နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပွဲပြီးသုံးသပ်ချက် | ခရိုအေးရှား ၂-၁ ဒိန်းမတ် (နေးရှင်းလိဂ်)

countdown banner

ခရိုအေးရှား ၂၁ ဒိန်းမတ်

မနေ့ညက ယှဉ်ပြိုင် ကစားခဲ့တဲ့ နေးရှင်းလိဂ် (A) အုပ်စု (၁) ပွဲစဉ် (၅) မှာတော့ ခရိုအေးရှားတို့ အိမ်ကွင်းမှာ ဒိန်းမတ်ကို အနိုင်ယူပြီး အုပ်စု ထိပ်ဆုံး နေရာကို တက်လှမ်းသွားခဲ့ပါတယ်။ နာမည်ကြီး ကစားသမားတွေ ပါဝင်တဲ့ နှစ်သင်းရဲ့ အားပြိုင်မှု ဖြစ်လို့ အခြေအနေ တစ်ခု အထိ ဖျော်ဖြေမှု ရသ ပေးနိုင်ခဲ့ပြီး ကြည့်ကောင်းတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပါတယ်။


ပွဲစဉ်အကျဉ်း

ဩစတြီးယားကို ၃ ဂိုးပြတ် ရှုံးနိမ့်ပြီး နောက်ပိုင်း တောက်လျောက် ရလဒ်တွေ ပြန်ကောင်းနေခဲ့တဲ့ ခရိုအေးရှားတို့ အိမ်ကွင်းမှာ အနိုင် ၃ မှတ် အပြည့် ရဖို့ အားစိုက်လာခဲ့ပါတယ်။ ဒဏ်ရာ ပြသနာ ကင်းရှင်းနေတဲ့ ခရိုအေးရှားတို့ ကရာမာရစ်၊ မိုဒရစ်၊ ပါဆာလစ်၊ ဘရိုဇိုဗစ်၊ ကိုဗာချစ်၊ ဂါဗာဒီယိုလ် တို့လို အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပါတယ်။ ဂျူလ်မန်းရဲ့ အသင်း ကတော့ ပထမအကျော့နဲ့ မတူပဲ ၃ ယောက်တန်း ခံစစ်နဲ့ ရင်ဆိုင်လာခဲ့ပြီး ရှမိုက်ကယ်၊ ရှား၊ အန်ဒါဆန်၊ ခရစ္စတန်ဆန်၊ ဟွိုက်ဘယက်ဂျ်၊ ဒီလာနေး၊ ခရစ္စတန်ဆန်၊ ခရစ္စတန်ဆန် တို့ ပါဝင်လာခဲ့ပါတယ်။

လာမယ့် စက်တင်ဘာ ၂၆ မှာ ခရိုအေးရှားတို့ နေးရှင်းလိဂ် (A) အုပ်စု ပွဲစဉ် ၆ အဖြစ် ဩစတြီးယားရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး ဒိန်းမတ် ကတော့ ပြင်သစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။
ခရိုအေးရှားကို နောက်ဆုံး တွေ့ဆုံမှု ၃ ကြိမ်စလုံး အရှုံးပေးခဲ့ရတဲ့ ဒိန်းမတ်

ပထမပိုင်း မှာတော့ နှစ်သင်းစလုံး ထိရောက်တဲ့ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်း မရှိပဲ ကွင်းလယ်မှာပဲ အပျက်များနေခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ အိမ်ရှင်တို့ တိုက်စစ် တင်ကစားလာတာကြောင့် ပွဲချိန် ၄၉ မိနစ် မှာတော့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒိန်းမတ် နောက်တန်းက ရှင်းထုတ်လို့ ပြန်ထွက်လာတာကို နောက်ခံလူ ဆိုဆာက ဘီးကုပ် စက်ဝိုင်းထိပ် ကနေ အမှတ်မထင် ကန်သွင်းသွားခဲ့တာ ဖြစ်ပြီး ဂိုးသမားလည်း အမြင်မရှင်း ဖြစ်နေတဲ့ အတွက် ဘယ်လိုမှ မတတ်နိုင်ပဲ ဂိုးအဖြစ် ခွင့်ပြုပေးလိုက်ရတာ ဖြစ်ပါတယ်။ အဲ့နောက် ဒိန်းမတ်တို့ လူစား အပြောင်းအလဲတွေ စတင် ပြုလုပ်လာခဲ့ပြီး ဒမ်းစ်ဂတ်၊ ခရစ္စတန်ဆန်၊ ဂျန်ဆန် တို့ ဝင်ရောက်လာချိန်မှာတော့ အိမ်ရှင် ဘက်ကို ထိထိရောက်ရောက် ခြိမ်းခြောက်လာနိုင်ခဲ့ပါတယ်။ ခရိုအေးရှား ကလည်း ပတ်ကိုဗစ်၊ အော်ဆစ်၊ ဗလာဆစ် တို့ထည့်ပြီး အနိုင်သေချာစေဖို့ ကြိုးပမ်းခဲ့ပေမယ့် တကယ်တမ်း မှာတော့ ခရိုအေးရှားတို့ ချေပဂိုး ရသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ အဲရစ်ခ်ဆင်က ဧရိယာထိပ် ကနေ အမှတ်မထင် လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂ မိနစ် အကြာမှာပဲ ခရိုအေးရှားရဲ့ လူစားဝင် ကွင်းလယ်လူ လော်ဗရို မေယာက အမြန်ဆုံး ပြန်လည် ချေပနိုင်ခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ နှစ်သင်းလုံး အခွင့်အရေး တချို့ ထပ်ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ပွဲပြီးဆုံးခဲ့ပြီး အိမ်ရှင်တို့ လိုအပ်နေတဲ့ ၃ မှတ် အပြည့်ရသွားခဲ့ပါတယ်။


ပွဲပြီးအချက်အလက်နဲ့ သုံးသပ်ချက်

ခြေညီတဲ့ နှစ်သင်း ဖြစ်လို့ အကြိတ်အနယ် ရှိခဲ့ပါတယ်။ ပထမပိုင်းမှာ ကစားပုံ အေးခဲ့ပေမယ့် ဒုတိယပိုင်း မှာတော့ အပြန်အလှန် ထိရောက်တဲ့ ထိုးဖောက်မှုတွေနဲ့ ပြုလုပ်နိုင်ခဲ့ကြပါတယ်။ ကွင်းလယ်ချင်း အားပြိုင်ခဲ့ကြတဲ့ပွဲ ဖြစ်ပြီး ခြေစွမ်း အနည်းငယ် ပိုကောင်းခဲ့တဲ့ ခရိုအေးရှားတို့ အနိုင်ရသွားခဲ့တယ်လို့ပဲ ဆိုရပါမယ်။ ဒီနိုင်ပွဲကြောင့် ခရိုးအေးရှားတို့ နေးရှင်းလိဂ် (A) အုပ်စု (၁)ကို ဦးဆောင်နိုင်ခဲ့ပေမယ့် ဒိန်းမတ် ကတော့ အုပ်စု ဒုတိယနေရာကို ဆင်းပေးခဲ့ရပါတယ်။


လာမယ့်ပွဲစဉ်များ

လာမယ့် စက်တင်ဘာ ၂၆ မှာ ခရိုအေးရှားတို့ နေးရှင်းလိဂ် (A) အုပ်စု ပွဲစဉ် ၆ အဖြစ် ဩစတြီးယားရဲ့ အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရဖို့ ရှိပြီး ဒိန်းမတ် ကတော့ ပြင်သစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်