နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တိုက်စစ်ခြေစွမ်းပြပြီး ဝက်စ်ဘရွန်းကို ၅ ဂိုးပြတ် အနိုင်ယူခဲ့တဲ့ လိဒ်စ်ယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

countdown banner

ဝက်စ်ဘရွန်း ၀ – ၅ လိဒ်စ်ယူနိုက်တက်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လိဒ်စ်ယူနိုက်တက်တို့ ဝက်စ်ဘရွန်းရဲ့ အိမ်ကွင်း ဟော်သွန်းစ်မှာ သွားရောက်ကစားခဲ့ရပေမယ့် ၀-၅ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ပွဲစဉ်တိုင်းနီးပါး တိုက်စစ်ဖွင့်ကစားပြီး ကစားအား အကျမခံတဲ့ မာဆယ်လို ဘီရာဆာရဲ့ အသင်းကတော့ နောက်ထပ်ဂိုးပြတ် နိုင်ပွဲရရှိခဲ့ပေမယ့် ဝက်စ်ဘရွန်း ကတော့ နည်းပြသစ် ဆမ်အလာဒိုက်စ် လက်ထက်မှာ ဒုတိယမြောက် ဂိုးပြတ် ရှုံးပွဲ တစ်ပွဲ ကြုံတွေ့ခဲ့ရပြန်ပါတယ်။

ဝက်စ်ဘရွန်းတို့ကတော့ ပြီးခဲ့တဲ့ ပွဲစဉ်ကအတိုင်း ခံစစ်အသားပေး ၄-၅-၁ ကစားကွက်နဲ့ ပွဲထွက်လာပြီး မာဆယ်လို ဘီရာဆာရဲ့ လိဒ်စ်ယူနိုက်တက် အသင်းကတော့ ထုံးစံအတိုင်း ၄-၁-၄-၁ ကစားကွက်ကိုပဲ အသုံးပြုလာခဲ့ပါတယ်။ ပွဲချိန် ၉ မိနစ်မှာတင် လိဒ်စ်ယူနိုက်တက်တို့ ဦးဆောင်ဂိုးရခဲ့ပြီး ဝက်စ်ဘရွန်း ကွင်းလယ်လူ ရိုမိန်း ဆောရာက ဂိုးသမား ဂျွန်စတုန်းကို ပြန်ပေးရာကနေ တစ်ဆင့် ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ပွဲချိန် ၃၁ မိနစ်မှာ နောက်ခံလူ အယ်လီရိုစီကီးက ကန်ချက်ခပ်ပြင်းပြင်းနဲ့ သွင်းဂိုး ရယူပေးခဲ့လို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ပါတယ်။ ပွဲချိန် ၃၆ မိနစ် မှာလည်း ပက်ထရစ်ဘမ်းဖို့ဒ်ရဲ့ ဖန်တီးပေးပို့မှုကနေ ဂျက်ဟဲရစ်ဆင် ကတတိယဂိုးနဲ့ ကွင်းလယ်က ကလစ်ချ်ရဲ့ ပေးပို့မှုကနေ ရိုဒရီဂိုက စတုတ္ထဂိုးကို  သွင်းယူပေးခဲ့လို့ ပထမပိုင်းအပြီးမှာ လိဒ်စ်ယူနိုက်တက် တို့ ၀-၄ ရလဒ်နဲ့ အနိုင်ရနေခဲ့ပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန် ၇၂ မိနစ် မှာလည်း စတူးဝပ်ဒါးလက်စ်ရဲ့ ဖန်တီးပေးပို့မှုက တစ်ဆင့် ရာဖင်ဟာက ပဉ္စမဂိုးသွင်းယူပေးခဲ့ပါတယ်။ အဲ့နောက် ပွဲပြီးတဲ့ အချိန်အထိ သွင်းဂိုးတွေ ထပ်မမြင်ရတော့လို့ လိဒ်စ်ယူနိုက်တက် တို့ အဝေးကွင်းမှာ ၅ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

နည်းပြ ဆမ်အာလာဒိုက်စ် အနေနဲ့ကတော့ အခုထက်ပိုကောင်းတဲ့ နည်းစနစ်နဲ့ အသင်းကို ကယ်တင်နိုင်မှပဲ ရာသီကုန်ရင် ပရီးမီးယားလိဂ်ကနေ တန်းပြန်မဆင်းရမှာ ဖြစ်ပါတယ်။
နည်းပြသစ် ပြောင်းလဲခဲ့ပြီး ဖြစ်ပေမယ့် ရလဒ်ဆိုးတွေအောက်ကနေ ရုန်းမထွက်နိုင် သေးတဲ့ ဝက်စ်ဘရွန်း

လိဒ်စ်ယူနိုက်တက် နည်းပြ မာဆယ်လို ဘီရာဆာရဲ့ နည်းစနစ်ပိုင်းနဲ့ ခေါင်းမာမှုကတော့ တကယ့်ကို လေးစားဖို့ ကောင်းပါတယ်။ ပရီးမီးယားလိဂ် ပွဲတိုင်းနီးပါး ၄-၁-၄-၁ ကစားကွက်ကို ဆက်တိုက်အသုံးပြုခဲ့ပြီး ကစားသမားတွေကိုလည်း ကစားအား လုံးဝမလျော့ခိုင်းတာ တွေ့ရပါတယ်။ ဒါ့ကြောင့် လိဒ်စ်ယူနိုက်တက်ရဲ့ ရလဒ်တွေကို ပြန်ကြည့်မယ်ဆိုရင် သွင်းဂိုးတွေ ရသလောက် ပေးဂိုးတွေလည်း အများကြီး ပြန်ပေးနေခဲ့ရတာ ဖြစ်ပါတယ်။ ဝက်စ်ဘရွန်းကတော့ နည်းပြသစ် ပြောင်းလဲခဲ့ပေမယ့် အရှုံးနွံထဲမှာ နစ်နေဆဲ ဖြစ်ပါတယ်။ လာမယ့်ပွဲစဉ်တွေမှာလည်း အာဆင်နယ်၊ ဝက်စ်ဟမ်း၊ ဝုဗ်၊ မန်ချက်စတာစီးတီးတို့လို အသင်းကောင်းတွေနဲ့ ကစားရဦးမှာ ဖြစ်လို့ ဝက်စ်ဘရွန်းတို့ ခံစစ်ကိုပဲ အားပြုကစားနေရုံနဲ့ ရလဒ်ကောင်းတွေ ရဖို့ မမြင်ပါဘူး။ နည်းပြ ဆမ်အာလာဒိုက်စ် အနေနဲ့ကတော့ အခုထက်ပိုကောင်းတဲ့ နည်းစနစ်နဲ့ အသင်းကို ကယ်တင်နိုင်မှပဲ ရာသီကုန်ရင် ပရီးမီးယားလိဂ် ကနေ တန်းပြန်မဆင်းရမှာ ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ဝက်စ်ဘရွန်းတို့ လာမယ့် ပွဲစဉ်မှာ အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကစားရဖို့ ရှိပြီး လိဒ်စ်ယူနိုက်တက်ကတော့ တော့တင်ဟမ်ဟော့စပါးကွင်းကို သွားရောက်ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်