နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အဲလန်ရုတ်ဒ်မှာ ငှက်ကြားတွေကို ဂိုးမိုးရွာခဲ့တဲ့ အဖြူရောင်တပ်သားများ – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

countdown banner

လိဒ်စ်ယူနိုက်တက် ၅ – ၂ နယူးကာဆယ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ လိဒ်စ်ယူနိုက်တက် တို့ အိမ်ကွင်း အဲလန်ရုတ်ဒ်မှာ နောက်ဆုံး ၁၃ မိနစ် အတွင်း သွင်းယူခဲ့တဲ့ သွင်းဂိုး ၃ ဂိုး အပါအဝင် နယူးကာဆယ်ကို ၅ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် လိဒ်စ်ယူနိုက်တက်တို့ ဒီရာသီ ဒုတိယမြောက် ပရီးမီးယားလိဂ် အိမ်ကွင်းနိုင်ပွဲ ရရှိသွားခဲ့ပြီး ဒီဇင်ဘာပွဲကြပ်ကာလမှာ အနိုင် ၃ မှတ်နဲ့ ထိုက်တန်ခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက် ပရီးမီးယားလိဂ် အိမ်ကွင်း နိုင်ပွဲရှာတွေ့ဖို့အတွက် ထုံးစံအတိုင်း ဘမ်းဖို့ဒ်၊ ရာဖင်ဟာ၊ ရိုဒရီဂို၊ ဟဲရစ်ဆင်၊ ဒါးလက်စ်၊ ကလစ်ချ်တို့လို ကစားကောင်းတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ နယူးကာဆယ် ဘက်မှာလည်း ကော်လမ်ဝီလ်ဆင်၊ ဖရေဆာ၊ ရှောင်လောင်းစတက်ဖ် တို့လို ကစားသမားတွေ ပါဝင်လာခဲ့ပြီး အိမ်ရှင်အသင်းဆီကနေ အတတ်နိုင်ဆုံး ရလဒ် ခွဲယူနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အခုပွဲဟာ လိဒ်စ်ယူနိုက်တက်တို့ အတွက် ဒီရာသီ ပရီးမီးယားလိဂ်မှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။ တစ်ပွဲလုံး ဂိုးပေါက်ခြိမ်းခြောက်မှု အနေနဲ့ ၂၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ဂိုးပေါက်တည့်မှုကတော့ ၁၀ ကြိမ်အထိ ရှိခဲ့ပါတယ်။ ပွဲအစကတည်း နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်မှုတွေနဲ့ စတင်ခဲ့လို့ တော်တော်လေး ကြည့်ကောင်းခဲ့ပါတယ်။ ပွဲစပြီးလို့ ၂၆ မိနစ်အကြာမှာ နယူးကာဆယ်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး တောင်ပံက ကော်လမ်ဝီလ်ဆင်ရဲ့ ဖြတ်တင်ပေးပို့မှုကို အသင့်စောင့်နေတဲ့ ဟန်းဒရစ်ခ်က ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ လိဒ်စ်တို့ ခြေပဂိုးရရှိခဲ့ပြီး ရိုဒရီဂို ခေါင်းတိုက်လို့ ဘားထိပြီး ပြန်ထွက် လာတဲ့ ဘောလုံးကို ဘမ်းဖို့ဒ်က နောက်တစ်ကြိမ် ပိတ်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ တစ်ဖက်နဲ့ တစ်ဖက် ဂိုးထပ်ပြီး မသွင်းနိုင်တော့လို့ ပထမပိုင်းအပြီးမှာ တစ်ဖက် ၁ ဂိုးစီ သရေကျနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ နှစ်သင်းစလုံး သွင်းဂိုးတွေ ရရှိဖို့ တိုက်စစ် ပိုဖွင့်လာခဲ့တာကြောင့် သွင်းဂိုးတွေ အများကြီးလည်း မြင်တွေ့ခဲ့ရပါတယ်။ ပွဲချိန် ၆၁ မိနစ်မှာတော့ လိဒ်စ်တို့ ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး ဂျက်ဟဲရစ်ဆင်ရဲ့ တောင်ပံက ကန်တင်ပေးပို့မှုကို ရိုဒရီဂိုက လှလှပပခေါင်းတိုက်သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ၄ မိနစ်အကြာမှာ နယူးကာဆယ် ခံစစ်က ကလာ့ခ်က ချေပခဲ့လို့ ၂ ဂိုးစီသရေကျနေခဲ့ပြန်ပါတယ်။ ပွဲချိန်ကြာလာတာနဲ့ အမျှ လိဒ်စ်ယူနိုက်တက်ရဲ့ ရုန်းအား တွေအောက်မှာ  နယူးကာဆယ် ခံစစ်က တော်တော်လေး တောင့်ခံခဲ့ရပြီး ပွဲချိန် ၇၇ မိနစ်၊ ၈၅ မိနစ်နဲ့ ၈၈ မိနစ်တွေမှာ ဒါးလက်စ်၊ အယ်လီရိုစကီးနဲ့ ဟဲရစ်ဆင်တို့က ၃ ဂိုးဆက်သွင်းယူခဲ့လို့ ပွဲအပြီးမှာ လိဒ်စ်ယူနိုက်တက်တို့ ၅-၂ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

လိဒ်စ်ယူနိုက်တက်တို့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ သွားရောက်ကစားဖို့ရှိပြီး နယူးကာဆယ်ကတော့ အိမ်ကွင်းမှာ ဖူလ်ဟမ်ကို ဧည့်ခံကစားရဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၁၃ နေရာမှာ ရပ်တည်နေခဲ့တဲ့ လိဒ်စ်ယူနိုက်တက်

ပွဲပြီးသုံးသပ်ချက်

လိဒ်စ်ယူနိုက်တက်ရဲ့ ကစားပုံက အခုပွဲမှာ တော်တော်လေးကို အားရစရာ ကောင်းပါတယ်။ မာဆယ်လို ဘီရာဆာရဲ့ အသင်းက အရင်ပွဲတွေတုန်းက တိုက်စစ်ကောင်းသလောက် ဂိုးတွေ ပြန်ပေးခဲ့ရပေမယ့် ဒီပွဲမှာတော့ ခံစစ်က ပုံစံကောင်း တစ်ခု ပြသနိုင်ခဲ့ပါတယ်။ တောင်ပံကနေ ဖြတ်တင်ပေးပို့မှုတွေ တော်တော်လေး ထိရောက်ခဲ့ပြီး ရခဲ့တဲ့ ဂိုးအများစုက လည်း ခေါင်းတိုက်သွင်းဂိုးတွေပဲ ဖြစ်ပါတယ်။ ကွင်းလယ်က ခြေစွမ်းပြနေကျ ကယ်ဗင် ဖီးလစ် ခြေစွမ်းမပြနိုင်ခဲ့ဘူး ဆိုပေမယ့် တောင်ပံနှစ်ဖက်က ရာဖင်ဟာ၊ ဟဲရစ်ဆင်၊ အယ်လီရိုစကီး၊ ဒါးလက်စ်တို့ သွင်းဂိုးတွေရော၊ ဂိုးဖန်တီးမှုပါ ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ကစားပုံ ကျစ်လျစ်လှပါတယ်ဆိုတဲ့ နယူးကာဆယ်ကတော့ အရင်ပွဲတွေနဲ့ မတူပဲ ကစားသမားတွေလည်း ပုံမှန်ခြေစွမ်းအောက်မှာ ရောက်ရှိနေခဲ့ပါတယ်။ ဒါတောင် ဂိုးသမား ဒါလိုးရဲ့ လက်စွမ်းပြ ကာကွယ်မှု တချို့ကြောင့် နယူးကာဆယ်တို့ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။ အခုပွဲရဲ့ အကောင်းဆုံး ကစားသမားက တော့ တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့တဲ့ တောင်ပံက ဂျက်ဟဲရစ်ဆင် ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

လိဒ်စ်ယူနိုက်တက်တို့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ သွားရောက်ကစားဖို့ရှိပြီး နယူးကာဆယ်ကတော့ အိမ်ကွင်းမှာ ဖူလ်ဟမ်ကို ဧည့်ခံကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်