နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

EURO 2024 DDAY – MM
Gareth Bale
OFFICIAL AMBASSADOR
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တူရင် ဒါဘီမှာ အနိုင်သေချာနေတဲ့ ဂျူဗီနဲ့ အကျိုးအမြတ် ယူပါ | ဂျူဗင်တပ်စ် – တိုရီနို (စီးရီးအေ ပွဲကြိုသုံးသပ်ချက်)

countdown banner

ဂျူဗင်တပ်စ် – တိုရီနို

အခု တစ်ပတ် စီးရီးအေရဲ့ အစောဆုံး ပွဲစဉ် အဖြစ် ဂျူဗင်တပ်စ်နဲ့ တိုရီနိုတို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး တူရင်ဒါဘီ ဖြစ်နေတဲ့ အတွက် အစဉ်အလာ အတိုင်း ပြိုင်ဆိုင်မှု ပြင်းထန်ဖို့ သေချာသလောက် ရှိနေပါတယ်။

ရာသီ အစမှာ ရလဒ်ကောင်းဖို့ ရုန်းကန်ခဲ့ရတဲ့ ဂျူဗင်တပ်စ် ကတော့ စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံ နောက်ဆုံး ၁၅ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ခြင်းနဲ့ အတူ ပုံစံကောင်း ပြန်ရနေတဲ့ အသင်း ဖြစ်ပါတယ်။ မက်စ် အယ်လီဂရီရဲ့ အသင်းက နောက်ဆုံး ၁၁ ပွဲဆက် ရှုံးပွဲ မရှိသေးပဲ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာ အထိ ပြန်လည် တက်လှမ်းထားနိုင်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက်ပါ အခြေအနေ ပြန်ကောင်းနေတာ ဖြစ်ပါတယ်။ ဒူဆန် ဗလာဟိုဗစ်နဲ့ ဇာကာရီယာ ရောက်ရှိလာပြီး နောက်ပိုင်း ကွင်းလယ်ရော၊ တိုက်စစ်ပိုင်း မှာပါ ပိုကောင်းသထက် ကောင်းလာတဲ့ ဂျူဗင်တပ်စ်တို့ အသင်းလိုက် စုဖွဲ့မှု အရလည်း အတောင့်တင်းဆုံး အနေအထားမှာ ရှိနေပါတယ်။ တစ်ချက်ရှိတာက ဒီပွဲပြီးရင် ဂျူဗင်တပ်စ်တို့ ဗီလာရီးရဲယ်နဲ့ ချန်ပီယံလိဂ် ၁၆ သင်း ရှုံးထွက် ပွဲစဉ် ကစားဖို့ ရှိနေလို့ အဓိက ကစားသမား အားလုံးကို ထုတ်သုံးပါ့မလား ဆိုတာ ကတော့ စဉ်းစားစရာ ရှိပါတယ်။ ဒါပေမယ့် မက်စ် အယ်လီဂရီ အနေနဲ့ လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ ကျိန်းသေပေါက် ယူဖို့ အားခဲထားတာကြောင့် ဒူဆန် ဗလာဟိုဗစ်၊ ပေါ်လို ဒီဘားလား၊ ဇာကာရီယာ၊ ဘိုနူချီ၊ ကွာဒွာဒို၊ အာသာ တို့ပါဝင်တဲ့ အတောင့်တင်းဆုံး လူစာရင်းနဲ့ သေချာပေါက် ၃ မှတ် အပြည့်ရဖို့ ကြိုးပမ်းလာဖွယ် ရှိနေပါတယ်။

လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေတဲ့ တိုရီနိုဟာ အိမ်ကွင်း စွမ်းဆောင်ရည် မဆိုးပေမယ့် အဝေးကွင်း ဆိုရင် သိသိသာသာ ရုန်းကန်ရတတ်တဲ့ အသင်း ဖြစ်ပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၀ နေရာ ရောက်ရှိနေတဲ့ တိုရီနို

တူရင် မြို့ခံပြိုင်ဘက် တိုရီနို ကတော့ အစောပိုင်းက ဟုတ်မလိုလို ရှိခဲ့ပေမယ့် လက်ရှိ မှာတော့ ရုန်းကန်နေရပါပြီ။ ဖီအိုရင်တီးနားလို အသင်းကို ၄-၀၊ ဆမ်ဒိုးရီးယားကို ၁-၂ ရလဒ်တွေနဲ့ အနိုင်ရခဲ့ပေမယ့် ဗင်နီဇီယာ၊ အူးဒီးနီးစ်ကို ရှုံးပြီး ဆာဆူအိုလိုနဲ့ သရေကျခဲ့တဲ့ ခြေစွမ်းအရ ဆိုရင် တိုရီနိုဟာ တစ်ပွဲနဲ့ တစ်ပွဲ ခြေမမှန်တဲ့ အသင်းလို့ ပြောလို့ ရပါတယ်။ လက်ရှိစီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရှိနေတဲ့ တိုရီနိုဟာ အိမ်ကွင်း စွမ်းဆောင်ရည် မဆိုးပေမယ့် အဝေးကွင်း ဆိုရင် သိသိသာသာ ရုန်းကန်ရတတ်တဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ အသင်းမှာ ပရတ်၊ ဖာရက်စ်၊ အက်ဒီရာ၊ ပိုဘီဂါ တို့လို ကစားသမားတွေ ဒဏ်ရာပြသနာကြောင့် လွဲချော်ဦးမှာ ဖြစ်လို့ ဂျူဗင်တပ်စ်လို အဘက်ဘက်က တောင့်တင်းနေတဲ့ အသင်းကို ယှဉ်ကစားဖို့ ဆိုတာ ခက်ခဲနေဦးမှာ အသေအချာပါပဲ။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး ၂၁ ကြိမ်မှာ ဂျူဗင်တပ်စ်တို့ ၁၇ ကြိမ် အနိုင်ရခဲ့တဲ့ အထိ တိုရီနို အပေါ်မှာ အသာရထားခဲ့ပြီး တိုရီနို ကတော့ ၁ ကြိမ်သာ ပြန်လည် အနိုင်ရထားပါတယ်။ ဒါကလည်း ၂၀၁၅ ခုနှစ်က တိုရီနိုတို့ အိမ်ကွင်းမှာ အနိုင်ရထားခဲ့တာ ဖြစ်ပြီး ကျန်ပွဲတွေမှာတော့ သူတို့ရဲ့ ခါးသီးတဲ့ မြို့ခံပြိုင်ဘက်နဲ့ တွေ့ဆုံချိန်တိုင်း ရုန်းကန်ခဲ့ရတာ တွေ့ရပါတယ်။ ဒီရာသီ ပထမအကျော့စီးရီးအေ ပွဲစဉ် မှာတော့ ဂျူဗင်တပ်စ်တို့ လိုကတ်တယ်လီရဲ့ နောက်ကျဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

??
ဂျူဗင်တပ်စ် vs တိုရီနို1X2 ဂျူဗင်တပ်စ် @ 1.58
ဖေဖော်ဝါရီလ ၁၉ ရက်၊ မနက်၂:၁၅ နာရီ (GMT+ ၆:၃၀)

SBOTOP 1X2 မှာတော့ ဂျူဗင်တပ်စ် အတွက် ၁.၆၀ဆ၊ သရေ အတွက် ၃.၇၅၊ တိုရီနို အတွက် ၆.၅၀ဆ ကြေးဖွင့်ပေးထားပါတယ်။ လက်ရှိမှာ ပုံစံကောင်းရနေပြီး Rhythm မှန်နေတဲ့ ဂျူဗင်တပ်စ်ကို တော်ရုံ အလဲထိုးဖို့ မလွယ်ပါဘူး။ တိုရီနို မှာ ဂျူဗင်တပ်စ်ကို ခြိမ်းခြောက်နိုင်တဲ့ ခြေစွမ်းမျိုး မရှိလို့ ဒါဘီ ပွဲစဉ် ပေမယ့် အိမ်ရှင်တို့ တစ်ဖက်သတ် အသာရသွားနိုင်တဲ့ ပွဲလို့လည်း ပြောလို့ ရပါတယ်။ ၁.၆၀ ဆ ဆိုတာ ကလည်း မဆိုးလှတဲ့ ကြေးဖွင့်လှစ်မှု ဖြစ်လို့ အိမ်ရှင် အသင်းကိုပဲ မျက်စိမှိတ် ယုံကြည်ထားသင့်ပါတယ်။

ခန့်မှန်းရလဒ် (၂-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်