နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၄/၉/၂၀၂၂)

စက်တင်ဘာ ၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဂျူဗင်တပ်စ် နိုင်ပွဲ ပျောက်ခဲ့ပြီး ကြည့်ကောင်းခဲ့တဲ့ မီလန်ဒါဘီ

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ပွဲစဥ်တွေ မှာတော့ ဂျူဗင်တပ်စ်က အဝေးကွင်းမှာ ဖီအိုရင်တီးနားကို သရေသာ ကစားနိုင်ခဲ့ပြီး မီလန်ဒါဘီ မှာတော့ အေစီမီလန်တို့ နိုင်ပွဲ ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ဂျူဗင်တပ်စ် အတွက် ဦးဆောင်ဂိုးကို အာကေးဒီးယက်ဇ် မီလစ်ခ်က သွင်းယူပေးနိုင်ခဲ့ပေမယ့် ကူအာမီရဲ့ ချေပဂိုးကြောင့် ဂျူဗင်တပ်စ်တို့ သရေနဲ့သာ ကျေနပ်ခဲ့ရတာပါ။ ဒါ့အပြင် ဖီအိုရင်တီးနား တိုက်စစ်မှူး ဂျိုဗစ် ပင်နယ်တီ မဝင်တာကြောင့်လည်း ဂျူဗင်တပ်စ်တို့ ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။

လာဇီယိုနဲ့ နာပိုလီတို့ရဲ့ ပွဲမှာတော့ ဧည့်သည် နာပိုလီက အဝေးကွငိးမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အေစီမီလန်နဲ့ အင်တာမီလန်တို့ ထိပ်တိုက်တွေ့တဲ့ မီလန်ဒါဘီ ကတော့ ကြည့်ကောင်းခဲ့ပြီး အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ အေစီမီလန်က ၃-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အေစီမီလန် အတွက် ဂိုးတွေကို ရာဖေး လီယောင် က ၂ ဂိုး၊ ဂျရူးက ၁ ဂိုး သွင်းယူပေးခဲ့ပြီး အင်တာမီလန် အတွက် ဘရိုဇိုဗစ်နဲ့ ဒီဂျက်ကို တို့က သွင်းယူပေးခဲ့ပါတယ်။


စီးရီးအေရဲ့ သြဂုတ်လ တစ်လတာ အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့တဲ့ မော်ရင်ဟို

ရိုးမား နည်းပြ ဂျိုဆေး မော်ရင်ဟိုဟာ အီတလီ စီးရီးအေရဲ့ သြဂုတ်လ အတွက် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ဆွတ်ခူးခဲ့ကြောင်း သိရပါတယ်။ ဒီဆု ကိုတော့ ရိုးမားနဲ့ အတ္တလန်တာပွဲ မတိုင်ခင်မှာ မော်ရင်ဟိုကို ချီးမြှင့်သွားဖို့ စီစဥ်ထားတယ်လို့ သိရပါတယ်။

ရိုးမားဟာ သြဂုတ်လ အတွင်း ကစားခဲ့တဲ့ စီးရီးအေ ပွဲစဥ် (၄) ပွဲမှာ ရှုံးပွဲ လုံးဝ မရှိခဲ့ပဲ ဂျူဗင်တပ်စ်နဲ့ အဝေးကွင်း တစ်ပွဲသာ သရေကျခဲ့ပြီး ကျန် (၃) ပွဲစလုံး အနိုင်ရခဲ့ပါတယ်။
စီးရီးအေ အဖွင့် ပွဲစဉ် ၄ ပွဲစလုံး ရှုံးပွဲ မရှိသေးတဲ့ ရိုးမား

ရိုးမားဟာ သြဂုတ်လ အတွင်း ကစားခဲ့တဲ့ စီးရီးအေ ပွဲစဥ် (၄) ပွဲမှာ ရှုံးပွဲ လုံးဝ မရှိခဲ့ပဲ ဂျူဗင်တပ်စ်နဲ့ အဝေးကွင်း တစ်ပွဲသာ သရေကျခဲ့ပြီး ကျန် (၃) ပွဲစလုံး အနိုင်ရခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ရိုးမားတို့ ရမှတ် (၁၀) မှတ် ရရှိကာ အမှတ်ပေးဇယားကို အတ္တလန္တာနဲ့ ပူးတွဲ ဦးဆောင်ထားပါတယ်။

ဒီဆု ကိုတော့ နည်းပြ တစ်ယောက်ရဲ့ နည်းစနစ်ပိုင်းဆိုင်ရာ စံချိန်စံနှုန်း၊ သူ့အသင်းရဲ့ ကစားကွက်၊ အရည်အသွေးနဲ့ ပွဲချိန်အတွင်း အပြုအမူတွေ အပေါ် မူတည်ပြီး ဆုံးဖြတ်တာ ဖြစ်တယ်လို့ သိရပါတယ်။

မော်ရင်ဟိုရဲ့ အသင်းဟာ ဒီကနေ့ညမှာ အတ္တလန္တာကိုသာ အနိုင်ကစားနိုင်ခဲ့မယ် ဆိုရင် အမှတ်ပေးဇယားကို လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်ခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။


စကူဒက်တို ချန်ပီယံဆုကို တနှစ်တည်း မျှော်လင့်ထားတာ မဟုတ်ဘူးလို့ မာလ်ဒီနီပြော

အေစီမီလန် ဒါရိုက်တာ ပေါ်လို မာလ်ဒီနီက အသင်း အနေနဲ့ စီးရီးအေ ချန်ပီယံဆုကို တစ်နှစ်တည်း ရယူဖို့ မျှော်လင့်ထားတာ မဟုတ်ဘဲ တစ်နှစ်ပြီး တစ်နှစ် ပိုမို တိုးတက်တတွေကို စွမ်းဆောင်ပြနိုင်ဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟလာပါတယ်။

ပရီးမီးယား လိဂ်
မန်ချက်စတာစီးတီး
တော့တင်ဟမ် ဟော့စပါး
1X2 တော့တင်ဟမ် ဟော့စပါး @ 7.60
ဂိုးပေါ် 3.00 @ 1.89
ပထမပိုင်း ဂိုးပေါ် 1.25 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပြီးခဲ့တဲ့ ရာသီက အေစီမီလန်ဟာ ဆယ်စုနှစ် တစ်ခု အကြာ ဝေးကွာနေခဲ့တဲ့ စီးရီးအေ ချန်ပီယံဆုကို ပြန်လည် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒီရာသီ အတွက် ဗိုလ်စွဲဖို့ ရေပန်းစားတဲ့ နေရာမှာ အေစီမီလန်က ဂျူဗင်တပ်စ်၊ အင်တာမီလန် တို့ရဲ့ အနောက်မှာသာ ရှိခဲ့ပါတယ်။

လက်ရှိ ချန်ပီယံ အသင်း တစ်သင်းရဲ့ ဒီနှစ် မျှော်လင့်ချက် အပေါ်မှာ မာလ်ဒီနီက “ပြီးခဲ့တဲ့ ရာသီက ကျွန်တော်တို့ အောင်ပွဲခံခဲ့ပြီး တည်ဆောက်ခဲ့တဲ့အရာတွေ အတွက်လည်း ပျော်ရွှင်မိပါတယ်။ ကျွန်တော် တို့ရဲ့ပစ်မှတ်က တနှစ်တည်းမှာပဲ အရာအားလုံးပေးဆပ်ပြီး ပျောက်ကွယ်သွားဖို့ မဟုတ်ပါဘူး”

“ဒီအဆင့်အတန်းကို ထိန်းသိမ်းထားပြီး ရည်မှန်းချက်တွေကို ပိုမို တိုးတက်လာအောင် ကြိုးစားသွားမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ အေစီမီလန်ဟာ မနေ့ညက ကစားခဲ့တဲ့ အင်တာမီလန်နဲ့ မီလန်ဒါဘီ ပွဲစဉ်မှာ ၃-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်