နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်း ကျဆင်းနေခြင်း မဟုတ်ကြောင်း ပိုလန်ကို ဂိုးမိုးရွာပြီး သက်သေပြလိုက်တဲ့ ဘယ်ဂျီယံ | နေးရှင်းလိဂ် (ပွဲပြီးသုံးသပ်ချက်)

ဘယ်ဂျီယံ ၆-၁ ပိုလန်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ် A အုပ်စု ၄ ရဲ့ ပွဲစဉ် ၂ မှာတော့ ဘယ်ဂျီယံတို့ ပိုလန်ကို ဘရပ်ဆဲလ်မှာ ဂိုးဒါဇင်ဝက် သွင်းပြီး အနိုင်ယူခဲ့ပါတယ်။ ရောဘတ်လီဝမ်ဒေါစကီးရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရပေမယ့် ချေပဂိုးနဲ့ အနိုင်ဂိုးတွေ တရစပ်သွင်းပြီး ခြေပျက်နေပြီဆိုတဲ့ ဝေဖန်သံတွေကို ဘယ်ဂျီယံတို့ တိုးတိတ်စေခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

အဖွင့်ပွဲမှာ နယ်သာလန်ကို ဂိုးပြတ် အရေးနိမ့်ထားခဲ့တဲ့ ဘယ်ဂျီယံ ဒီနေ့ပွဲမှာတော့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး တစ်သင်းလုံး ကြိုးစား ကစားသွားခဲ့ပါတယ်။ တိုက်စစ်မျှားဦးမှာ ဘက်ရှူဝါရီ ကို အထောင်ထားပြီး အီဒင်ဟာဇက်၊ ကီဗင် ဒီဘရိုင်းနား တို့နဲ့ ရံပေးခဲ့ပါတယ်။ ကွင်းလယ်နဲ့ Full Back တွေ အဖြစ် တေးလီမန့်စ်၊ ဝစ်ဆဲလ်၊ ကတ်စတန်ဂီနဲ့ ကာရက်စကို တို့ကို သုံးပြီး ခံစစ်မှာတော့ ဗာတွန်ဂန်၊ အန်ဒါဝီရယ်၊ ဒန်ဒွန်ကာနဲ့ မစ်ဂ်နိုလတ်တို့ ပါဝင်လာခဲ့ပါတယ်။ ပိုလန် ကတော့ ထုံးစံ အတိုင်း ရော်ဘတ်လီဝမ်ဒေါစကီးကို အထောင်တိုက်စစ်မှူး အဖြစ် သုံးပြီး ဇီလင်းစကီး၊ ကာမင်းစကီး၊ ဇီမန်းစကီး၊ ခရိုင်ချိုဝိတ်ခ်၊ ဘက်ဒ်နာရက်ခ်၊ ဂလစ်ခ်၊ ပူချက်ဇ်၊ ဒရာဂိုစကီး တို့လို အမာခံတွေနဲ့ပဲ ဘယ်ဂျီယံကို ရင်ဆိုင်သွားခဲ့ပါတယ်။

အခုပွဲ အပြီးမှာတော့ ဘယ်ဂျီယံတို့ နေးရှင်းလိဂ် A အုပ်စု ၄ မှာ ၂ ပွဲကစား ၃ မှတ်နဲ့ အုပ်စု ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးက နယ်သာလန်နဲ့တော့ ၃ မှတ် ပြတ်နေဆဲ ဖြစ်ပါတယ်။
နေးရှင်းလိဂ် A အုပ်စု ၃ ရဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေတဲ့ ပိုလန်

ဘယ်ဂျီယံတို့ ပွဲစကတည်းက ပိုလန်ကို အဘက်ဘက်ကနေ ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဦးဆောင်ဂိုး ရရှိသွားခဲ့တာက ပိုလန် ဖြစ်ပါတယ်။ ပွဲချိန် ၂၈ မိနစ်မှာ တောင်ပံက ဇီမန်းစကီးရဲ့ ပေးပို့မှုကို တိုက်စစ်မှူး ရောဘတ်လီဝမ်ဒေါစကီးက မစ်ဂ်နိုလတ်ကို ကျော်ပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပထမပိုင်း ပြီးခါနီး ၄၂ မိနစ် မှာတော့ ဘယ်ဂျီယံတို့ ချေပဂိုး ပြန်ရခဲ့ပြီး ကွင်းလယ်လူ ဝစ်ဆဲလ်က ၁၈ ကိုက်စည်း အပြင် ကနေ လှလှပပ ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ ပထမပိုင်း ပြီးခါနီးမှာ ဟာဇက်နဲ့ ဒန်ဒွန်ကာရဲ့ ကန်ချက်တွေ ကောင်းခဲ့ပေမယ့် ဒရာဂိုစကီး ကာကွယ်နိုင်ခဲ့တာကြောင့် ပိုလန်တို့ ကံကောင်းခဲ့ရပါတယ်။

ဒုတိယပိုင်းမှာ ပိုလန်တို့ လူစား အပြောင်းအလဲ တချို့ လုပ်ခဲ့ပေမယ့် အနိုင်ဂိုးတွေ ရဖို့ အားစိုက်နေတဲ့ ဘယ်ဂျီယံကို ဘယ်လိုမှ တားဆီးနိုင်ခြင်း မရှိခဲ့ပါဘူး။ ၅၉ မိနစ် မှာ‌တော့ ဘယ်ဂျီယံတို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပြီး ဒီဘရိုင်းနားရဲ့ ကန်ချက်ကို ဒရာဂိုစကီး တားဆီးနိုင်ခြင်း မရှိလို့ ခွင့်ပြုပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ ဒီဂိုးဟာ ဒီဘရိုင်းနား အတွက် ၂၄ ဂိုးမြောက် နိုင်ငံတကာ သွင်းဂိုး ဖြစ်ပြီး ဘယ်ဂျီယံ လက်ရွေးစင် အသင်းရဲ့ ထိပ်တန်း ဂိုးသွင်းရှင် ၁၀ ဦး စာရင်းလည်း ဝင်သွားခဲ့ပါတယ်။ အဲ့နောက် ဘယ်ဂျီယံ တို့ပဲ ဆက်လက် ဖိကစားနိုင်ခဲ့ပြီး ပိုလန် ကတော့ ခံစစ် သပ်သပ်သာ ကစားနေခဲ့ရပါတယ်။ ၇၃ မိနစ်နဲ့ မိနစ် ၈၀ တို့မှာတော့ ဟာဇက်‌ နေရာမှာ အစားဝင်လာတဲ့ ဘရိုက်တန် တောင်ပံ ကစားသမား ထရော့ဆက်ဒ်က နှစ်ဂိုးဆက် သွင်းယူပေးနိုင်ခဲ့ပြီး ၈၃ မိနစ်မှာ ဒန်ဒွန်ကာ၊ ပွဲပြီးကာနီး နာကျင် အချိန်ပိုမှာ အိုပန်ဒါက တစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာတော့ ဘယ်ဂျီယံတို့ ၆-၁ ရလဒ်နဲ့ ပိုလန်ကို အနိုင်ရသွားခဲ့ပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
အဂ်လန်
အီတလီ
အဂ်လန် အာရှ ဟန်းဒီးကပ် -0.75 @ 2.13
1X2 အဂ်လန်@ 1.82
ဂိုးပေါ် 2.25 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

နေးရှင်းလိဂ် အဖွင့်ပွဲမှာ နယ်သာလန်ကို ရှုံးနိမ့်ခဲ့တဲ့ ခြေစွမ်းနဲ့ ဘာမဆိုင်ပဲ ဘယ်ဂျီယံကို မြင်တွေ့ခဲ့ရတာ ဖြစ်ပြီး မာတီနက်ဇ် လိုချင်တဲ့ ရလဒ်မျိုး ရအောင် စွမ်းဆောင်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲပြီး အချက်အလက်တွေကို ပြန်ကြည့်မယ် ဆိုရင် ဘယ်ဂျီယံတို့ ဂိုးပေါက် ကန်ချက် ၁၈ ကြိမ်မှာ ဂိုးပေါက်တည့်မှု ၁၁ ကြိမ် ရှိခဲ့ပြီး သွင်းဂိုး ၆ ဂိုး ရရှိခဲ့တာ ဖြစ်ပါတယ်။ အကယ်၍ ပိုလန် ဂိုးသမား ဒရာဂိုစကီးသာ မကာကွယ်နိုင်ခဲ့ရင် အခုထက်ပိုတဲ့ သွင်းဂိုး အရေအတွက်နဲ့ ဘယ်ဂျီယံတို့ အနိုင်ရနိုင်ချေ ရှိခဲ့ပါတယ်။ ပိုလန် ကတော့ ဝေးလ်စ်နဲ့ ပွဲက ခြေစွမ်းအတိုင်း မကစားနိုင်ခဲ့ပဲ ဘယ်ဂျီယံရဲ့ ထိုးဖောက်မှုတွေကိုပဲ ကာကွယ်နေရတာကြောင့် ခံစစ်မှာသာ အချိန်ကုန်ခဲ့ရပြီး နောက်တန်းရဲ့ အားနည်းချက်ကြောင့် ပေးဂိုးတွေ များခဲ့ရတာ ဖြစ်ပါတယ်။

အခုပွဲ အပြီးမှာတော့ ဘယ်ဂျီယံတို့ နေးရှင်းလိဂ် A အုပ်စု ၄ မှာ ၂ ပွဲကစား ၃ မှတ်နဲ့ အုပ်စု ဒုတိယနေရာကို တက်လှမ်းနိုင်ခဲ့ပြီး ထိပ်ဆုံးက နယ်သာလန်နဲ့တော့ ၃ မှတ် ပြတ်နေဆဲ ဖြစ်ပါတယ်။ ပိုလန် ကတော့ ၃ မှတ် ရရှိထားပေမယ့် ဂိုးကွာခြားချက်ကြောင့် အုပ်စု တတိယနေရာကို ဆင်းပေးခဲ့ရပါတယ်။


လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် ဇွန်လ ၁၂ ရက်နေ့မှာ နေးရှင်းလိဂ် A အုပ်စု ၄ ရဲ့ ပွဲစဉ် ၃ ကို ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး ဘယ်ဂျီယံက ဝေးလ်စ် အိမ်ကွင်းကို သွားရောက် ရင်ဆိုင်ရမှာ ဖြစ်သလို ပိုလန်ကလည်း နယ်သာလန် အိမ်ကွင်းကို သွားရောက် ယှဉ်ပြိုင်ရဖို့ ရှိနေပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်