နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လက်ရှိ ချန်ပီယံနဲ့ သွင်းဂိုး အနည်းကို ရွေးချယ်သင့်တယ် (တော့တင်ဟမ်ဟော့စပါး – မန်ချက်စတာစီးတီး) | ပရီးမီးယားလိဂ်

တော့တင်ဟမ်ဟော့စပါး – မန်ချက်စတာစီးတီး

အခုတစ်ပတ် တနင်္ဂနွေနေ့ (စူပါဆန်းဒေး) မှာတော့ တော့တင်ဟမ်ဟော့စပါးတို့ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ ဧည့်ခံကစားဖို့ ရှိနေပါတယ်။ တော့တင်ဟမ်ဟော့စပါးကွင်းမှာ ကစားခဲ့တဲ့ နောက်ဆုံး ၃ ပွဲ ဆက်တိုက် ရှုံးနိမ့်ထားတဲ့ ပပ်ဂွာဒီယိုလာရဲ့ အသင်းက လက်တလော မှာလည်း ပုံစံကောင်း တစ်ခုကို အပြည့်အဝ ပြန်မရသေးလို့ ကျိန်းသေပေါက် ရုန်းကန်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

စပါးတို့ ဟယ်ရီကိန်း အပြောင်းအရွှေ့ အတွက် ဂယက်ထနေချိန် ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိန်းကို ခေါ်ဖို့ ကြိုးပမ်းနေတဲ့ မန်စီးတီးနဲ့ တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။ နည်းပြသစ် တစ်ဦးကို အချိန် အတော်ကြာ ရှာဖွေလိုက်ရတဲ့ စပါးတို့ မတတ်သာတဲ့ အဆုံးမှာ ဝုဗ် ပဲ့ကိုင်ရှင် နူနို အက်စ်ပီရီတို ဆန်တိုကို ရွေးချယ်ခဲ့ရပြီး ရာသီသစ်ကို စတင်ရတော့မှာ ဖြစ်ပါတယ်။ အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကို ဆက်ထိန်းထားနိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေသလို တစ်ဖက် မှာလည်း ဘရိုင်ယန် ဂေးလ်၊ ခရစ္စတီယန် ရိုမီယို၊ ဂိုလီနီ စတဲ့ ကစားသမား ကောင်းတွေနဲ့ အားဖြည့်ထားနိုင်လို့ စပါးရဲ့ ရာသီကြို ပြင်ဆင်မှုက မဆိုးဘူးလို့ ပြောလို့ ရပါတယ်။ လက်ရှိ လူစာရင်းအရ ပရီးမီးယားလိဂ်ရဲ့ အတောင့်တင်းဆုံး အသင်းတွေထဲမှာ ပါဝင်နေတဲ့ စပါးတို့ အခုပွဲမှာ မန်စီးတီးကို ကျိန်းသေပေါက် ဒုက္ခပေးနိုင်ဦးမယ့် သဘော ရှိပါတယ်။ ရာသီကြို ခြေစမ်းပွဲ မှာ ချဲလ်ဆီးနဲ့ သရေကျပြီး အာဆင်နယ်ကို အနိုင်ရထားတဲ့ စပါးရဲ့ ခြေစွမ်းက အထင်သေးလို့ မရပါဘူး။ နောက်ဆုံး သတင်းတွေ အရ အခုပွဲ ကိုတော့ ဟယ်ရီကိန်း လွဲချော်ဖို့ သေချာသလောက် ရှိနေပြီး အန်ဒွန်ဘီလီ၊ ရိုမီယို တို့လည်း ဒဏ်ရာ ပြသနာတွေကြောင့် ပါဝင်ကစားဖို့ မသေချာသေးဘူးလို့ သိရပါတယ်။

စပါးတို့ ဟယ်ရီကိန်း အပြောင်းအရွှေ့ အတွက် ဂယက်ထနေချိန် ပရီးမီးယားလိဂ် အဖွင့်ပွဲမှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ ကိန်းကို ခေါ်ဖို့ ကြိုးပမ်းနေတဲ့ မန်စီးတီးနဲ့ တွေ့ဆုံနေခဲ့တာ ဖြစ်ပါတယ်။
ဟယ်ရီကိန်းကို အသင်းမှာ ဆက်ထိန်းဖို့ ကြိုးပမ်းနေတဲ့ စပါး

အဂွဲရိုး ထွက်ခွာသွားပြီးတဲ့နောက် တိုက်စစ်ပိုင်း အားနည်းချက်တွေ ရှိလာတဲ့ မန်ချက်စတာစီးတီးတို့ ဂျက်ဂရီးလစ်ရှ် ကို ဗြိတိန် စံချိန်တင် ပြောင်းရွှေကြေးနဲ့ ခေါ်ယူထားခဲ့ပေမယ့် မလုံလောက်သေးဘူး ဆိုတာ လက်စတာနဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်က ထောက်ပြနေပါတယ်။ အသင်းငယ် အများစုနဲ့ပဲ ခြေစမ်းထားလို့ စီးတီးရဲ့‌ ခြေစွမ်းက ခန့်မှန်းလို့ မရသေးပေမယ့် တိုက်စစ်ပိုင်း အားနည်းနေတာက လွဲရင် အဘက်ဘက်မှာ တောင့်တင်းနေတဲ့ ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက်လည်း ထိပ်ဆုံးက ရေပန်းစားနေဆဲ ဖြစ်ပါတယ်။ ဖိုဒန်၊ စတာလင်၊ ဂျီဆုစ်၊ ဒီဘရိုင်းနားတို့ ဒဏ်ရာ ပြသနာတွေကြောင့် အနားယူနေရဆဲ ဖြစ်လို့ ဂွာဒီယိုလာ အနေနဲ့ အခုပွဲမှာ ဖာရန်တောရက်စ်၊ မာရက်ဇ်၊ ဂရီးလစ်ရှ် တို့ ၃ ဦးကို တိုက်စစ်မှာ တွဲဖက်ပေးပြီး ကွင်းလယ် မှာတော့ ဖာနန်ဒင်ဟို၊ ဂွန်ဒိုအန်၊ ဘာနာဒို ဆေးလ်ဗားတို့နဲ့ ပွဲထွက် လာမယ့် သဘော ရှိပါတယ်။ နောက်တန်းမှာ ထုံးစံ အတိုင်း ဒီးရာ့ဇ်၊ စတုန်းစ်၊ ကန်ဆယ်လိုနဲ့ ဝေါလ်ကာ တို့ပဲ ပါဝင်လာဖို့ ရှိပြီး ၄-၃-၃ ကိုပဲ သုံးဖို့ များပါတယ်။ အထက်မှာ ပြောခဲ့သလိုပဲ မန်စီးတီးရဲ့ အဓိက အားနည်းချက်ဟာ အဆုံးသတ် ဂိုးသွင်းတဲ့ အပိုင်း ဖြစ်ပေမယ့် ဂရီးလစ်ရှ်ကို ပွဲအစပိုင်း ထဲက အသုံးပြုမယ် ဆိုရင်တော့ ဂိုးရဖို့ မခက်လောက်ပါဘူး။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု ၃၄ ကြိမ်မှာ မန်စီးတီးက ၁၇ ကြိမ် နိုင်၊ စပါးက ၁၄ ကြိမ် နိုင်ပြီး ၃ ကြိမ် ကတော့ သရေကျထားပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၂ ပွဲစီ အနိုင်ရထားပြီး သရေ ၁ ပွဲ ရှိထားလို့ ဒီနှစ်သင်း တွေ့ဆုံချိန်တိုင်း အကြိတ်အနယ် ရှိခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ပြီးခဲ့တဲ့ ရာသီ ပရီးမီးယားလိဂ် ပထမအကျော့မှာ စပါးက ၂-၀ နဲ့ အနိုင်ရပြီး ဒုတိယအကျော့ အီတီဟတ်မှာ မန်စီးတီးက ၃-၀နဲ့ ပြန်ပြီး အနိုင်ရခဲ့ပါတယ်။ လိဂ်ဖလား ဗိုလ်လုပွဲ မှာတော့ လာပေါ့တ်ရဲ့ တစ်လုံးတည်းသော ဂိုးနဲ့ မန်စီးတီးတို့ အနိုင်ရခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
တော့တင်ဟမ်ဟော့စပါး – မန်ချက်စတာစီးတီး အချိန်ပြည့် 1X2 ဧည့်သည် @ ၁.၆၈ ဆ
ဩဂုတ်လ ၁၅ ရက် , ည ၁၀:၀၀ နာရီ (GMT + ၆:၃၀)

1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင် အတွက် ၁.၆၃ ဆနဲ့ ဧည့်သည်အသင်းအတွက် ၅.၄၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၇၀ ဆ ကြေးဖွင့်ထားပါတယ်။ နှစ်သင်းလုံး တိုက်စစ်ပိုင်း အားနည်းချက် ကိုယ်စီ ရှိနေတာကြောင့် အရင် ပွဲတွေ လို့တော့ သွင်းဂိုးတွေ မြိုင်ဆိုင်မယ့် သဘောမှာ မရှိဘူး။ နောက်ဆုံး ၃ ပွဲ ဆက်တိုက် စပါးကွင်းမှာ ရှုံးနိမ့်ခဲ့တာတောင် မန်စီးတီး ဘက်က အဆပေါင်း များစွာ အကျော ပေးထားတာက သတိပြုရမယ့် အချက်ပါ။ စပါးတို့ အိမ်ရှင် အားသာချက် ရှိပေမယ့် နိုင်ပွဲ အတွက် စိတ်ချရတဲ့ မန်စီးတီး ဘက်မှာ ရပ်တည်တာက ပိုပြီး ပျော်ရွှင်ရမယ်လို့ ထင်ပါတယ်။ ခန့်မှန်းရလဒ် ၁-၂ နဲ့ မန်ချက်စတာစီးတီးတို့ အနိုင်ရသွားဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်