နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လူကာကူကို အခွင့်အရေး ထပ်ပေးဖို့ အသင်းဟောင်းကို တိုက်တွန်းလိုက်တဲ့ စတားရစ်ချ်၊ မော်ရင်ဟိုကို စိတ်ဝင်စားနေတဲ့ အဲလ်-နာဆာ (စီးရီးအေ နောက်ဆုံးရ သတင်းများ)

လူကာကူကို အခွင့်အရေး ထပ်ပေးဖို့ အသင်းဟောင်းကို တိုက်တွန်းလိုက်တဲ့ စတားရစ်ချ်၊ မော်ရင်ဟိုကို စိတ်ဝင်စားနေတဲ့ အဲလ်-နာဆာ စတဲ့ သတင်းတွေ အပါအဝင် ဧပြီလ ၇ ရက်နေ့ အတွက် နောက်ထပ် ရရှိတဲ့ စီးရီးအေ သတင်း တချို့ကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လူကာကူကို အခွင့်အရေး ထပ်ပေးဖို့ အသင်းဟောင်းကို တိုက်တွန်းလိုက်တဲ့ စတားရစ်ချ်

ဒန်နီရဲယ် စတားရစ်ချ်က အင်တာမီလန် တိုက်စစ်မှူး ရိုမယ်လူ လူကာကူ အနေနဲ့ ချဲလ်ဆီးမှာ အခွင့်အရေးတွေ ထပ်မံ ရရှိသင့်ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

လူကာကူဟာ ချဲလ်ဆီး ကနေ စီးရီးအေ ကလပ်ကို (၂) ရာသီ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ ကစားနေတာ ဖြစ်ပြီး သူ့အနေနဲ့ လာမယ့် နွေရာသီမှာ မိခင် ကလပ် ချဲလ်ဆီးကို ပြန်ရဖို့ နီးစပ်လျက်ရှိပါတယ်။ လူကာကူ ကိုယ်တိုင်က စီးရီးအေမှာ ဆက်နေလိုတဲ့ ဆန္ဒရှိနေပေမယ့် အင်တာမီလန် ဘက်ကတော့ ဒီကစားသမားကို အင်္ဂလန်မြေဆီ ပြန်လည် ပို့ဆောင်ဖို့ ဆန္ဒရှိနေပါတယ်။

ပရီးမီးယားလိဂ် ကလပ်ရဲ့ ကစားသမားဟောင်း ဖြစ်တဲ့ စတားရစ်ချ်က နည်းပြ အပေါ် မူတည်ပြီး လူကာကူက အသင်း အတွက် အသုံးဝင်တဲ့ ကစားသမား ဖြစ်ကြောင်း၊ လူကာကူ အနေနဲ့လည်း သူ့ကိုယ်သူ သက်သေပြဖို့ အခွင့်အရေး ရှိကြောင်း၊ နည်းပြသစ် (ဖရန့်ခ် လမ်းပတ်) အနေနဲ့ လူကာကူဟာ ဂိုးတွေ သွင်းနိုင်တယ် ဆိုတာ သိထားသင့်ကြောင်း ပြောကြားသွားခဲ့ပါတယ်။


မော်ရင်ဟိုကို ငွေပုံပေးပြီး ခေါ်ဖို့ ပြင်ဆင်နေပြန်တဲ့ အဲလ်နာဆာ

ရိုးမား နည်းပြ ဟိုဆေး မော်ရင်ဟိုကို ခေါ်ယူဖို့ အတွက် ဆော်ဒီ ထိပ်သီး ကလပ် ဖြစ်တဲ့ အဲလ်-နာဆာက တန်ကြေး ပေါင်သန်း (၂၀၀) နီးပါး ရှိတဲ့ ကမ်းလှမ်းမှု ပြုလုပ်ထားတယ်လို့ သိရပါတယ်။

ခရစ္စတီယာနို ရော်နယ်ဒို လက်ရှိ ကစားနေတဲ့ ဆော်ဒီ ကလပ် အဲလ်-နာဆာ အသင်းရဲ့ နည်းပြ ရူဒီ ဂါစီယာ အနေနဲ့ ရာသီအကုန်မှာ အသင်း လမ်းခွဲဖွယ် ရှိနေချိန်မှာ အခုလိုပဲ ကောလာဟလတွေ ဆက်တိုက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် အဲလ်-နာဆာက လက်ရှိ စီးရီးအေ ကလပ်ရဲ့ နည်းပြကို တပည့်ဟောင်း ရော်နယ်ဒိုနဲ့ ပြန်လည် ပေါင်းစည်းပေးဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။ အဲလ်-နာဆာဟာ အသက် (၆၀) အရွယ် ပေါ်တူဂီ လူမျိုး နည်းပြ အတွက် (၂) နှစ် လုပ်ခ ယူရို သန်း (၂၀၀) နဲ့ အထက် ပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်နေပြီး မော်ရင်ဟို အတွက်တော့ ဒီပမာဏက မက်လောက်စရာ ဖြစ်ပါတယ်။

ရိုးမားနဲ့ (၂၀၂၄) ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေပေမယ့် အသင်းရဲ့ အပြောင်းအရွှေ့ လှုပ်ရှားမှုတွေကို အားမရတဲ့ မော်ရင်ဟိုဟာ အသင်း ကနေ ထွက်ခွာဖို့ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့ ကတည်းက သတင်းတွေ ထွက်ပေါ်နေတာပါ။ မော်ရင်ဟို ကိုယ်တိုင် ကလည်း အသင်းပြောင်း‌ရွှေ့ဖို့ အတွက် စိတ်ဝင်စားနေပြီး အဲလ်-နာဆာ အနေနဲ့ မော်ရင်ဟို ကိုသာ ခေါ်ယူနိုင်ခဲ့ရင် ရီးရဲလ်မက်ဒရစ်က ဆရာတပည့် နှစ်ဦးကို ပြန်လည် ပေါင်းစည်းပေးနိုင်မှာလည်း ဖြစ်ပါတယ်။


ရိုးမားနဲ့ အနာဂတ်ကို ရာသီကုန် အထိ စောင့်ကြည့်ရမယ် ဆိုတဲ့ ယော်ရန်းတေး ပြော

လိဒ်စ်ယူနိုက်တက် ကနေ စီးရီးအေ ကလပ် ရိုးမားကို အငှားနဲ့ ပြောင်းရွှေ့ ကစားနေတဲ့ နောက်ခံလူ ဒီယေဂို ယော်ရန်းတေးဟာ သူ့ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး လာမယ့် နွေရာသီ အထိ စောင့်ကြည့်ရမယ်လို့ ဆိုလိုက်ပါတယ်။

သတင်းတွေအရ ဆိုရင် အဲလ်-နာဆာက လက်ရှိ စီးရီးအေ ကလပ်ရဲ့ နည်းပြကို တပည့်ဟောင်း ရော်နယ်ဒိုနဲ့ ပြန်လည် ပေါင်းစည်းပေးဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။
မော်ရင်ဟိုကို တစ်နှစ်လုပ်ခ ပေါင် သန်း ၁၀၀ ထိပေးပြီး ခေါ်ဖို့ ပြင်ဆင်နေတဲ့ အဲလ်-နာဆာ

အဆိုပါ နောက်ခံလူဟာ ဟိုဆေး မော်ရင်ဟိုရဲ့ စိတ်ကြိုက် ကစားသမား တစ်ယောက် မဟုတ်ဘူးလို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် ကာယကံရှင် ကိုယ်တိုင် ကတော့ ရိုးမားမှာ ဆက်နေဖို့ ဆန္ဒရှိနေပါတယ်။ ဆမ်ဒိုးရီးယားကို အနိုင်ရရှိခဲ့တဲ စီးရီးအေ ပွဲစဥ်အပြီးမှာ ယော်ရန်းတေးက မော်ရင်ဟိုက ခေါ်တဲ့ အချိန်မှာ ခေါင်းညှိမ့်ဖို့ လွယ်ကူခဲ့ကြောင်း၊ အနာဂတ်နဲ့ ပတ်သက်ပြီး ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို ပြောဖို့ ရာသီကုန်ထိ စောင့်ကြည့်ရမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

ရိုးမား ဘက်ကတော့ ယော်ရန်းတေးကို အငှားစာချုပ် သက်တမ်း ပြည့်ချိန်မှာ ပြောင်းရွှေ့ကြေး ယူရို (၁၈) သန်းနဲ့ ခေါ်ယူခွင့် ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်