နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းများ (၂၄/၈/၂၀၂၂)

ဩဂုတ်လ ၂၄ ရက်နေ့ရဲ့ နံနက်ခင်း အထိ ရရှိထားသမျှ စီးရီးအေ ကလပ်တွေရဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ပါရီဒက်စ်ကို ခေါ်ချင်နေတဲ့ အသင်းတွေထဲမှာ ရိုးမားလည်း ပါဝင်လာ

ပီအက်စ်ဂျီ ကွင်းလယ်လူ လီအန်ဒရို ပါရီဒက်စ်ကို ခေါ်ယူချင်တဲ့ အသင်းတွေထဲမှာ ဂျူဗင်တပ်စ် အပြင် နောက်ထပ် စီးရီးအေ ထိပ်သီး အသင်းကြီး တစ်သင်း ဖြစ်တဲ့ ရိုးမားလည်း ပါဝင်လာပြီ ဖြစ်ကြောင်း အီတလီ အခြေစိုက် Sky sports က ဖော်ပြခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ အသင်းမှာ ရှိတဲ့ ကစားသမားတွေကို ရှင်းထုတ်ဖို့ အဆင်မပြေသေးပေမယ့် ပါရီဒက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပြီး ရိုးမား ကတော့ ခြေထောက်ကျိုးသွားတဲ့ ဝိုင်ဂျ်နယ်ဒမ် နေရာမှာ အစားထားဖို့ ပြင်ဆင်လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် သတင်းတွေ အရ ဆိုရင် အသက် ၂၈ နှစ် အရွယ် အာဂျင်တီးနား ကွင်းလယ်လူ အတွက် နှစ်သင်းစလုံးက ပြောင်းရွှေ့ကြေး အမြောက်အမြား သုံးစွဲလိုခြင်း မရှိဘူးလို့ သိရပါတယ်။

ဖြစ်နိုင်ရင် အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ တစ်ရာသီ အငှားနဲ့ အရင်ဆုံး ခေါ်ယူနိုင်ဖို့ မျှော်လင့်လျက်ရှိပြီး အကယ်၍ ပီအက်စ်ဂျီ ဘက်က သဘောတူခဲ့မယ် ဆိုရင်တော့ ကစားသမားရဲ့ ရွေးချယ်မှုက အဓိကကျလာတော့မှာ ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ အခုနှစ် နွေရာသီမှာ ဝါရင့် ကစားသမားတွေ ဖြစ်တဲ့ အိန်ဂျယ် ဒီမာရီယာနဲ့ ပေါလ် ပေါ့ဘာ တို့ကို ခေါ်ယူထားခဲ့ပေမယ့် နှစ်ဦးစလုံးက ဒဏ်ရာ ပြသနာ အသီးသီး ရှိနေခဲ့တာကြောင့် အိုးလေဒီတို့ နောက်ထပ် ကစားသမား တစ်ဦး ထပ်မံ ရှာဖွေနေခဲ့ရတာ ဖြစ်ပါတယ်။


အကာဘီ နေရာမှာ ရက်ဂီလွန်းနဲ့ အစားထိုးဖို့ စဉ်းစားလာတဲ့ လာဇီယို

စီးရီးအေ ကလပ် လာဇီယို ကတော့ အင်တာမီလန်ဆီ အငှားနဲ့ ပြောင်းရွှေ့ဖွယ် ရှိနေတဲ့ ဖရန်ဆက်စ်ကို အကာဘီ နေရာမှာ ဆာဂျီယို ရက်ဂီလွန်းနဲ့ အစားထိုးဖို့ စဉ်းစားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ရီးရဲယ်မက်ဒရစ် အကယ်ဒမီထွက် ဘယ်နောက်ခံလူဟာ ဆီဗီလာ အသင်းမှာ အထူး ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် စပါးကို မော်ရင်ဟို ကိုင်တွယ်ခဲ့စဉ်က စိတ်ကြိုက် ခေါ်ယူထားခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒဏ်ရာ ရရှိပြီးနောက် ခြေစွမ်းပြသနိုင်ခြင်း မရှိတော့သလို ကွန်တီ လက်ထက် မှာလည်း ပုံမှန် ပွဲထွက်ခွင့် မရတဲ့ အပြင် အခု နောက်ဆုံး စပါးက အရောင်းစာရင်း တင်ထားတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

ရက်ဂီလွန်း ကိုတော့ လာဇီယို ဥက္ကဌ ကလော်ဒီယို လော်တီတို ကိုယ်တိုင် သဘောကျနေပြီး ဆာရီရဲ့ အသင်းမှာ အားဖြည့်ပေးဖို့ အတွက် စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ် အရွယ် စပိန် ကစားသမား ကိုတော့ ပရီးမီးယားလိဂ် တန်းတက် ကလပ် နော့တင်ဟမ်ဖောရက်စ် အပြင် လာလီဂါ ကလပ် ဗီလာရီးရဲယ် ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။


တိုနာလီကို စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးနေတဲ့ အေစီမီလန်

စီးရီးအေ ချန်ပီယံ အေစီမီလန် ကတော့ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။
ကွင်းလယ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ကြိုးစားနေတဲ့ အေစီမီလန်

စီးရီးအေ ချန်ပီယံ အေစီမီလန် ကတော့ အသင်းရဲ့ အဓိက ကွင်းလယ်လူ ဆန်ဒရို တိုနာလီကို စာချုပ် သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေ ပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ တိုနာလီဟာ ၂၀၂၆ ခုနှစ်မှာ အေစီမီလန်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပြီး ကလပ် ဘက်က သူတို့ အတွက် အရေးပါတဲ့ ကွင်းလယ်လူကို သက်တမ်း တိုးနိုင်ဖို့ အားစိုက် ကြိုးပမ်းနေခဲ့တာလည်း ဖြစ်ပါတယ်။

Sky Sports ရဲ့ ဖော်ပြချက်အရ တိုနာလီဟာ အေစီမီလန်ရဲ့ စီမံကိန်း အတွက် မရှိမဖြစ် အရေးပါတဲ့ ကစားသမား ဖြစ်ပြီး အကယ်၍ စာချုပ်သက်တမ်း တိုးနိုင်ခဲ့မယ် ဆိုရင်တော့ တစ်နှစ် လုပ်ခ ယူရို ၁.၂ သန်း ကနေ ယူရို ၂.၇ သန်းအထိ တိုးမြှင့် ရရှိသွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

အေစီမီလန် အသင်း အနေနဲ့ တစ်ဖက် မှာလည်း နောက်ထပ် ကွင်းလယ်လူ တစ်ဦး ထပ်မံ ခေါ်ယူဖို့ ကြိုးပမ်းလျက် ရှိပြီး ဘော့ဒိုးက ဂျင်းန် အိုနားနားကို ကမ်းလှမ်းခဲ့ပေမယ့် ပြင်သစ် ကလပ်ရဲ့ ငြင်းဆန် ပယ်ချခြင်း ခံခဲ့ရကြောင်း ဒီမာဇီယိုက ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း အေစီမီလန် တို့ လာမယ့် ရက်ပိုင်း အတွင်းမှာ ဂျင်းန် အိုနာနာကို ယူရို ၄ သန်း ကနေ ၅ သန်းအထိ တိုးမြှင့် ကမ်းလှမ်းသွားဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်