နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းသိပ်မကွာတဲ့ ဖင်လန်နဲ့ ဝေးလ်စ်တို့ ရဲ့ နေးရှင်းလိဂ်ဘီ အုပ်စု ပွဲစဉ်

countdown banner

ဖင်လန် – ဝေးလ်စ်

အခုတစ်ခါမှာတော့ SBOTOP ရဲ့ ဘောလုံးပရိသတ်‌‌တွေအတွက် နေးရှင်းလိဂ်ဘီရဲ့အုပ်စု၄ကဖင်လန်နဲ့ဝေးလ်စ်အသင်းတို့ရဲ့ပွဲစဉ်ကိုကြိုတင်ခန့်မှန်းသုံးသပ်ပေးပါမယ်။ဖင်လန်နဲ့ဝေးလ်စ် တို့ဟာနိုင်ငံတကာပွဲစဉ်တွေမှာ ပထမဆုံးအကြိမ်အဖြစ်တွေ့ဆုံတာဖြစ်ပြီးတော့လက်တလောခြေတက်နေတဲ့နှစ်သင်းဖြစ်လို့ပရိသတ်အကြိုက်ပွဲစဉ်တစ်ပွဲဖြစ်လာဦးမှာပါ။

ပထမဆုံးပြောရမှာကဖင်လန်အသင်းအကြောင်းပါ။ဖင်လန်အသင်းဟာပြီးခဲ့တဲ့နှစ်ကနေးရှင်းလိဂ်စီရဲ့အုပ်စု၂မှာထိပ်ဆုံးနေရာရရှိခဲ့လို့နေးရှင်းလိဂ်ဘီကိုတက်လှမ်းလာတဲ့အသင်းဖြစ်ပါတယ်။အဲ့နောက်မှာတော့သမိုင်းတစ်လျှောက်ပထမဦးဆုံးအကြိမ်ယူရိုခြေစစ်ပွဲကိုအောင်မြင်ထားပါတယ်။ဖင်လန်အသင်းဟာ နည်းပြမခ့်ကု ကနာဗာရဲ့ ဦးဆောင်မှုနဲ့ အကောင်းပုံစံရရှိနေတဲ့ အသင်းတစ်သင်းဖြစ်ပြီးတော့ နောက်ဆုံး၁၀ပွဲကစားထားရာမှာ ၆ပွဲ အနိုင်ရထားပါတယ်။ မနှစ်က ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြခဲ့တဲ့ တီမူ ပုကီ အနေနဲ့ဖင်လန်တို့ခြေစစ်ပွဲအောင်မြင်ရေးအတွက် သွင်းဂိုး ၁၀ဂိုးနဲ့ အကူအညီပေးထားတာကိုတွေ့ရပါတယ်။ ပြီးခဲ့တဲ့နေရှင်းလိဂ်မှာတော့ ဟန်ဂေရီ၊ အက်စ်တိုးနီးယား၊ ဂရိစ်တို့နဲ့ကစားခဲ့တဲ့ပွဲစဉ် ၆ပွဲမှာ ၄ပွဲအနိုင်ရထားပြီး ပေးဂိုးလုံး၀မရှိတာကိုတွေ့ရပါတယ်။ဂိုးရရှိမှုအပိုင်းမှာတော့ ၁-၀နဲ့ အနိုင်ရခဲ့တဲ့ ပွဲ ၃ပွဲထိရှိခဲ့ပြီးတော့ ပွဲစဉ်အားလုံးပြီးဆုံးချိန်မှာ ရဂိုး ၅ဂိုးသာရှိခဲ့ပါတယ်။

 
ဖင်လန်လိုပဲ ဝေးလ်စ် အသင်းအနေနဲ့ ယူရိူ ၂၀၂၀ခြေစစ်ပွဲအောင်မြင်ထားပြီး အုပ်စု အီးရဲ့ ခရိုအေးရှား အသင်းရဲ့ နောက် ဒုတိယနေရာကနေ အောင်မြင်ထားပါတယ်။ ဝေးလ်စ်အသင်းကိုတော့ ယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း ရွိုင်ရန်ဂစ် ကိုင်တွယ်နေပြီးတော့ ယူရိူ ၂၀၂၀ ခြေစစ်ပွဲစဉ်နောက်ဆုံးနှစ်ပွဲမှာ ဟန်‌ဂေရီနဲ့ အဇာဘိုင်ဂျန် တို့ကို ၂ဂိုးပြတ်စီနဲ့ အနိုင်ရရှိထားပါတယ်။ ၈ပွဲကစားပြီး ဆလိုဗက်ကီးယား ရဲ့နောက်အဆင့် ၂နေရာကနေ ခြေစစ်ပွဲအောင်မြင်ထားပါတယ်။ ပြီးခဲ့တဲ့ နေးရှင်းလိဂ်မှာ ဒိန်းမတ်၊ မြောက်အိုင်ယာလန် တို့နဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး ဒိန်းမတ်အသင်း ကို နှစ်ကျော့စလုံးရှုံးနိမ့်ခဲ့တာက လွဲရင် ကျန်ပွဲတွေ အကုန်အနိုင်ရထားပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ ၆ပွဲဆက်ရှုံးပွဲမရှိသေးပဲ နောက်ရာသီ နေးရှင်းလိဂ်အေမှာ ကစားရဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။ ဖင်လန်အသင်းရဲ့ လူစာရင်းအရ ကာမာရာ၊ ပုကီ၊ ပိုဂျန်ပါလို တို့လို ကစားသမားကောင်းတွေ ရှိနေပြီး ဝေးလ်စ်အသင်းမှာတော့ ဂါရက်ဘေးလ်၊ရော့ဘ်ဆင် ကနူး၊ ဒန်နီရယ်ဂျိမ်းစ်၊ ဘင်ဒေးဗီးစ်၊ အက်ရှ်လေဝီလျံ တို့ရှိနေပါတယ်။

နောက်ဆုံး ကစားခဲ့တဲ့ ၆ပွဲဆက်ရှုံးပွဲမရှိသေးပဲ နောက်ရာသီ နေးရှင်းလိဂ်အေမှာ ကစားရဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။
ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲဆက် ရှုံးပွဲမရှိသေးတဲ့ ဝေးလ်စ်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်းအစဥ်အလာ

ထိပ်တိုက်တွေ့ဆုံမှုအရ ကြည့်မယ်ဆိုရင် ၂၀၁၃ခုနှစ်က နောက်ဆုံးအကြိမ်အဖြစ် ချစ်ကြည်ရေး ခြေစမ်းပွဲစဉ်ကစားထားပြီး တစ်ဖက်တစ်ဂိုးစီသရေကျထားပါတယ်။ ဒီနှစ်သင်းရဲ့ သမိုင်းကြောင်းတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ အတွေ့အကြုံပိုင်းမှာ ဝေးလ်စ်အသင်းက အသာရနေပါတယ်။ လက်တလောခြေစွမ်းပိုင်းအရ ဖင်လန်တို့ ရဲ့ စုဖွဲမှုကတော်တော်လေးကောင်းနေတာတွေ့ရပေမယ့် ဝေးလ်စ်ကလည်း ‌ပြိုင်ပွဲစုံ နောက်ဆုံး ၆ပွဲဆက် ရှုံးပွဲမရှိသေးပါဘူး။ ဥရောပအတွေ့အကြုံပိုများတဲ့ ကစား‌သမားတွေရှိတဲ့ ဝေးလ်စ်အသင်း နိုင်ပွဲထပ်ရှာဖို့ ကြိုးစားလာဦးမှာပါ။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဖင်လန် vs ဝေးလ်စ် အချိန်ပြည့်သရေ @၃.၀၀ဆ
စက်တင်ဘာ၄ရက်,မနက်၁:၁၅နာရီ(GMT + ၆:၃၀)

1×2ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အနိုင်ရမယ်ဆိုရင်၃.၄၀ ဆရရှိမှာဖြစ်ပြီးတော့ ဧည့်သည်အသင်းအတွက်ဆိုရင်တော့ ၂.၃၇ ဆ ရရှိမှာ ဖြစ်ပါတယ်။သရေ အတွက် ကိုတော့ ၃.၀၀ ဆဖြစ်ပါတယ်။ ဖင်လန်ရဲ့ ခြေစွမ်းတော်တော်လေးထက်မြက်နေတယ်ဆို‌ပေမယ့် ဘေးလ် ဦးဆောင်လာမယ့် ဝေးလ်စ်ကိုပိုပြီးသဘောကျချင်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေမှာ အသင့်လျော်ဆုံး ဆုံးဖြတ်ချက်က သရေရလဒ်ပဲ ဖြစ်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု.

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်