နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးသုံးသပ်ချက် | ပြင်သစ် ၂-၀ ဩစတြီးယား (နေးရှင်းလိဂ်)

countdown banner

ပြင်သစ် ၂၀ ဩစတြီးယား

နေးရှင်းလိဂ် (A) အုပ်စု (၁) ရဲ့ နောက်ထပ် ပွဲစဉ် တစ်ပွဲ မှာတော့ ပြင်သစ်က ဩစတြီးယားကို ၂-၀ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၄ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးခဲ့ပြီး ရလဒ်တွေ ဆိုးရွားနေခဲ့တဲ့ ပြင်သစ် တို့ လက်ရွေးစင် အသင်း အတွက် တကျော့ပြန် အရွေးခံခဲ့ရတဲ့ အိုလစ်ဗီယာ ဂျရူးရဲ့ ခြေစွမ်းပြမှုနဲ့ အနိုင်ရခဲ့တာ ဖြစ်ပေမယ့် ခြေစွမ်း ကတော့ အားရစရာ အခြေအနေမှာ ရှိမနေခဲ့ပါဘူး။


ပွဲစဉ်အကျဉ်း

ဒီဒီယာ ဒက်ရွှမ့်စ်ရဲ့ အသင်းက ၃ ယောက်တန်း ခံစစ်နဲ့ ပွဲထွက်လာခဲ့ပြီး ဂိုးမှာ မိုက်ဂ်နန်၊ ခံစစ်မှာ ဗာရန်း၊ ဘာဒီယာရှိုင်းလ်၊ ကွန်ဒေး၊ Full back တွေ အဖြစ် မန်ဒီနဲ့ ကလော့စ်၊ ကွင်းလယ်မှာတော့ ချူအာမန်နီ၊ ဖိုဖာနာ၊ ဂရစ်ဇ်မန်း၊ တိုက်စစ် မှာတော့ ဘန်ဇီမာ ဒဏ်ရာရနေလို့ အမ်ဘာပေးကို ဂျရူးနဲ့ တွဲဖက်ပေးခဲ့ပါတယ်။ ရန်းညက်ခ် ကတော့ သမားရိုးကျ ၄-၄-၂ ကစားကွက်ကိုပဲ ခင်းကျင်းလာခဲ့ပြီး အာနူတိုဗစ်၊ အိုနီဆီဝို၊ ရှလက်ဂါ၊ ဆဘစ်ဇာ၊ ဆိဒ်ဝဲလ်၊ အလာဘာ၊ ဝိုဘာ တို့လို့ အမာခံတွေကိုပဲ ပွဲထုတ်ခဲ့ပါတယ်။

ပေါ့ဘာနှင့် ကန်တေတို့ ပါဝင်နိုင်ခြင်း မရှိတဲ့ ပြင်သစ် ကွင်းလယ်က အားနည်းမှု တချို့ ရှိနေဆဲ ဖြစ်ပြီး အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့်လည်း ပွဲချိန်တော်တော်များများ အချိတ်အဆက် မမိခဲ့တာ တွေ့ရပါတယ်။ ပြင်သစ်အတွက် အနိုင်ဂိုးတွေကို အမ်ဘာပေ (၅၆ မိနစ်)နဲ့ ဂျရူး (၆၅ မိနစ်) တို့က သွင်းယူ ခဲ့တာ ဖြစ်ပါတယ်။ ပွဲချိန် ၅၆ မိနစ်မှာ အမ်ဘာပေးက ပြိုင်ဘက် ကစားသမား တချို့ကို လိမ်ခေါက်ပြီး ကန်သွင်းခဲ့တာ ဖြစ်သလို ဂျရူး ကလည်း ဂရစ်ဇ်မန်းရဲ့ ဖန်တီးပေးပို့မှုက တစ်ဆင့် ခေါင်းတိုက် ဂိုးသွင်းယူခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးအချက်အလက်နဲ့ သုံးသပ်ချက်

အမ်ဘာပေး တစ်ယောက် ပွဲချိန် ၂ မိနစ်မှာ စောစောစီးစီး ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပေမယ့် လူကျွံနေတာကြောင့် ဂိုးမရခဲ့ပါဘူး။ ပြင်သစ်တို့ ဂိုးပြတ် နိုင်ပွဲ တစ်ခုနဲ့ အတူ ရလဒ်ဆိုးတွေ အောက်က ရုံးထွက်နိုင်ခဲ့တယ် ဆိုပေမယ့် ခြေစွမ်းပိုင်း အရတော့ ပြင်ဆင်မှုတွေ အများကြီး ပြုလုပ်ဖို့ လိုအပ်နေပါသေးတယ်။ အဓိက ကွင်းလယ် ကစားသမား တချို့ ဒဏ်ရာရနေခြင်း ကလည်း ပြင်သစ် အတွက် အားနည်းချက် ဖြစ်နေပြီး ဒီနေ့ ပွဲမှာတော့ ခံစစ်က ကွန်ဒေး ဒဏ်ရာရသွားလို့ ဆလီဘာ ဝင်ကစားခဲ့ရပါတယ်။ ကမ္ဘာ့ဖလား ကစားဖို့ ၇ ပတ်လောက်ပဲ လိုတော့တဲ့ အချိန်မှာ ပုံစံကောင်း ပြန်မရသေးတဲ့ ပြင်သစ်တို့ အလျင်အမြန် ပြင်ဆင် ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်နေတာတော့ အမှန်ပါပဲ။

ပြင်သစ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ အုပ်စု ဒုတိယနေရာက ဒိန်းမတ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး ဩစတြီးယား ကတော့ နေးရှင်းလိဂ် (A) အုပ်စု (၁) ကို ဦးဆောင်နေတဲ့ ခရိုအေးရှားနဲ့ ကစားရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲ ပျောက်ခဲ့တဲ့ ဩစတြီးယား

မနေ့ညက ပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ဂျရူးဟာ ပြင်သစ် လက်ရွေးစင် အသင်း သမိုင်းတစ်လျှောက် အသက်အကြီးဆုံး ဂိုးသွင်းသူ အဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါ့အပြင် ဂျရူးဟာ ပြင်သစ် အတွက် စုစုပေါင်း ၄၉ ဂိုး သွင်းယူထားနိုင်ခဲ့ပြီ ဖြစ်ပြီး ဂိုးအများဆုံး သွင်းသူ အွန်နရီနဲ့လည်း ၂ ဂိုးသာ ကွာဟပါတော့တယ်။

နေးရှင်းလိဂ် လက်ရှိ ချန်ပီယံ ပြင်သစ်ဟာ အခုနှစ် ပြိုင်ပွဲမှာ ၅ ပွဲ ကစားပြီးချိန် အထိ ၅ မှတ်သာ ရသေးတာကြောင့် အုပ်စုဗိုလ် အဖြစ်နဲ့ နောက်တစ်ဆင့် တက်ရောက်နိုင်တော့မှာတော့ မဟုတ်ပါဘူး။ ဒါ့အပြင် ဩစတြီးယား ကလည်း နေးရှင်းလိဂ် (B) ကို မဆင်းရဖို့ လက်ကျန် ပွဲတွေမှာ ရလဒ်ကောင်းဖို့ လိုအပ်သွားခဲ့ပါတယ်။


လာမယ့်ပွဲစဉ်များ

ပြင်သစ်ဟာ လာမယ့် တနင်္ဂနွေနေ့မှာ အုပ်စု ဒုတိယနေရာက ဒိန်းမတ်ကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး ဩစတြီးယား ကတော့ နေးရှင်းလိဂ် (A) အုပ်စု (၁) ကို ဦးဆောင်နေတဲ့ ခရိုအေးရှားနဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်