နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးသုံးသပ်ချက် | ချက် ၀-၄ ပေါ်တူဂီ (နေးရှင်းလိဂ်)

countdown banner

ချက် ၀-၄ ပေါ်တူဂီ

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ နေးရှင်းလိဂ် (A) အုပ်စု (၂)ရဲ့ ပွဲစဉ် (၅) မှာတော့ ချက်တို့ အိမ်ကွင်းမှာ ပေါ်တူဂီကို ခြေပြတ် ဂိုးပြတ် အရှုံးပေးခဲ့ရပါတယ်။ ရော်နယ်ဒို အပါအဝင် မန်ချက်စတာယူနိုက်တက် ကစားသမားတွေ ခြေစွမ်းပြနိုင်ခဲ့ကြပြီး ဒီနိုင်ပွဲကြောင့် အုပ်စု ထိပ်ဆုံးကို တက်လှမ်းနိုင်ခဲ့သလို ဆီမီးဖိုင်နယ် ရောက်ဖို့ အခြေအနေ ကောင်းသွားခဲ့ပါတယ်။

အိမ်ရှင် ချက် ကတော့ ဂိုးသမား အဖြစ် ဗက်စ်လစ်ခ်၊ ခံစစ်မှာ ဘရာဘက်၊ ဇီမာနဲ့ ဂျီမယ်လ်ကာ တို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ခရယ်လ်၊ ဆိုးချက်ခ်၊ Full Back တွေ အဖြစ် ဆိုဖာလ်နဲ့ ဇီလင်နီ တို့ကို အသုံးပြုလာခဲ့ပြီး တိုက်စစ် မှာတော့ ဘာရက်ခ်၊ ပက်ထရစ် ရှစ်ခ်နဲ့ ဟိုးလ်ဇက်ခ် တို့ကို ဦးဆောင်စေခဲ့ပါတယ်။ ပေါ်တူဂီ ကတော့ ဒီနေ့ပွဲမှာ ဂိုးသမား နေရာမှာ ဒီယိုဂို ကော်စတာ၊ ခံစစ်မှာ ဒန်နီလို ပါရဲရား၊ ဒီးယက်စ်၊ မာရီယို ရူအီ၊ ဒါးလော့တ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ် မှာတော့ ရူဘင် နီဗက်စ်၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ဝီလီယမ် ကာဗယ်ဟို တို့ကို အထိုင်ချခဲ့သလို တိုက်စစ် မှာတော့ ဘာနာဒို ဆေးလ်ဗား၊ ရာဖေးလ် လီယောင်နဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ ကစားခဲ့ကြပါတယ်။

စီးရီးအေ
အင်တာမီလန်
ရိုးမား
1X2 သရေ @ 3.40
ပထမပိုင်း ဂိုးအောက် 1.00 @ 2.06
ဂိုးပေါင်း 4-6 @ 3.15
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အိမ်ရှင်တို့ ပြိုင်ဘက် အသင်းရဲ့ ကွင်းလယ်ကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့တာကြောင့် ပွဲစကတည်းက ပေါ်တူဂီရဲ့ ထိုးဖောက်မှုတွေကို အသည်းအသန် ကာကွယ်နေခဲ့ရပါတယ်။ ကွင်းလယ်နဲ့ တောင်ပံက တောက်လျောက် ဖန်တီးပေးနေခဲ့ပေမယ့် ရော်နယ်လ်ဒိုနဲ့ လီယောင်တို့ လွဲချော်နေခဲ့ကြသလို ပွဲချိန် ၁၃ မိနစ် မှာတော့ အမြင့်ဘောကို ယှဉ်လုရင်း ဂိုးသမား ဗက်စ်လစ်ခ်လက်နဲ့ မျက်နှာကို အပုတ်ခံခဲ့ရတဲ့ ရော်နယ်ဒို တစ်ယောက် နှာခေါင်း ကနေ သွေးတွေ ကျဆင်းခဲ့တဲ့ အထိ နာကျင်ခဲ့ရပေမယ့် လူကျွံနေခဲ့တာကြောင့် ချက်တို့ ပင်နယ်တီ မပေးရဘဲ သက်သာသွားခဲ့ပါတယ်။ ပွဲချိန် ၃၃ မိနစ် မှာတော့ တစ်ချိန်လုံး လွဲချော်နေတဲ့ ပေါ်တူဂီတို့ အဖွင့်ဂိုး စတင် ရှာတွေ့သွားခဲ့ကြပြီး ညာတောင်ပံ ကနေ ဘရူနို ဖာနန်ဒက်စ် အနိမ့်ဘော ခင်းပေးတာကို ရော်နယ်လ်ဒို မပိတ်နိုင်ခဲ့ပေမယ့် ဘယ်ခြမ်းက ပါလာတဲ့ လီယောင် ထပ်ပြီး ချိုးပေးတာကို နောက်က ပြေးတက်လာခဲ့တဲ့ ဒါးလော့တ်က ကန်သွင်းပြီး ရယူသွားနိုင်ခဲ့တာပါ။ ချက်တို့ ချေပဂိုးရနိုင်ဖို့ နောက်က လိုက်ကစားခဲ့ပေမယ့် နည်းပြ ဖြစ်သူရဲ့ တိုက်စစ် ဗျူဟာ အခင်းအကျင်း လွဲချော်ခဲ့တာကြောင့် အဆိပ်မရှိ ဖြစ်နေခဲ့ပြီး ပေါ်တူဂီတို့ သက်တောင့်သက်သာပဲ ကာကွယ်သွားနိုင်ခဲ့ပတယ်။ ပထမပိုင်း ပြီးခါနီး နာကျင် အချိန်ပို ၂ မိနစ်မှာတော့ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ် တစ်ယောက် ချက် ခံစစ်ကြားထဲကနေ ပြေးပိတ် သွင်းယူနိုင်ခဲ့လို့ ပေါ်တူဂီတို့ ၂ ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပါတယ်။ အိမ်ရှင် အသင်း ကတော့ ပင်နယ်တီ ကန်ခွင့်ရခဲ့ပေမယ့် ရှစ်ခ် လွဲချော်ခဲ့လို့ နစ်နာခဲ့ရပါတယ်။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ ပေါ်တူဂီတို့ပဲ တတိယ ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဒါးလော့တ်က ယူနိုက်တက် အသင်းဖော် ဖာနန်ဒက်စ် ပေးတဲ့ ဘောလုံးကို ညာခြေနဲ့ တစ်ချက်ခေါက် ပြီးမှ ဘယ်ခြေနဲ့ ဧရိယာအပြင် ကနေ ကန်သွင်းခဲ့ရာမှာ ချက် ဂိုးသမား အငိုက်မိပြီး ဂိုးပေးခဲ့ရတာ ဖြစ်ပါတယ်။ ဒီနောက်ပိုင်း မှာတော့ ပေါ်တူဂီရော ချက်ပါ လူစား ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပေမယ့် ဧည့်သည် အသင်းပဲ အသာကြီး သာနေခဲ့ပြီး ၈၂ မိနစ် မှာတော့ စတုတ္ထ အနိုင်ဂိုး ရရှိခဲ့ပြန်ပါတယ်။ ဟော်တာရဲ့ ထောင့်ကန်ဘော ပေးပို့မှု ကနေ ရော်နယ်လ်ဒိုက အဝေးတိုင်ဘက်ကို ခေါင်းတိုက်ချပေးခဲ့ရာမှာ လူစားဝင် တိုက်စစ်မှူး ဂျိုတာက အနီးကပ် ထပ်မံ ခေါင်းတိုက်ပြီး ပိတ်သွင်းနိုင်ခဲ့တာ ဖြစ်ပါတယ်။


ပွဲပြီးအချက်အလက်နဲ့ သုံးသပ်ချက်

တစ်ဖက်မှာ ရှုံးနိမ့်ခဲ့တဲ့ ချက် ကတော့ နေးရှင်းလိဂ် (A) အုပ်စု (၂) ရဲ့ အောက်ဆုံးကို ရောက်ရှိနေခဲ့ပြီး တန်းမဆင်းရဖို့ပဲ လက်ကျန် ပွဲတွေကို အားစိုက်ရတော့မှာ ဖြစ်ပါတယ်။
အခုနှစ် နေးရှင်းလိဂ်မှာ နိုင်ပွဲ ၁ ပွဲသာ ရထားတဲ့ ချက်

ပေါ်တူဂီဟာ လက်တလောမှာ လူစာရင်းအရ အရမ်းကို တောင့်တင်းနေပါတယ်။ နောက်ပိုင်း ပွဲတွေမှာ ပြိုင်ဘက်တိုင်းကို အခက်အခဲ မရှိ သက်တောင့် ရင်ဆိုင်နိုင်စွမ်း ရှိနေပါတယ်။ အဓိက ကတော့ အမှားကြီးကြီးမားမား မလုပ်ရင် အမြင့်ဆုံး အောင်မြင်မှုတောင် မှန်းလို့ ရတဲ့ အခြေအနေမျိုး ရှိနေတယ်လို့တောင် ပြောလို့ ရပါတယ်။ လောလောဆယ်တော့ နေးရှင်းလိဂ် (A) အုပ်စု (၂) ကို ၂ ပွဲ နိုင် ၁ ပွဲ သရေ ၁ ပွဲရှုံး၊ ရမှတ် ၁၀ မှတ်နဲ့ ပြန်လည် ဦးဆောင်နိုင်ခဲ့ပြီး လာမယ့် စပိန်နဲ့ ပွဲမှာသာ သရေရင် ဆီမီးဖိုင်နယ်ကို တက်လှမ်းနိုင်တော့မှာ ဖြစ်ပါတယ်။ ပေါ်တူဂီရဲ့ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှုက လာမယ့် ကာတာ ကမ္ဘာ့ဖလား အတွက် မဖြစ်မနေ စောင့်ကြည့်ရဖို့ ရှိပြီး GOAT ကြီး ရော်နယ်ဒိုရဲ့ စိတ်ကူး အိမ်မက်တွေ အမှန်တကယ် အကောင်အထည် ပေါ်လာတော့မလား ဆိုတာ စိတ်ဝင်စားစရာ ကောင်းနေပြီ ဖြစ်ပါတယ်။

တစ်ဖက်မှာ ရှုံးနိမ့်ခဲ့တဲ့ ချက် ကတော့ နေးရှင်းလိဂ် (A) အုပ်စု (၂) ရဲ့ အောက်ဆုံးကို ရောက်ရှိနေခဲ့ပြီး တန်းမဆင်းရဖို့ပဲ လက်ကျန် ပွဲတွေကို အားစိုက်ရတော့မှာ ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ချက်တို့ လာမယ့် စက်တင်ဘာ ၂၈ ရက်နေ့မှာ ဆွစ်ဇာလန်ရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး ပေါ်တူဂီ ကတော့ စပိန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်