နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အင်တာမီလန် အကြောင်း စိတ်မဝင်စားဘူး ဆိုတဲ့ အူဒီနီးစ် ကွင်းလယ်လူ (စီးရီးအေ သတင်းများ)

countdown banner

ဒီတစ်ခါ မှာတော့ ဩဂုတ်လ ၃၀ ရက်နေ့ အထိ ရရှိထားသမျှ စီးရီးအေ သတင်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အင်တာမီလန် အကြောင်း စိတ်မဝင်စားဘူး ဆိုတဲ့ အူဒီနီးစ် ကွင်းလယ်လူ 

အူဒီနီးစ် ကွင်းလယ်လူ လာဇာ ဆာမာဒစ်ဇ်က အင်တာမီလန်ကို ပြောင်းရွှေ့ဖို့ အတွက် စဉ်းစား တွေးတောနေတာမျိုး မရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

အဆိုပါ ကွင်းလယ်လူဟာ စီးရီးအေ ထိပ်သီး အသင်းကို ပြောင်းရွှေ့ဖို့ အတွက် ဆေးစစ်မှုတွေပါ ပြုလုပ်ခဲ့ပြီးပေမယ့် အေးဂျင့် ကိစ္စတွေကြောင့် အပြောင်းအရွှေ့က ပျက်ပြယ်သွားခဲ့ရတာပါ။ ဒီအပေါ်မှာ ဆာမာဒစ်ဇ်က အူဒီနီးစ် အတွက် အမြဲတမ်း အာရုံစိုက်ထားပြီး အသင်းကို ကူညီချင်ကြောင်း၊ ဆလာနီတာနာနဲ့ ပွဲမှာ အသင်းအတွက် တစ်ဂိုး သွင်းယူပြီး ကူညီပေးနိုင်ခဲ့ကြောင်း၊ ဒါပေမယ့် အနိုင်ရချင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ 

အင်တာမီလန်နဲ့ ပတ်သက်လို့လည်း အဆိုပါ ဆာဘီးယား လူမျိုး ကွင်းလယ်လူက လက်ရှိအချိန်မှာ အင်တာမီလန် အကြောင်းကို စဉ်းစား တွေးတောနေတာမျိုး မရှိကြောင်းနဲ့ အူဒီနီးစ် မှာပဲ ပျော်ရွှင်လျက် ရှိကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ 


ဆော်ဒီ လက်ရွေးစင် အသင်းကို ကိုင်တွယ်တော့မယ့် မန်စီနီကို ရာနီရေးရီ ဝေဖန် 

စီးရီးအေ ကလပ် ကယ်ဂလီယာရီရဲ့ နည်းပြ ကလော်ဒီယို ရာနီရေးရီက ရော်ဘတ်တို မန်စီနီရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ဝေဖန် ပြောကြားသွားခဲ့ပါတယ်။
ဆော်ဒီအာရေဗျ လက်ရွေးစင် အသင်းနည်းပြ ဖြစ်လာတဲ့ ရော်ဘတ်တို မန်ချီနီ

စီးရီးအေ ကလပ် ကယ်ဂလီယာရီရဲ့ နည်းပြ ကလော်ဒီယို ရာနီရေးရီက ရော်ဘတ်တို မန်စီနီရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ဝေဖန် ပြောကြားသွားခဲ့ပါတယ်။ အဆိုပါ အီတလီ လူမျိုး နည်းပြကြီးဟာ အီတလီ လက်ရွေးစင် အသင်း ရာထူး ကနေ နှုတ်ထွက်ခဲ့ပြီးနောက် ဆော်ဒီအာရေဗျ လက်ရွေးစင် အသင်းကို ကိုင်တွယ်ဖို့ အတွက် သဘောတူညီမှုရရှိခဲ့ပါတယ်။ 

ဒီအပေါ်မှာ ရာနီရေးရီက အရိုးသားဆုံး ပြောရရင် ကျွန်တော့် အနေနဲ့ ဒါမျိုးကို လုပ်နိုင်မှာ မဟုတ်ကြောင်း၊ ငွေကြေးထက်စာရင် ကိုယ်စိတ်အားထက်သန်ရာကိုပဲ ပိုမို အလိုရှိကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

အနာဂတ်နဲ့ ပတ်သက်ပြီးတော့လည်း ဝါရင့် နည်းပြကြီးက ကျွန်တော် ပြောခဲ့ဖူးသလို ကယ်ဂလီယာရီက သူ့ရဲ့ နည်းပြ ဘဝ အတွက် နောက်ဆုံးသော ကလပ် အသင်း ဖြစ်ကြောင်း၊ ဒီအသင်းမှာပဲ အဆုံးသတ်ရမှာ ကောင်းမွန်ကြောင်း၊ နိုင်ငံ အသင်း တစ်သင်းက ကမ်းလှမ်းလာမယ် ဆိုရင်တော့ လက်ခံစဉ်းစားသွားမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 


အဲဗာတန်ကို ပြောင်းရွှေ့သွားခဲ့တဲ့ အူဒီနီးစ် တိုက်စစ်မှူး 

စီးရီးအေ ကလပ် အူဒီနီးစ် တိုက်စစ်မှူး ဘီတိုဟာ အဲဗာတန်ကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် (၂၅) နှစ် အရွယ် အဆိုပါ ကစားသမားဟာ အသင်းသစ်နဲ့ (၄) နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပြီး အဲဗာတန်က သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် (၂၅.၇၅) သန်း ပေးချေခဲ့ရပါတယ်။ 

စီးရီးအေ
ရိုးမား
အေစီမီလန်
1X2 အေစီမီလန် @ 2.58
အေစီမီလန် အာရှ ဟန်းဒီးကပ် 0.00 @ 1.93
ဂိုးပေါ် 2.25 @ 2.02
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဘီတိုကို ခေါ်ယူခဲ့တာက အဲဗာတန် အတွက် လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ (၅) ယောက်မြောက် ခေါ်ယူမှု ဖြစ်ခဲ့ပြီး တိုက်စစ်နေရာ အတွက် (၄) ယောက်မြောက် အင်အားဖြည့်တင်းမှုလည်း ဖြစ်ခဲ့ပါတယ်။ အဲဗာတန်ဟာ ကစားပြီးခဲ့တဲ့ ပရီးမီးယားလိဂ် (၃) ပွဲလုံးမှာ တစ်ဂိုးမှ မသွင်းနိုင်သေးဘဲ အမှတ်ပေးဇယားရဲ့ အောက်ဆုံးမှာလည်း ရပ်တည်လျက် ရှိပါတယ်။ 

ဘီတိုဟာ ပြီးခဲ့တဲ့ ရာသီက အူဒီနီးစ် အတွက် (၃၄) ပွဲကစား၊ (၁၀) ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး အဲဗာတန်ကို ပြောင်းရွှေ့ခွင့်ရတာ ကောင်းမွန်ပြီး ဒီအသင်းက ပရီးမီးယားလိဂ်ရဲ့ ထိပ်သီး အသင်း တစ်သင်း ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်