နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ခြေစွမ်းကောင်းနေတဲ့ ဆောက်သမ်တန်တို့ နိုင်ပွဲရှာပါလိမ့်မယ်- ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

ဖူလ်ဟမ် – ဆောက်သမ်တန်

အခုတစ်ပတ် စနေနေ့မှာ ကစားမယ့် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲက ဖူလ်ဟမ်နဲ့ ဆောက်သမ်တန်တို့ရဲ့ ပွဲစဉ်ကို SBOTOP ဘောလုံးပရိသတ်တွေ အတွက် ပွဲကြိုခန့်မှန်းသုံးသပ်ထားပါမယ်။

 
ရာသီအစက ရုပ်ပျက်ဆင်းပျက် ခြေစွမ်းကျဆင်းခဲ့တဲ့ ဖူလ်ဟမ်တို့ နောက်ပိုင်းပွဲစဉ် တချို့မှာတော့ ရလဒ်တွေပြန်ကောင်းလာတာ တွေ့ရပါတယ်။ ဒါပေမယ့် တန်းတက်အသင်းရဲ့ ရုန်းကန်အားကတော့ အနိုင်ရဖို့အထိ မလုံလောက်သေးတာတွေ့ရပါတယ်။ ဖူလ်ဟမ်တို့ နောက်ဆုံးကစားခဲ့တဲ့ ၃ပွဲဆက် လစ်ဗာပူးလ်၊ ဘရိုက်တန်၊ နယူးကာဆယ်တို့နဲ့ သရေကျထားပါတယ်။ ၅ပွဲရလဒ်ကို ကြည့်မယ်ဆိုရင်တော့ ၁ပွဲနိုင်၊ ၁ပွဲရှုံးပြီး၊ ၃ပွဲသရေကျထားတာ ဖြစ်လို့ သိပ်ပြီးတော့ မဆိုးလှပါဘူး။ လက်ရှိပရီးမီးယားလိဂ်မှာ ၁၄ ပွဲကစား၊ ၂ ပွဲနိုင်၊ ၄ပွဲသရေ၊ ၈ပွဲရှုံးပြီး ရမှတ် ၁၀မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၁၈နေရာမှာ ရပ်တည်နေပါတယ်။ တန်းပြန်မဆင်းရဖို့ ရုန်းကန်နေရတဲ့ အသင်းပီပီ စကော့ပါကားရဲ့ အသင်းက အိမ်ကွင်းရော၊ အဝေးကွင်းမှာရော ရလဒ်ပိုင်းက အားရစရာမရှိပါဘူး။ ကရေဗင်ကော့တေ့ခ်ျမှာ ကစားခဲ့တဲ့ ၇ပွဲမှာ ၁ပွဲသာ အနိုင်ရပြီး ၂ပွဲသရေ၊ ၄ပွဲရှုံးထားခဲ့ပါတယ်။ လက်ရှိမှာ တောင်ပံက ကာဗာလီယို၊ နောက်တန်းက ကွန်ဂိုလို၊ တီတီတို့လို ကစားသမားတွေ ဒဏ်ရာရနေလို့ ကျိန်းသေပေါက် ရုန်းကန်ရဦးမှာပါ။

လက်ရှိပရီးမီးယားလိဂ်မှာ၁၄ပွဲကစား၊၂ပွဲနိုင်၊၄ပွဲသရေ၊၈ပွဲရှုံးပြီးရမှတ်၁၀မှတ်နဲ့အမှတ်ပေးဇယားအဆင့်၁၈နေရာမှာရပ်တည်နေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယားအဆင့် ၁၈နေရာမှာရပ်တည်နေတဲ့ ဖူလ်ဟမ်

ဆောက်သမ်တန်ကတော့ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်း အနည်းငယ် ပြန်ကျလာပြီး ကစားခဲ့တဲ့ နောက်ဆုံး ၂ပွဲမှာ အာဆင်နယ်နဲ့ သရေကျပြီး မန်ချက်စတာစီးတီးကို အိမ်ကွင်းမှာ ရှုံးနိမ့်ထားပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်ဟာ တော်တော်လေး အဆိပ်ပြင်းနေဆဲ ဖြစ်ပြီး အာဆင်နယ်နဲ့ ပွဲမှာဆိုရင် ကစားကွက်ရော၊ ခြေစွမ်းမှာရော အသာရခဲ့ပြီး မန်စီးတီးကိုလည်း ခြေရည်တူကစားပြီး ၁ဂိုးတည်းနဲ့ ကပ်ပြီး အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဆောက်သမ်တန်တို့ ဒီရာသီ ပရီးမီးယားလိဂ်မှာ ၁၄ ပွဲကစားပြီး ၇ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၄ ပွဲရှုံး၊ ရမှတ် ၂၄ မှတ်နဲ့ အဆင့် ၇ နေရာမှာ ရပ်တည်နေခဲ့ပါတယ်။ ဆောက်သမ်တန်ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ၁ ပွဲသာ အရေးနိမ့်ထားပြီး ၃ ပွဲနိုင်၊ ၃ ပွဲသရေကျထားလို့ ရမှတ် ၁၂ မှတ်အထိ စုဆောင်းထားနိုင်ပါတယ်။ နောက်ဆုံး ၅ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၂ ပွဲနိုင်၊ ၁ ပွဲသရေကျပြီး ၂ ပွဲရှုံးထားပါတယ်။ အခုပွဲစဉ်မှာတော့ ဆောက်သမ်တန်ရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂျိမ်းစ် ၀က်ဒ် ပရောက်စ်ဟာ အဓိကထား စောင့်ကြည့်ရမယ့် ကစားသမား ဖြစ်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ဖူလ်ဟမ်နဲ့ ဆောက်သမ်တန်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၇၅ ကြိမ်မှာ ဆောက်သမ်တန် ၂၉ ကြိမ် အနိုင်ရပြီး ဖူလ်ဟမ်က ၂၂ ကြိမ် အနိုင်ရထားပါတယ်။ဒီနှစ်သင်းဟာ ၂၀၁၉ ခုနှစ် ဩဂုတ်လက လိဂ်ဖလားပွဲစဉ်မှာ ထိပ်တိုက်တွေ့ဆုံထားခဲ့ပြီး ဆောက်သမ်တန်က အိုဘာဖာမီရဲ့ သွင်းဂိုးနဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဖူလ်ဟမ် – ဆောက်သမ်တန် 1X2 ဆောက်သမ်တန် @ ၂.၃၆ဆ
ဒီဇင်ဘာလ၂၆ရက်, ည၉:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၂.၉၇ဆနဲ့ဧည့်သည်အသင်းအတွက်၂.၃၆ဆကြေးဖွင့်ပြီးသရေအတွက်၃.၂၅ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။လက်ရှိပေါက်ကြေးအရ ဆိုရင် သိပ်မကွာပေမယ့် ခြေစွမ်းပိုကောင်းတဲ့ ဆောက်သမ်တန် ဘက်မှာပဲ ရပ်တည်ရမှာပါ။ ဆောက်သမ်တန်တို့ အသင်းကြီးတွေနဲ့ တွေ့ရင် ရုန်းကန်ရပေမယ့် အသင်းငယ်တွေနဲ့ ကစားရင်တော့ အမှားနည်းနေခဲ့တယ်။ ဒန်နီအင့်ဂ်၊ ဗက်စတာဂတ်၊ ရိုမီရူ၊ ရက်ဒ်မွန်တို့ ဒဏ်ရာပြသနာတွေ ရှိနေတာကိုတော့ သတိထားစရာ ရှိပြီး ဂိုးတော့ မပြတ်နိုင်လောက်ပါဘူး။ ဒါပေမယ့် ဆောက်သမ်တန် အနိုင်သေချာပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်