ဘရိုက်တန် – လစ်ဗာပူးလ်
ခရာဘောင်ဖလား စတုတ္ထအဆင့် ပွဲကောင်းတွေ ကတော့ အခုတစ်ပတ် ကြားရက်မှာ ယှဉ်ပြိုင်ကစားတော့မှာပဲ ဖြစ်ပါတယ်။ ဒီလို ပွဲကောင်းတွေထဲကမှ ဘရိုက်တန်နဲ့ လစ်ဗာပူးလ်တို့ ကစားမယ့် ပွဲစဉ် အကြောင်း အရင်ဆုံး သုံးသပ်ပေးသွားမှာ ဖြစ်ပါတယ်။
ဖေဘီယန် ဟက်ဇ်လာရဲ့ ဘရိုက်တန် ကတော့ ဒီရာသီမှာ ရှုံးပွဲ တစ်ပွဲသာ ရှိထားပြီးတော့ အထင်ကြီးလောက်စရာ ခြေစွမ်းတွေ ပြသနေတာ တွေ့ရပါတယ်။ ဇင်ယော်တွေဟာ ချဲလ်ဆီး တစ်သင်း တည်းကိုသာ ရှုံးနိမ့်ထားခဲ့တာ ဖြစ်ပြီးတော့ ယူနိုက်တက်ကို အနိုင်၊ အာဆင်နယ်ကို သရေ၊ စပါးနဲ့ နယူးကာဆယ်ကို အနိုင်ယူထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဘရိုက်တန်ဟာ အသင်းကြီးတွေကို ကောင်းကောင်း ဒုက္ခပေးနိုင်စွမ်း ရှိနေပြီးတော့ လစ်ဗာပူးလ် ကိုလည်း ကျိန်းသေပေါက် ဒုက္ခပေးဖို့ ကြိုးစားဦးမှာပါ။ နောက်ပြီး သိပ်ပြီး အရေးမကြီးတဲ့ ခရာဘောင်ဖလားလို ပြည်တွင်း ပြိုင်ပွဲ တစ်ခုရဲ့ ရှုံးထွက် ပွဲစဉ် ဖြစ်နေလို့ ဘာမဆို ဖြစ်သွားနိုင်ပြီး လစ်ဗာပူးလ်တို့ သိပ်ပြီး ဂရုမစိုက်ရင်တော့ ဘရိုက်တန် စားသွားမယ့် ပွဲမျိုးပါပဲ။
တစ်ခုရှိတာက လစ်ဗာပူးလ်ရဲ့ Momentum ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ အာဆင်နယ်ကို အမ်းမရိတ်စ်မှာ သရေကျပြီး နိုင်ပွဲဆက်မှု ရပ်တန့်သွားတယ် ဆိုပေမယ့် အာနေး ဆလော့တ်ရဲ့ အသင်းက အရှိန်ရနေပြီလို့ ပြောလို့ ရပါတယ်။ ဆလော့တ် လက်ထက်မှာ မထင်မှတ်ထားလောက်အောင် ရလဒ်တွေ ကောင်းနေတဲ့ လစ်ဗာပူးလ်က လက်ရှိ ခြေစွမ်းနဲ့ ဆိုရင် ချန်ပီယံဆု အားလုံးကို စိန်ခေါ်နိုင်စွမ်း ရှိနေတာပါပဲ။ တစ်ခု ရှိတာက လစ်ဗာပူးလ်ဟာ ပွဲကြပ်ကာလကို ဖြတ်သန်းရတော့မှ ဖြစ်လို့ ဆလော့တ် အနေနနဲ့ ဘယ်ပြိုင်ပွဲကို အဓိကထားမယ် ဆိုတာ တွေးထားမှ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် ဆလော့တ် တစ်ယောက် သိပ်ပြီး အရေးမကြီးလှတဲ့ ခရာဘောင်ဖလားကို အာရုံစိုက်ပါ့မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အခုပွဲကိုတော့ ဘရိုက်တန် ဘက်က ဝက်ဘ်စတား၊ ဟင်ရှဲလ်ဝုဒ်၊ မီလ်နာ၊ ပက်ဒရို၊ အိုရိုင်လီ၊ မာ့ချ်၊ မင်တာ့ရ် တို့ လွဲချော်မှာ ဖြစ်ပါတယ်။ လစ်ဗာပူးလ် ဘက်မှာလည်း ဂိုးသမား အလီဆွန် ဘက်ကာ လွဲချော်ဦးမှာ ဖြစ်ပြီး ဘရက်ဒ်လေ၊ ဂျိူတာ၊ ခီယေဇာ၊ အဲလီယော့တ် တို့လည်း ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
ဖြစ်နိုင်ဖွယ် လူစာရင်း
ဘရိုက်တန် – စတီးလ်၊ လမ့်ပ်တေး၊ ဗန်ဟက်ကီ၊ အီဂေါ၊ အက်စတူပီနန်၊ အက်ဒါဂရာ၊ ဘဲလ်ဘာ၊ ဝိုင်ဖာ၊ မီတိုမာ၊ အန်စီဆို၊ ဖာဂူဆန်
လစ်ဗာပူးလ် – ခယ်လာဟာ၊ အာနိုးလ်၊ ဂိုးမက်ဇ်၊ ကွမ်ဆာ၊ ဆီမီကတ်စ်၊ အန်ဒို၊ ဂါဗရန်ဘက်ဂျ်၊ ဆာလာ၊ ဆိုဘို့ဇ်လိုင်း၊ ဂက်ခ်ပို၊ နူညက်ဇ်
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်
ဒီနှစ်သင်းက ၁၇ ကြိမ် တွေ့ဆုံခဲ့ရာမှာ ဘရိုက်တန်က ၃ ကြိမ်နိုင်၊ လစ်ဗာပူးလ်က ၁၀ ကြိမ် နိုင်ပြီး ၄ ကြိမ် ကတော့ သရေကျခဲ့ပါတယ်။ ဘရိုက်တန် ကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲစလုံး လစ်ဗာပူးလ်တို့ နိုင်ပွဲ မရခဲ့တာ ကိုတော့ သတိပြုရမှာ ဖြစ်ပါတယ်။ နောက်ဆုံး ၅ ကြိမ် တွေ့ဆုံမှုမှာလည်း လစ်ဗာပူးလ်ဟာ ဘရိုက်တန်ကို ၁ ကြိမ်သာ အနိုင်ရခဲ့ပြီး ၂ ကြိမ် သရေကျကာ ၂ ကြိမ် ရှုံးခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်
SBOTOPရဲ့ 1X2 မှာ ဘရိုက်တန် နိုင်ရင် ၂.၉၃ ဆ နီးပါး ရမှာ ဖြစ်ပြီး လစ်ဗာပူးလ် နိုင်ရင်တော့ ၂.၀၇ ဆ နဲ့ သရေ ဆိုရင်တာ့ ၃.၃၆ ဆ ရမှာ ဖြစ်ပါတယ်။ အာရှဟန်းဒီးကပ် မှာလည်း လစ်ဗာပူးလ်က သရေ တစ်ဝက်ရှုံး၊ သရေ အရှုံးကြေးတွေ ပေးထားပြီး ဂိုးပေါင်း ကတော့ အပေါ် သမားတွေ ၃ လုံးမှ ပျော်ရွှင်ရမယ့် ကြေးပါ။ ဒီရာသီမှာ နှစ်သင်းစလုံး ပုံစံကောင်း ရနေပြီး ပြည်တွင်း ရှုံးထွက် ပြိုင်ပွဲ ဖြစ်လို့ မှန်းဆရခက်ပါတယ်။ သေချာတာတော့ အမေရိကန် အိတ်စ်ပရက်စ်မှာ လစ်ဗာပူးလ်တို့ ဘရိုက်တန်ကို ခက်ခက်ခဲခဲ ကစားရမယ် ဆိုတာပါပဲ။ ဒါပေမယ့်လည်း အရှိန်တစ်ခု ရနေတဲ့ လစ်ဗာပူးလ် ကိုပဲ ယုံကြည်ထားတာ ပိုပြီး မှန်ကန်လိမ့်မယ် ထင်ပါတယ်။ အပြန်အလှန် ဂိုးတွေ သွင်းတာ မြင်ရနိုင်သလို လစ်ဗာပူးလ် ကပ်နိုင်သွားဖို့ များပါတယ်။
ခန့်မှန်းရလဒ်
ဘရိုက်တန် ၁-၂ လစ်ဗာပူးလ်
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.