နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဆောက်ဂိတ် အဆန်းထွင်တာလား??? အကွက်လျှိုတာလား??? – ယူရို ၂၀၂၀ ပွဲပြီးသုံးသပ်ချက်

အင်္ဂလန် ၁ – ၀ ခရိုအေးရှား

(ရာဟင်မ်စတာလင် ၅၇’)

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ အင်္ဂလန်နဲ့ ခရိုအေးရှားတို့ရဲ့ ယူရို ၂၀၂၀ အုပ်စု(D) အဖွင့်ပွဲစဉ်မှာတော့ အင်္ဂလန်တို့ ခရိုအေးရှားကို စတာလင်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ အင်္ဂလန်တို့ နည်းပြ ဆောက်ဂိတ်ရဲ့ နည်းဗျူဟာနဲ့ ကစားသမား အပြောင်းအလဲ ပြုလုပ်ခဲ့တာနဲ့ ပတ်သတ်ပြီး မေးခွန်းထုတ်စရာ ရှိလာခဲ့ပြီး ဘောလုံးသုံးသပ်သူ တချို့ရဲ့ ဝေဖန်တာကိုလည်း ခံနေရပါတယ်။ ဒါပေမယ့် အင်္ဂလန်တို့ ယူရို သမိုင်းတစ်လျှောက် အဖွင့် ပွဲစဉ်တွေမှာ အနိုင်မရခဲ့တဲ့ အစဉ်အလာဆိုးကို ရပ်တန့်နိုင်ခဲ့လို့ ဆောက်ဂိတ် အတွက် အနည်းငယ် သက်သာရာ ရခဲ့ပါတယ်။

အင်္ဂလန်တို့ ဒီနေ့ပွဲမှာ ၄-၂-၃-၁ ကစားကွက်နဲ့အတူ ဟယ်ရီမက်ဂွိုင်းယား ပါဝင်လာခြင်း မရှိတာကြောင့် တိုင်ရုန်း မင်းစ်ကို ဂျွန်စတုန်းစ်နဲ့ တွဲဖက်ပေးခဲ့ပါတယ်။ ဘယ်နောက်ခံနေရာ မှာတော့ လုခ်ရှော၊ ချေးလ်ဝဲလ် တို့ ရှိပေမယ့် ညာခြမ်းမှာ အဓိက ကစားတဲ့ ထရစ်ပီယာကို ပွဲထွက်စေခဲ့ပြီး ညာချမ်းမှာတော့ ကိုင်လီဝေါလ်ကာ ကစားခဲ့ပါတယ်။ ကွင်းလယ်မှာ ဒီကလန်ရိုက်စ်နဲ့ ကယ်ဗင်ဖီးလစ်၊ တောင်ပံနှစ်ဖက်မှာ ဖိုဒန်နဲ့ စတာလင်၊ အလယ်မှာ မေဆင်မောင့်နဲ့ အထောင်တိုက်စစ်မှူး အဖြစ် ထုံးစံအတိုင်း အသင်းခေါင်းဆောင် ဟယ်ရီကိန်း ပါဝင်လာပါတယ်။ ပထမပိုင်း ၂၅ မိနစ် လောက်အထိ အင်္ဂလန်ရဲ့ ကစားပုံ တော်တော်လေး ကောင်းခဲ့ပြီး ပွဲချိန် ၆ မိနစ်မှာ ဖိုဒန်ရဲ့ ကန်ချက် တိုင်ထိခဲ့တာနဲ့ ၉ မိနစ်မှာ ကယ်ဗင်ဖီးလစ်ရဲ့ အမှတ်မထင် အဝေးကန်ချက်ကို လီဗာကိုဗစ် ကာကွယ်သွားနိုင်ခဲ့တာတွေကြောင့် အင်္ဂလန်တို့ ဦးဆောင်ဂိုး စောစောစီးစီး ရမယ့် အခွင့်အရေးနဲ့ လွဲချော်ခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် အင်္ဂလန်တို့ရဲ့ ပွဲချိန်ကြာတာနဲ့အမျှ ကစားပုံဟာ တော်တော်လေး တိတ်ဆိတ်သွားပြီး ခရိုအေးရှားတို့ ပြန်ပြီး အသာရလာခဲ့ပါတယ်။ ဒါပေမယ့် ဇလက်ကို ဒါးလစ်ရဲ့ အသင်းက အရည်အသွေးမြင့် တိုက်စစ်မှူး မရှိတာက အဓိကပြသနာ ဖြစ်ပြီး အင်္ဂလန် ခြေစွမ်းအားရစရာ မရှိသလောက် ခရိုအေးရှားရဲ့ ခြေစွမ်းကလည်း စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ ဒုတိယပိုင်း ၅၇ မိနစ် မှာတော့ ကွင်းလယ်က ကယ်ဗင်ဖီးလစ်ရဲ့ ခရိုအေးရှား နောက်ခံလူတွေကြားကနေ အကွက်မြင်မြင် ထိုးပေးလိုက်တဲ့ ဘောလုံးကို စတာလင်က အကောင်းဆုံး အဆုံးသတ်ပေးခဲ့လို့ အင်္ဂလန်တို့ ဂိုးရရှိသွားခဲ့ပါတယ်။ လက်ကျန် မိနစ်တွေမှာ သွင်းဂိုးတွေ ထပ်ရဖို့ နှစ်သင်းစလုံး ပိုပြီး အားစိုက်ကစား ခဲ့ကြပါတယ်။ ကိုဗာချစ်၊ ရီဘစ်၊ ပါဆာလစ် တို့ရဲ့ အတတ်နိုင်ဆုံး ကြိုးပမ်း ခဲ့ပေမယ့်လည်း အဆုံးသတ်ပိုင်း လိုအပ်ချက်တွေ ရှိခဲ့လို့ ခရိုအေးရှားတို့ ချေပဂိုးနဲ့ ဝေးခဲ့ရတာ ဖြစ်ပြီး အင်္ဂလန် ဘက်ကလည်း ဟယ်ရီကိန်း ရဲ့ အပိုင်ပိတ်သွင်းမှု လွဲချော်ခဲ့တာနဲ့ ကယ်ဗင်ဖီးလစ်ရဲ့ ဖရီးကစ် ကန်ချက် ကောင်းပေမယ့် ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာကြောင့် နောက်ထပ် သွင်းဂိုးတွေ ထပ်မရခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ နည်းပြ ဆောက်ဂိတ် အနေနဲ့ ပွဲကြို ခြေစမ်းပွဲတွေ မှာ အကောင်းဆုံးပုံစံနဲ့ တောက်လျောက် ခြေစွမ်းပြခဲ့တဲ့ ဂျက်ဂရီးလစ်ရှ် အစား မေဆင်မောင့်ကို အသုံးပြုခဲ့တာကြောင့် တိုက်စစ်နဲ့ ကွင်းလယ် ချိတ်ဆက်မှု အပိုင်းမှာ သိသိသာသာ အားနည်းခဲ့တာ တွေ့ရပါတယ်။ တစ်ခုရှိတာက ဂရီးလစ်ရှ်ဟာ ပြိုင်ဘက် နောက်ခံလူတွေကို ဖိအားပေးတာ၊ နေရာလွတ် ဖန်တီးပေးတာတွေမှာ ကောင်းပေမယ့် တစ်ကိုယ်တော် ကြိုးပမ်းတဲ့ နေရာမှာ ပိုပြီးအားသန်နေလို့ ဆောက်ဂိတ် စိတ်ကြိုက် ကစားသမား မဟုတ်ခဲ့ပုံ ပေါ်ပါတယ်။ ဂရီးလစ်ရှ် တစ်ဦးတည်းတင် မဟုတ်ပဲ ဂျေဒန်ဆန်ချိုနဲ့ ဘန်ချေးလ်ဝဲလ် တို့လည်း အရန်လူစာရင်းမှာတောင် ရွေးချယ်မခံခဲ့ရပါဘူး။

 

ကြယ်ပွင့် ကစားသမား – ရာဟင်မ်စတာလင်

(စာရေးသူ စိတ်ကြိုက်ကစားသမား – ကယ်ဗင်ဖီးလစ်)

ယူအီးအက်ဖ်အေရဲ့ နည်းစနစ် လေ့လာသူ အဖွဲ့ဝင် ဒေးဗစ်မိုရက်စ်က စတာလင်ကို ဒီနေ့ပွဲအတွက် အကောင်းဆုံး တိုက်စစ် ကစားသမားဆိုပြီး ချီးကျူးခဲ့သလို အနိုင်ဂိုးသွင်းပေးခဲ့တဲ့ စတာလင် ဟာလည်း ပွဲစဉ်ရဲ့ ကြယ်ပွင့်ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ တစ်ဦးတစ်ယောက် အမြင်အရ ဆိုရင် ဒီဆုဟာ ရာဟင်မ် စတာလင်ထက် ကွင်းလယ်က ကယ်ဗင်ဖီးလစ်က ပိုပြီး ထိုက်တန်တယ်လို့ ထင်ပါတယ်။ စတာလင် ဂိုးသွင်းနိုင်ဖို့ ဖန်တီးပေးနိုင်ခဲ့တဲ့ အပြင် ကွင်းလယ် ကနေ ခံစစ်နဲ့ တိုက်စစ် ချိတ်ဆက်ရာမှာ အရေးပါခဲ့ပြီး ဆောက်ဂိတ် သဘောကျတဲ့ ကစားသမားလည်း ဖြစ်တာကြောင့် လာမယ့် ပွဲစဉ်တွေမှာ အခုထက်ပိုပြီး တောက်ပလာနိုင်သူ ဖြစ်ပါတယ်။

 

ပွဲပြီးအချက်အလက်များ

·       အင်္ဂလန်တို့ ယူအီးအက်ဖ်အေ ဥရောပ ချန်ပီယံရှစ် သမိုင်းတစ်လျှောက် ၉ ကြိမ် ယှဉ်ပြိုင်ခဲ့ရာမှာ ယူရို ၂၀၂၀ မှ အဖွင့် ပွဲစဉ် နိုင်ပွဲ ရရှိခဲ့တာ ဖြစ်ပါတယ်။

·       အင်္ဂလန်တို့ ယူရိုပြိုင်ပွဲရဲ့ အုပ်စုအဆင့် ပွဲစဉ်တွေမှာ နောက်ဆုံး ၉ ပွဲ ဆက်တိုက် ရှုံးပွဲမရှိ အောင် စွမ်းဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

·       အင်္ဂလန်တို့ နောက်ဆုံးကစားခဲ့တဲ့ နိုင်ငံတကာ ပွဲစဉ် ၇ ပွဲ ဆက် အနိုင်ရရှိခဲ့ခြင်း ဖြစ်ပြီး ပေးဂိုးမရှိ အနိုင်ရခဲ့တဲ့ ပွဲကလည်း ၆ ပွဲအထိ ရှိခဲ့ပါတယ်။

·       အင်္ဂလန် အတွက် တိုက်စစ်မှူး ရာဟင်မ်စတာလင် ဂိုးသွင်းနိုင်ချိန်တိုင်း အနိုင်ရခဲ့တဲ့ ပွဲပေါင်း ၁၁ ပွဲအထိ ရှိလာခဲ့ပါတယ်။

·       အင်္ဂလန် တိုက်စစ်မှူး ဟယ်ရီကိန်း နေရာမှာ လူစားဝင်ခဲ့တဲ့ ဂျူ့ဒ်ဘယ်လင်ဂမ်ဟာ (၁၇နှစ်၊ ၃၄၉ ရက်)နဲ့ ယူရိုပြိုင်ပွဲ သမိုင်းတစ်လျှောက် အသက်အငယ်ဆုံးကစားသမား ဖြစ်လာပါတယ်။

·       ခရိုအေးရှားတို့  ယူအီးအက်ဖ်အေ ဥရောပ ချန်ပီယံရှစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ ၆ ကြိမ် မှာ ယူရို ၂၀၂၀ ရဲ့ အဖွင့် ပွဲစဉ်မှာ ပထမဦးဆုံး အကြိမ် ရှုံးပွဲတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

·       ခရိုးအေးရှားတို့ ယူရိုပြိုင်ပွဲ နောက်ဆုံးအဆင့် ပွဲစဉ် ၉ ပွဲ ကစားခဲ့ရာမှာ ပေးဂိုး  မရှိတဲ့ပွဲ ၁ ပွဲသာ ရှိခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အင်္ဂလန်တို့ အုပ်စု ဒုတိယပွဲစဉ် အဖြစ် လာမယ့် ဇွန်လ ၁၉ ရက်နေ့မှာ စကော့တလန်နဲ့ ကစားရမှာဖြစ်ပြီး ၁၈ ရက်နေ့မှာ ခရိုအေးရှားက ချက်နဲ့ ကစားရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်