နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘာစီလိုနာ-ပီအက်စ်ဂျီ၊ ချဲလ်ဆီး-အက်တလက်တီကို ပွဲစဉ်တွေအပါအဝင် ပြိုင်ဆိုင်မှု ပြင်းထန်လာဦးမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်များ

၂၀၂၀-၂၁ ဘောလုံးရာသီ အတွက် ချန်ပီယံလိဂ် ၁၆ သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေ အတွက် မဲခွဲပွဲကို ပြီးခဲ့တဲ့ ရက်က ဆွစ်ဇာလန်နိုင်ငံ၊ နီယွန်မြို့မှာရှိတဲ့ ယူအီးအက်ဖ်အေ ရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ မဲခွဲပွဲ ရလဒ်တွေအရ ကြည့်မယ်ဆိုရင် လက်ရှိမှာ ခြေစွမ်းပြနေတဲ့ ဥရောပထိပ်သီး အသင်းကြီး တစ်ချို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ အပါအဝင် စိတ်ဝင်စားဖို့ကောင်းတဲ့ ပွဲစဉ်တွေ ရှိလာပြီး SBOTOP ချန်ပီယံလိဂ် ပရိသတ်တွေကတော့ ထုံးစံအတိုင်း ပွဲကောင်းတွေကို ခံစားကြည့်ရှုရဖို့ ရှိနေပါ တယ်။
 

မဲခွဲဆုံးဖြတ်တဲ့ပုံစံ

ယူအီးအက်ဖ်အေရဲ့ လက်ထောက် အထွေထွေ အတွင်းရေးမှူး ဂျော်ဂျီယို မာချယ်တီ ကိုယ်တိုင် ၁၆ သင်းအဆင့် ပွဲစဉ်မဲခွဲပွဲတွေကို ဦးဆောင် ကျင်းပပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဆင့် ပွဲစဉ်တွေ အပြီးမှာ အုပ်စုပထမရခဲ့တဲ့ ဆီဒင် အသင်းတွေကို ဦးစားပေး အသင်းတွေ အဖြစ်သတ်မှတ်ခဲ့ပြီး ဘေယန်မြူးနစ်၊ ရီးရဲယ်မက်ဒရစ်၊ မန်ချက်စတာစီးတီး၊ လစ်ဗာပူးလ်၊ ချဲလ်ဆီး၊ ဒေါ့မန်၊ ဂျူဗင်တပ်စ်၊ ပီအက်စ်ဂျီ အသင်းတွေက ဆီဒင် အသင်းတွေ အဖြစ်သတ်မှတ်ခံခဲ့ရပြီး အုပ်စု ဒုတိယ ရရှိခဲ့တဲ့ အာဘီလိုက်ပ်ဇစ်၊ ဘာစီလိုနာ၊ လာဇီယို၊ ဆီဗီလာ၊ အတ္တလန်တာ၊ ပေါ်တို၊ မိုချင်ဂလတ်ဘတ်၊ အက်တလက်တီကိုမက်ဒရစ် အသင်းတွေက Unseeded အသင်း‌တွေ အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ ပွဲစဉ် ရေးဆွဲတဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံတူအသင်းချင်း ပြန်ပြီး မတွေ့ဆုံရန်၊ အုပ်စုတွင်းအသင်းချင်း ပြန်ပြီး မတွေ့ဆုံရန်၊ နိုင်ငံတူ အသင်းချင်း မတွေ့ဆုံရန် ဖြစ်ပြီး မာချယ်တီနဲ့အတူ ဒေါ့မန်အသင်းရဲ့ တိုက်စစ်မှူးဟောင်း ချာပူဆတ် က ဝင်ရောက် ကူညီပေးခဲ့ပါတယ်။
 

မဲခွဲပွဲရလဒ်များ

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုအပြီးမှာ ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ စိတ်ဝင်စားစရာ ပွဲကောင်းတွေရှိလာခဲ့ ပါတယ်။ မိုချင်ဂလတ်ဘတ်နဲ့ မန်ချက်စတာစီးတီး၊ လာဇီယိုနဲ့ ဘေယန်မြူးနစ်၊ အက်တလက်တီကိုမက်ဒရစ်နဲ့ ချဲလ်ဆီး၊ လိုက်ပ်ဇစ်နဲ့ လစ်ဗာပူးလ်၊ ပေါ်တိုနဲ့ ဂျူဗင်တပ်စ်၊ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီ၊ ဆီဗီလာနဲ့ ဒေါ့မန်၊ အတ္တလန်တာနဲ့ ရီးရဲယ်မက်ဒရစ် တို့ ထိပ်တိုက်တွေ့ဆုံနေခဲ့ပါတယ်။ ချန်ပီယံလိဂ် ပထမအကျော့ ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီလ ၁၆၊ ၁၇၊ ၂၃၊ ၂၄ ရက်နေ့တွေမှာ ကစားဖို့ရှိပြီး ဒုတိယအကျော့ ပွဲစဉ်တွေကိုတော့ မတ်လ ၉၊ ၁၀၊ ၁၆၊ ၁၇ ရက်နေ့တွေမှာ ကစားဖို့ ရှိနေပါတယ်။

ချန်ပီယံလိဂ် ၁၆ သင်းအဆင့် မဲခွဲမှုအပြီးမှာ ထွက်ပေါ်လာတဲ့ ရလဒ်တွေအရ စိတ်ဝင်စားစရာ ပွဲကောင်းတွေရှိလာခဲ့ ပါတယ်။
ပေါ်တိုနဲ့ ကစားရမှာဖြစ်လို့ မထင်မှတ်ပဲ ခက်ခဲလာဦးမယ့် ဂျူဗင်တပ်စ်

 

ပွဲစဉ်များအပေါ်သုံးသပ်ကြည့်ခြင်း

အခုမဲခွဲပွဲအပြီးမှာ စိတ်ဝင်စားဖို့ အကောင်းဆုံး ထိပ်တိုက်တွေ့ဆုံမှုကို ပြောပါဆိုရင် ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ရဲ့ တွေ့ဆုံမှုလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘာစီလိုနာနဲ့ ပီအက်စ်ဂျီတို့ဟာ လက်ရှိမှာ ဥရောပရဲ့ အကောင်းဆုံး အသင်းတွေဖြစ်ပြီး ချန်ပီယံလိဂ် ထိပ်တိုက်တွေ့ဆုံမှု ၁၀ ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင် ဘာစီလိုနာက ၄ ကြိမ်အနိုင်ရပြီး ပီအက်စ်ဂျီက ၃ ကြိမ်၊ သရေကတော့ ၃ ကြိမ်အထိ ကျထားခဲ့ပါတယ်။ နောက်ပြီး ဒီနှစ်သင်းဟာ လက်ရှိမှာ မက်ဆီရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး နောက်ကွယ်မှာ ပြိုင်ဆိုင်မှုတွေ မသိမသာ ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။ နောက်ပြီး အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ မက်ဆီနဲ့ နေမာတို့ရဲ့ ပြိုင်ဆိုင်မှုကို မြင်တွေ့
 

ရဖို့လည်း ရှိနေပါတယ်။

နောက်ထပ် ပွဲစဉ်တစ်ပွဲကတော့ အက်တလက်တီကို မက်ဒရစ်နဲ့ ချဲလ်ဆီးတို့ရဲ့ ပွဲစဉ်ဖြစ်ပြီးတော့ လက်ရှိမှာ တိုက်စစ် ခြေစွမ်းထက်မြတ်နေတဲ့ ချဲလ်ဆီးတို့ လာလီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အက်တလက်တီကိုမက်ဒရစ်နဲ့ တွေ့ဆုံနေလို့ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ရှိနေပါတယ်။ အဲနောက်မှာတော့ ခြေစွမ်းမာကျောတဲ့ ဂျာမန် ကလပ် အာဘီလိုက်ပ်ဇစ်နဲ့ ၂၀၁၉-၂၀၂၀ ချန်ပီယံလိဂ် ချန်ပီယံ လစ်ဗာပူးလ်တို့ရဲ့ပွဲဖြစ်ပြီး စပိန်ထိပ်သီး ဆီဗီလာနဲ့ ကစား သမားကောင်းတွေ အများအပြားရှိနေတဲ့ ဒေါ့မန်တို့ရဲ့ ပွဲစဉ်ကလည်း မထင်မှတ်ပဲ ပြိုင်ဆိုင်မှုပြင်းထန်ပြီး အကြိတ်အနယ် ရှိလာဦးမှာ သေချာနေပါတယ်။

မန်ချက်စတာစီးတီးကတော့ မိုချင်ဂလတ်ဘတ်နဲ့ တွေ့ဆုံနေလို့ ပွဲချောင်နေတယ်လို့ ဆိုနိုင်ပေမယ့် ဂျာမန်ကလပ်တွေရဲ့ ထုံးစံအတိုင်း ပြိုင်ဘက်တွေကို မာမာထန်ထန် တုံ့ပြန်တတ်လို့ မန်စီးတီးတို့ အနည်းနဲ့ အများတော့ ခက်ခဲမယ့် အခြေအနေမှာ ရှိနေပါတယ်။ နောက်ထပ်ပွဲစဉ်တွေဖြစ်တဲ့ လာဇီယိုနဲ့ ဘေယန်မြူးနစ်၊ ပေါ်တိုနဲ့ ဂျူဗင်တပ်စ် အပြင် အတ္တလန်တာနဲ့ ရီးရဲယ်မက်ဒရစ်တို့ရဲ့ ပွဲစဉ်တွေကတော့ အထက်မှာ ဖော်ပြခဲ့တဲ့ ပွဲတွေလောက် ပရိသတ်စိတ်ဝင်စားမှု သိပ်မရှိတာ တွေ့ရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်