နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လိဒ်စ်ယူနိုက်တက် ဘက်မှာ ယုံယုံကြည်ကြည်နဲ့ ရပ်တည်ကြရအောင် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

countdown banner

ဖူလ်ဟမ် vs အဲဗာတန်

အခုတစ်ပတ် စူပါဆန်းဒေးရဲ့ အကောင်းဆုံးပွဲစဉ် တစ်ပွဲဖြစ်တဲ့ လိဒ်စ်ယူနိုက်တက်နဲ့ အာဆင်နယ် အသင်းတို့ရဲ့ ပွဲစဉ်ကတော့ ပရီးမီးယားလိဂ် ပရိသတ်အကြိုက် ပွဲတစ်ပွဲဖြစ်လာဦးမှာပါ။ လက်တလော ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းဖို့ ရုံးကန်နေရတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဖြစ်လို့ အနိုင် ၃မှတ်အတွက် အားထုတ်လာမယ့်ပွဲလည်း ဖြစ်ပါတယ်။

လိဒ်စ်ယူနိုက်တက်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၅ပွဲမှာ ၁ပွဲနိုင်၊ ၁ပွဲသရေ၊ ၃ပွဲရှုံးပြီး ရမှတ် ၄မှတ်ပဲရရှိထားပါတယ်။ လိဒ်စ်ယူနိုက်တက်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်နှစ်ပွဲမှာတော့ လက်စတာစီးတီးကို ၁-၄နဲ့ ရှုံးနိမ့်ထားသလို လိဒ်စ်ယူနိုက်တက်ကိုတော့ ၄-၁နဲ့ ရှုံးနိမ့်ထားပါတယ်။ နည်းပြ မာဆယ်လို ဘီရာဆာရဲ့ လိဒ်စ်ယူနိုက်တက်တို့ ဒီရာသီမှ ပရီးမီးယားလိဂ် ကို တန်းတက်လာခဲ့ပေမယ့် ခြေစွမ်းကောင်းတွေ ပြသပြီး နိုင်ပွဲတချို့ ရယူထားနိုင်ပေမယ့် တချို့ပွဲစဉ်တွေမှာလည်း မထင်မှတ်ပဲ ဂိုးပြတ်ရှုံးနိမ့်ပြီး ရမှတ်တွေဆုံးရှုံးထားတာ တွေ့ရပါတယ်။ လက်တလော ပရီးမီးယားလိဂ် မှာ ၈ ပွဲကစား၊ ၃ပွဲနိုင်၊ ၁ပွဲ‌သရေ၊ ၄ပွဲရှုံးနိမ့်ပြီး ရမှတ် ၁၀မှတ်သာ ရရှိထားလို့ အဆင့် ၁၅နေရာမှာ ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ နည်းစနစ်ပိုင်းဆိုင်ရာမှာ တော်တော်လေးကြွယ်၀တဲ့ မာဆယ်လို ဘီရာဆာရဲ့ လက်အောက်မှာ လိဒ်စ်တို့ အသင်းမှာ ရှိပြီးသား ကစားသမားဟောင်းတွေနဲ့အတူ ကစားသမားသစ်တွေကို ပေါင်းစပ်ပြီး ပွဲတိုင်းမှာ ရလဒ်ကောင်းတွေရရှိနိုင်ဖို့ မျှော်လင့်ခဲ့ကြပေမယ့် ခံစစ်ကစားပုံ ဆိုးရွားမှုကြောင့် နိုင်ပွဲတွေ ပျောက်ဆုံးနေတာကတော့ တော်တော်လေး စိတ်ပျက်စရာကောင်းနေပါတယ်။ လက်ရှိ ပရီးမီးယားလိဂ် မှာ ခံစစ်ကစားပုံ အဆိုးရွားဆုံး အသင်းအဖြစ်သတ်မှတ်လို့ ရပြီး ပေးဂိုး ၁၇ဂိုးအထိ ရှိနေပါတယ်။

ပရီးမီးယားလိဂ်မှာ ၈ပွဲကစား၊ ၄ပွဲနိုင်၊ ၄ပွဲရှုံးပြီး ရမှတ် ၁၂ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်

လိဒ်စ်ယူနိုက်တက်တို့လိုပဲ အာဆင်နယ်အသင်းဟာလည်း ရလဒ်တွေ ဆိုးရွားနေပြီး ပရီးမီးယားလိဂ် မှာ ၈ပွဲကစား၊ ၄ပွဲနိုင်၊ ၄ပွဲရှုံးပြီး ရမှတ် ၁၂ မှတ်နဲ့  အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၅ပွဲမှာ ၃ ပွဲနိုင်ပြီး ၂ပွဲရှုံးထားခဲ့ပါတယ်။ ပရီးမီးယားလိဂ်မှာ နောက်ဆုံးကစားထားတဲ့ ပွဲစဉ် ၅ပွဲကို ကြည့်မယ်ဆိုရင်တော့ ရှက်ဖီးလ်ယူနိုက်တက်ကို ၂-၁နဲ့ အနိုင်ရပြီး မန်ချက်စတာစီးတီး၊ လက်စတာစီးတီးတို့ကို ရှုံးနိမ့်ပြီး မန်ချက်စတာယူနိုက်တက် ကိုတော့ အဝေးကွင်းမှာ ၀-၁နဲ့ ပြန်လည် အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးပွဲမှာတော့ အက်စတွန်ဗီလာ အသင်းကို အိမ်ကွင်းမှာ ၀-၃ နဲ့ အရေးနိမ့်ထားခဲ့ပါတယ်။ အာဆင်နယ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း ၂ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အဝေးကွင်း ပွဲစဉ်‌ေတွမှာတော့ နိုင်ပွဲတွေ ရရှိထားတာ တွေ့ရပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

လိဒ်စ်ယူနိုက်တက်နဲ့ အာဆင်နယ်တို့ကတော့ သမိုင်းတစ်လျှောက် အကြိမ် ၁၂၀ တွေ့ဆုံထားပြီး အာဆင်နယ်က ၄၇ ကြိမ် အနိုင်ရပြီး လိဒ်စ်ကတော့ ၄၁ ကြိမ် အနိုင်ရထားပါတယ်။ ဒီနှစ်သင်းရဲ့ ၂၀၁၁ခုနှစ် နောက်ပိုင်း ထိပ်တိုက်တွေ့ဆုံမှု ၄ကြိမ်ကို ကြည့်မယ်ဆိုရင် အာဆင်နယ် တို့ အိမ်ကွင်းရော အဝေးကွင်းမှာပါ အပြတ်အသာရထားတာ တွေ့ရပါလိမ့်မယ်။ ထိပ်တိုက်တွေ့ဆုံမှု ၄ကြိမ်ဆိုတာလည်း အက်ဖ်အေဖလား ပွဲစဉ်တွေမှာ တွေ့ဆုံခဲ့တာ ဖြစ်ပြီး အာဆင်နယ်က ၃ကြိမ်အထိ အနိုင်ရပြီး သရေပွဲကတော့ ၁ကြိမ်ပဲ ရှိထားခဲ့ပါတယ်။ ‌ပြီးခဲ့တဲ့ ဇန်နဝါရီလက အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်မှာတော့ အာဆင်နယ်က အိမ်ကွင်းမှာ ရီးလ်နယ်လ်ဆင်ရဲ့ သွင်းဂိုး ၁ဂိုးတည်းနဲ့ အနိုင်ရထားခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်