နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရာဘီရော့တ်ကို ထပ်မံ ကမ်းလှမ်းဖွယ် ရှိတဲ့ ယူနိုက်တက်၊ အင်တာမီလန် ပိုင်ရှင်ရဲ့ မျက်နှာက အရိုက်ခံထားရတဲ့ ခွေးတစ်ကောင် လိုပဲလို့ နာပိုလီ ဥက္ကဌ လှောင်ပြောင် (စီးရီးအေ နောက်ဆုံးရ သတင်းများ)

ရာဘီရော့တ်ကို ထပ်မံ ကမ်းလှမ်းဖွယ် ရှိတဲ့ ယူနိုက်တက်၊ အင်တာမီလန် ပိုင်ရှင်ရဲ့ မျက်နှာက အရိုက်ခံထားရတဲ့ ခွေးတစ်ကောင် လိုပဲလို့ နာပိုလီ ဥက္ကဌ လှောင်ပြောင် စတဲ့ သတင်းတွေ အပါအဝင် မတ် ၈ ရက်နေ့ရဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပရီးမီးယားလိဂ်မှာ ကစားလိုကြောင်း ထပ်မံပြောကြားလာတဲ့ အိုဆီမီဟန်

စီးရီးအေ ကလပ် နာပိုလီရဲ့ တိုက်စစ်မှူး ဗစ်တာ အိုဆင်ဟန်က သူ့အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားဖို့ အထူး ကြိုးစားနေကြောင်း ဖွင့်ဟ ပြောကြားလာခဲ့ပါတယ်။

အိုဆင်ဟန်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်၊ ချဲလ်ဆီး တို့က အဓိက စိတ်ဝင်စားနေပြီး လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဒီကြယ်ပွင့် တိုက်စစ်မှူးရဲ့ အပြောင်းအရွှေ့ ပုံပြင်တွေကို ပရိသတ်တွေ ခံစားရဖို့ ရှိပါတယ်။

အိုဆင်ဟန်ဟာ အရင်ကလည်း ပရီးမီးယားလိဂ်မှာ ကစားဖို့က ကစားသမားတိုင်းရဲ့ အိပ်မက်လို့ ဆိုခဲ့ဖူးပြီး အခု တစ်ကြိမ် မှာလည်း ဥရောပ ထိပ်တန်းလိဂ် (၅) ခုထဲက တစ်ခု အပါအဝင် ဖြစ်တဲ့ စီးရီးအေ မှာ ကစားနေရတာက အံ့အားသင့်ဖွယ် ခံစားချက် ဖြစ်ကြောင်း၊ ဒါပေမယ့် လူအများစုက ပရီးမီးယားလိဂ်ကို အကောင်းဆုံး အဖြစ် သတ်မှတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း အရင်က ပြောခဲ့ဖူးသလိုမျိုး ကျွန်တော့်ရဲ့ ပရီးမီးယားလိဂ်မှာ ကစားခွင့် အိပ်မက်တွေ အကောင်အထည် ပေါ်လာဖို့ ကြိုးစားနေကြောင်း၊ ဒါပေမယ့် ဒါက အဆင့်ဆင့်သွားရမှာ ဖြစ်ပြီး လက်ရှိ အနေအထားကို ဆက်လက် ထိန်းသိမ်းသွားလိုကြောင်း အိုဆင်ဟန်က ပြောကြားခဲ့ပါတယ်။


ရာဘီယော့တ် အတွက် ထပ်မံ ကမ်းလှမ်းလာဖွယ် ရှိတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက် အကြီးအကဲတွေဟာ ဂျူဗင်တပ်စ် ကွင်းလယ်လူ အက်ဒရီယန် ရာဘီယော့တ်ကို ခေါ်ယူဖို့ လာမယ့် နွေရာသီမှာ ထပ်မံ ကြိုးစားလာနိုင်ကြောင်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။

စီးရီးအေ
နာပိုလီ
အတ္တလန်တာ
1X2 နာပိုလီ 1.83
နာပိုလီ အာရှ ဟန်းဒီးကပ် -0.75 @1.85
ဂိုးပေါ် 2.75 @ 2.00
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ယူနိုက်တက်ဟာ အဆိုပါ စီးရီးအေ ကွင်းလယ်လူကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ မှာလည်း ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပေမယ့် ကစားသမား ဘက်က တောင်းဆိုတဲ့ လုပ်ခလစာ ပမာဏကြောင့် အပြောင်းအ‌ရွှေ့က ပျက်ပြယ်ခဲ့တာပါ။

ဒါပေမယ့် ယူနိုက်တက် ဘက်ကတော့ ဒီကစားသမား အတွက် လက်လျှော့လိုခြင်း မရှိဘဲ လာမယ့် နွေရာသီ ကြီးမားတဲ့ ကမ်းလှမ်းမှု တစ်ရပ်နဲ့ ထပ်မံ ချဥ်းကပ်လာဖို့ ပြင်ဆင်နေပါတယ်။

ရာဘီရော့တ်ဟာ လာမယ့် နွေရာသီမှာ ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တက် အနေနဲ့ ကစားသမားရဲ့ မိခင်လည်းဖြစ်၊ အေးဂျင့်လည်း ဖြစ်တဲ့ ဗီရိုနစ် နဲ့ပဲ ရာဘီယော့တ် အတွက် ထပ်မံ ဆွေးနွေးရဖွယ် ရှိပါတယ်။


အင်တာပိုင်ရှင်ရဲ့ မျက်နှာက အရိုက်ခံထားရတဲ့ ခွေးတစ်ကောင် လိုပဲလို့ နာပိုလီ ဥက္ကဌ လှောင်ပြောင်

နာပိုလီ ဥက္ကဌ အော်ရီလီယို ဒီလော်ရန်းတစ်က အင်တာမီလန် ဥက္ကဌ စတီဗင်ဇန်ရဲ့ မျက်နှာက သူ့အသင်း ရှုံးနေချိန်မှာ အရိုက်ခံထားရတဲ့ ခွေးတစ်ကောင် လိုမျိုး ဖြစ်နေကြောင်း အပြင်းအထန် လှောင်ပြောင်ခဲ့ပါတယ်။

မနေ့ညက ပြုလုပ်ခဲ့တဲ့ ဆုပေးပွဲမှာ ဒီလော်ရန်းတစ်က အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပြီး မီဒီယာတွေ ရှေ့မှာ အရင်တည်းက အငြင်းပွားစရာတွေ လုပ်နေကျ ဒီလော်ရန်းတစ် အတွက်တော့ အထူးအဆန်း မဟုတ်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။

ဒီလော်ရန်းတစ်က ကျွန်တော့် အနေနဲ့ အရင်တည်းက စတီဗင်ဇန်ကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြောင်း၊ အထူးသဖြင့် သူ့အသင်း ရှုံးနေချိန် ဆိုရင် ပွဲကြည့်စင်ပေါ်မှာ အရိုက်ခံထားရတဲ့ ခွေးတစ်ကောင် လိုမျိုး ဖြစ်နေကြောင်း ပြောကြားခဲ့ပါတယ်။

ဒီလော်ရန်းတစ်ရဲ့ နာပိုလီဟာ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား ရပ်တည်မှုမှာ စတီဗင်ဇန်ရဲ့ အင်တာမီလန်ထက် ရမှတ် (၁၅) မှတ် အသာရထားပြီး ဇယားထိပ်ဆုံး ကနေ ဦးဆောင်လျက် ရှိပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်