နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နေပယ်မြို့က အမှတ်လုပွဲမှာ နာပိုလီကိုပဲ အားပေးသင့်တယ် – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

နာပိုလီ – လာဇီယို

အခုတစ်ပတ် စီးရီးအေ ရဲ့ နောက်ထပ် စိတ်ဝင်စားစရာကောင်းတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်ရဖို့ လက်ကျန်ပွဲတွေမှာ အားစိုက်ကစားနေကြတဲ့ နာပိုလီနဲ့ လာဇီယိုတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ထင်ထားတာထက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်လာဖို့ ရှိနေပါတယ်။

နာပိုလီတို့ စီးရီးအေ တစ်ခုပဲ ကစားဖို့ ကျန်ရှိတော့ချိန်မှာ ရလဒ်တွေ ပြန်ကောင်းလာပြီး နောက်ဆုံး ၉ ပွဲမှာ ဂျူဗင်တပ်စ် တစ်သင်းတည်းကို ရှုံးနိမ့်ပြီး ဆာဆူအိုလို၊ အင်တာမီလန် တို့ကို သရေကစားနိုင်ခဲ့သလို ကျန်ပွဲစဉ်တွေ အားလုံးကိုတော့ အနိုင်ရထားပါတယ်။ လက်တလော စီးရီးအေ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ဂျူဗင်တပ်စ်နဲ့ ၂ မှတ်ပဲ ကွာဟတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက်ကတော့ အပြည့်ရှိနေပါတယ်။ နာပိုလီမှာ လက်တလော ကစားသမားတွေ ပြန်စုံနေပြီး နည်းပြ ဂတ်တူဆို အနေနဲ့လည်း စိတ်ကြိုက် ကစားကွက်နဲ့ ပြိုင်ဘက်တွေကို ရင်ဆိုင်လို့ရနေတာ တွေ့ရပါတယ်။ လျင်မြန်ပြီး လုပ်အားနှုန်းမြင့်တဲ့ ဗစ်တာ အိုဆီမန် ဒဏ်ရာက ပြန်လည် သက်သာလာတာဟာ နာပိုလီရဲ့ တိုက်စစ်ကစားပုံကို ပိုပြီး ကောင်းလာစေခဲ့ပါတယ်။ နောက်ဆုံး ၅ ပွဲမှာ တစ်ပွဲပျမ်းမျှ ၂ ဂိုးနှုန်း သွင်းယူထားတဲ့ နာပိုလီ တိုက်စစ်က အားရစရာ ကောင်းနေပါတယ်။

 
နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ၅ ပွဲဆက်တိုက် အနိုင်ရထားပြီး လာဇီယိုတို့ရဲ့ ခြေစွမ်း အတက်အကျ ပြန်ပြီး မှန်နေပါတယ်။ အဓိကက လာဇီယိုတို့ ချန်ပီယံလိဂ် ကစားဖို့ မရှိတော့တဲ့ အချိန်မှာ စီးရီးအေ တစ်ခုတည်းကို အာရုံစိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ဆာ့ချ်မီလင်ကိုဗစ်ဆာဗစ်ရဲ့ တောက်ပမှုကို တွေ့နေရပြီး ၉ ပွဲဆက် ဂိုးပေါက် ပျောက်ဆုံးခဲ့တဲ့ တိုက်စစ်မှူး အင်မိုဘီလီလည်း ပြီးခဲ့တဲ့ ဘင်နီဗန်တိုနဲ့ ပွဲမှာ ၂ ဂိုး ပြန်သွင်းထားနိုင်ပါတယ်။ လက်တလော အသင်းမှာ အဓိက ကစားသမား အများစု ပွဲထွက်ကစားနိုင်ဖို့ ရှိပြီး တိုက်စစ်မှာ အင်မိုဘီလီနဲ့ ဂျိုအာကွင်း ကော်ရီယာ တို့ကို ကျိန်းသေပေါက် ပွဲထွက်စေဦးမှာပါ။ ကွင်းလယ်မှာတော့ ဆာဗစ်၊ လာဇာရီ၊ အဲလ်ဘတ်တို၊ နောက်တန်းမှာတော့ မာရူဆစ်၊ အကာဘီ၊ ဂိုးမှာတော့ အော့စပီနာ ဒဏ်ရာရနေလို့ ပီပီရိန်နာကိုပဲ အသုံးပြုလာဖို့ ရှိနေပါတယ်။ လာဇီယိုတို့ လက်တလော အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး နာပိုလီနဲ့ ၂ မှတ်ပဲ ကွာဟပေမယ့် ဂျူဗင်တပ်စ်နဲ့ ၄ မှတ်အထိ ကွာဟနေလို့ အခုပွဲမှာသာ ရလဒ်မကောင်းခဲ့ဘူးဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့်က ဝေဝါးသထက် ဝေဝါးသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

နောက်ဆုံးကစားခဲ့တဲ့စီးရီးအေ၅ပွဲဆက်တိုက်အနိုင်ရထားပြီးလာဇီယိုတို့ရဲ့ခြေစွမ်းအတက်အကျပြန်ပြီးမှန်နေပါတယ်။
စီးရီးအေ ၅ ပွဲဆက် အနိုင်ရထားတဲ့ လာဇီယို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

နာပိုလီနဲ့ လာဇီယိုတို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၂၅ ကြိမ်ကို ပြန်ကြည့်မယ်ဆိုရင် နေပယ်သားတို့ အပြတ်အသတ် အသာရခဲ့တာ တွေ့ရပြီး ၁၅ ကြိမ်အထိ အနိုင်ရထားပါတယ်။ လာဇီယို ကတော့ ၆ ကြိမ်ပဲ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ဒီရာသီ စီးရီးအေ ပထမအကျော့မှာတော့ လာဇီယိုတို့ ရောမမြေမှာ အဲလ်ဘတ်တို၊ အင်မိုဘီလီရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
နာပိုလီ – လာဇီယို 1X2 နာပိုလီ @ ၂.၀၀ ဆ
ဧပြီလ ၂၃ရက်, မနက်၁:၁၅ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၂.၀၀ ဆနဲ့ဧည့်သည်အသင်းအတွက်၃.၆၀ ဆကြေးဖွင့်ပြီးသရေအတွက်  ၃.၆၀ ဆကြေးဖွင့်ပေးထားပါတယ်။ ဒီနေ့ပွဲဟာ ခြေစွမ်းသိပ်မကွာတဲ့ အသင်းနှစ်သင်း ကစားမယ့် ပွဲဖြစ်သလို ရည်မှန်းချက်ခြင်းကလည်း တူညီနေလို့ ပွဲချိန်ပြည့် အကြိတ်အနယ် ကစားကြရပါလိမ့််မယ်။ ဒါပေမယ့် အိမ်ကွင်းအားသာချက် ရှိနေတဲ့ တိုက်စစ်ကစားပုံ နည်းနည်းလေးပိုသာနေတဲ့ နာပိုလီတို့ လာဇီယိုကို အသာရသွားမယ် ထင်ပါတယ်။ ၂-၁ လောက်နဲ့ပဲ နာပိုလီတို့ အနိုင်ရသွားမယ် ထင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်