ပါတယ်။ ဒီပုံအတိုင်း ဆိုရင်တော့ စပိန် အတွက် ကာတာ ခရီးလမ်းက ကျိန်းသေပေါက် ခက်ခဲ ကြမ်းတမ်းဖို့ပဲ ရှိမှာပါ။

အိမ်ကွင်းမှာ အရှုံးပေးခဲ့ရတဲ့ စပိန်တို့အနေနဲ့ ဒီပွဲမတိုင်ခင် အထိ နေးရှင်းလိဂ် ရှုံးပွဲမရှိခဲ့သလို အုပ်စု(၂)ကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ဒုတိယ နေရာကို ၈ မှတ်နဲ့ ဆင်းပေးလိုက်ရပါတယ်။ ဒါ့အပြင် အဓိက ပြိုင်ဘက် ပေါ်တူဂီရဲ့ ကျော်တက်ခြင်း ခံခဲ့ရသလို နေးရှင်းလိဂ် (B)ကို မဆင်းရဖို့ ရုန်းနေတဲ့ ဆွစ်ဇာလန်ကြောင့် လက်ကျန် ပွဲစဉ်မှာ မဖြစ်နေ နိုင်ပွဲ လိုအပ်သွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

စပိန်တို့ လာမယ့် စက်တင်ဘာ ၂၈ ရက်နေ့မှာ ပေါ်တူဂီနဲ့ ဆက်လက် ကစားရဖို့ ရှိပြီး ဆွစ်ဇာလန် ကတော့ ချက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်