နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အနိုင်သေချာတဲ့ အာဆင်နယ်နဲ့အတူ ရပ်တည်ကြမယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အာဆင်နယ် – ဖူလ်ဟမ်

နောက်ဆုံး ကစားခဲ့တဲ့ နှစ်ပွဲမှာ ဂိုးပြန်မြူးနေတဲ့ အာဆင်နယ်တို့ ခံစစ်ကစားပုံ မာကျောတဲ့ တန်းဆင်းဇုန်ထဲက ဖူလ်ဟမ်နဲ့ အရေးကြီးတဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ် ပွဲစဉ် ကစားရဖို့ ရှိနေပါတယ်။ လက်တလော ပရီးမီးယားလိဂ် အဆင့် ၉ နေရာမှာ ရပ်တည်နေပြီး ဥရောပဝင်ခွင့် တစ်နေရာအတွက် မျှော်လင့်ချက် ဝေဝါးနေပေမယ့် အတတ်နိုင်ဆုံး ရလဒ်ကောင်းဖို့ ကြိုးပမ်းနေတဲ့ အာဆင်နယ်တို့ ဖူလ်ဟမ်ကို အစဉ်အလာအတိုင်း အသာစီးရသွားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ လူငယ်တွေ အများစု အသုံးပြုပြီး ရှက်ဖီးလ်ယူနိုက်တက်ကို ဂိုးပြတ်သွင်းယူခဲ့တဲ့ အာဆင်နယ်တို့ ယူရိုပါလိဂ် ဒုတိယအကျော့ ချက်မြေပေါ်မှာ ၄ ဂိုးပြတ်သွင်းပြီး အောင်ပွဲခံခဲ့ပါတယ်။ လက်ရှိမှာ အဓိက တိုက်စစ်မှူး ပီယာအန်းမရစ်ခ် အော်ဘာမီယန်း ကိုဗစ် ၁၉ ရောဂါ ကူးစက်ခံနေရလို့ ပါဝင်မကစားနိုင်ပေမယ့် နောက်ထပ် တိုက်စစ်မှူး လာကာဇာ ခြေစွမ်းပြပြီး ဂိုးတွေ သွင်းပေးနေတာကြောင့် အာဆင်နယ်တို့ ရလဒ်တွေ ကောင်းနေတာ ဖြစ်ပါတယ်။ အလက်ဇန္တား လာကာဇက် အနေနဲ့ ပြီးခဲ့တဲ့ ၂ ပွဲမှာ ၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး နှစ်ပွဲစလုံးမှာ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ လာကာဇက် အပြင် ပေပေ၊ ဆာကာ၊ စမစ်ရိုးဝ်တို့လည်း အချိတ်အဆက် မိမိနဲ့ ပုံစံကောင်းတစ်ခု ပြန်ရနေလို့ မီခယ်အာတေးတားရဲ့ အသင်းက အသက်ကယ် နိုင်ပွဲတွေ ရှာတွေ့နေတာ ဖြစ်ပါတယ်။ အာဆင်နယ်တို့ လက်တလော ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာက ချဲလ်ဆီးနဲ့ ၉ မှတ်အထိ ကွာဟ နေတာကြောင့် လက်ကျန် ၇ ပွဲပဲ ကစားဖို့ ကျန်ရှိတော့ချိန်မှာ ဥရောပဝင်ခွင့် ကတော့ လွဲချော်ဖို့ သေချာသလောက် ရှိနေပါတယ်။ ဒါပေမယ့် တစ်ဖက်မှာ ယူရိုပါလိဂ် ဆီမီးဖိုင်နယ် အဆင့်ထိ ရောက်နေပြီ ဖြစ်လို့ မီခယ်အာတေးတား အနေနဲ့ အသင်းကို ဘယ်လို ပုံစံနဲ့ ရလဒ်ကောင်းတွေ ရှာဖွေပေးမလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ လက်ရှိမှာတော့ တီယာနေး၊ ဒါးဗစ်လူးဝစ်ဇ်၊ အိုဒီဂတ် တို့ ဒဏ်ရာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။

ရာသီကုန်ဖို့ ဘယ်လောက်မှ မလိုတော့တဲ့ အချိန်မှာ ဖူလ်ဟမ်တို့ ပရီးမီးယားလိဂ် တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၄ ပွဲဆက် ရှုံးနိမ့်ထားတဲ့ ဖူလ်ဟမ်

အခုအချိန်မှာ အာဆင်နယ်လိုပဲ ဖူလ်ဟမ်တို့လည်း ဖိအားတွေအောက်မှာ ရုန်းကန်နေရတာ ဖြစ်ပါတယ်။ ရာသီကုန်ဖို့ ဘယ်လောက်မှ မလိုတော့တဲ့ အချိန်မှာ ဖူလ်ဟမ်တို့ ပရီးမီးယားလိဂ် တန်းဆင်းဇုန် အဆင့် ၁၈ နေရာမှာ ရှိနေဆဲ ဖြစ်ပါတယ်။ နောက်ပြီး ဖူလ်ဟမ်အတွက် လက်ကျန်ပွဲစဉ် ၆ ပွဲသာ ကစားဖို့ ကျန်တော့လို့ တန်းဆင်းရမယ့် အခြေအနေနဲ့ ပိုပြီး နီးစပ်နေတာဖြစ်ပါတယ်။ အခုနှစ်မှ တန်းပြန်တက်လာတဲ့ စကော့တ်ပါကားရဲ့ ဖူလ်ဟမ်တို့ တစ်ရာသီလုံး မာကျောတဲ့ ကစားပုံကို ပြသနိုင်ခဲ့ပေမယ့် သရေပွဲ၊ ရှုံးပွဲတွေနဲ့ပဲ လုံးလည်လိုက်ခဲ့လို့ အခုအချိန်မှာ တန်းပြန်မဆင်းရရေး ဗျာများနေရတာပါ။ ဖူလ်ဟမ်တို့ နောက်ဆုံး ၅ ပွဲမှာ လစ်ဗာပူးလ် တစ်သင်းတည်းကို အနိုင်ရထားပြီး မန်ချက်စတာစီးတီး၊ လိဒ်စ်ယူနိုက်တက်၊ အက်စတွန်ဗီလာ၊ ဝုဗ်တို့လို အသင်းတွေကို ရှုံးနိမ့်ထားလို့ အခုပွဲမှာလည်း တိုက်စစ်ထက်မြတ်နေတဲ့ အာဆင်နယ်ကို တားဆီးဖို့ခက်ခဲပါလိမ့်မယ်။ ဖူလ်ဟမ်ရဲ့ ဒဏ်ရာရ လူစာရင်းမှာတော့ ရိုဒက်ခ်၊ ကိုင်ယာနေး၊ ကွန်ဂိုလိုတို့ ရှိနေပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အာဆင်နယ်နဲ့ ဖူလ်ဟမ်တို့ရဲ့ နောက်ဆုံး တွေ့ဆုံမှု ၁၁ ကြိမ်မှာ အာဆင်နယ်တို့ ၇ ကြိမ် အထိ အနိုင်ရပြီး သရေ ၃ ကြိမ်ကျကာ ဖူလ်ဟမ်ကတော့ ၁ ကြိမ်ပဲ ပြန်လည် အနိုင်ရထားပါတယ်။ အခုနှစ် ပရီးမီးယားလိဂ် ပထမအကျော့ တွေ့ဆုံမှုမှာတော့ အာဆင်နယ်က လာကာဇက်၊ ဂါဘရီရယ်၊ အော်ဘာမီယန်းတို့ရဲ့ သွင်းဂိုးတွေနဲ့ ၃ ဂိုးပြတ် အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အာဆင်နယ် vs ဖူဟမ် 1X2 အာဆင်နယ် @ 1.77
ဧပြီလ ၁၈ ရက်, ည ၇:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၇၂ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၅.၀၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၆၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ အာဆင်နယ် အတွက်က ဥရောပဝင်ခွင့် တစ်နေရာ အတွက် မျှော်လင့်ချက်ထားပြီး တတ်နိုင်သမျှ ရလဒ်ကောင်းအား ကြိုးစားနေချိန်၊ ဖူလ်ဟမ် အတွက်ကလည်း တန်းဆင်းဇုန်ကနေ ရုန်းထွက်ဖို့ အားစိုက်နေချိန် ဖြစ်ပါတယ်။ ဒါပေမယ့် အသင်းလိုက် ကစားပုံရော၊ ကစားသမား ပိုင်းမှာပါ အသာရနေတဲ့ အာဆင်နယ်ကိုပဲ မဖြစ်မနေ ရွေးချယ်ရပါလိမ့်မယ်။ ခန့်မှန်းရလဒ် ၃-၁ လောက်နဲ့ အာဆင်နယ် အနိုင်ရသွားပါလိမ့်မယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်