နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၃၁/၈/၂၀၂၂)

ဩဂုတ်လ ၃၁ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ကြန့်ကြာနေတဲ့ ဖေဘီယန် ရုအစ်ဇ်ရဲ့ အပြောင်းအရွှေ့ကို တရားဝင် ကြေညာခဲ့တဲ့ ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ စီးရီးအေ ကလပ် နာပိုလီရဲ့ ကွင်းလယ်လူ ဖေဘီယန် ရုအစ်ဇ်ကို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း တရားဝင် ကြေညာသွားခဲ့ပါတယ်။
စပိန် ကွင်းလယ်လူ အတွက် ပီအက်စ်ဂျီတို့ သဘောတူညီမှု ရရှိထားတာ ကြာပြီ ဆိုပေမယ့် အပြောင်းအရွှေ့ ကိုတော့ အခုမှသာ တရားဝင် ကြေညာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီတို့ ဖေဘီယန် ရုအစ်ဇ်ကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး ယူရို ၂၁.၅ သန်း အသုံးပြုခဲ့ရတယ်လို့လည်း သိရပါတယ်။
ဒီကစားသမားဟာ ကွင်းလယ် နေရာစုံမှာ ကစားနိုင်တဲ့ ကစားသမား ဖြစ်ပြီး နာပိုလီ အတွက် ပြိုင်ပွဲစုံ (၁၆၆) ပွဲကစား၊ (၂၂) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၁၅) ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။


ဖူလ်ဟမ်ကို ပြောင်းရွှေ့ခဲ့တဲ့ ရိုးမား ကြယ်ပွင့်

စီးရီးအေ ကလပ် ရိုးမားရဲ့ ကြယ်ပွင့် ကစားသမား အဖြစ် သတ်မှတ်ခြင်း ခံခဲ့ရတဲ့ ဂျက်စတင် ကလွိုက်ဗက်ဟာ ဖူလ်ဟမ်ကို တစ်ရာသီ အငှားနဲ့ ပြောင်းရွှေ့သွားဖို့ သဘောတူညီခဲ့ပေမယ့် အလုပ်ပါမစ် အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။
ဒီကစားသမားလေးဟာ ဂန္တဝင် ကစားသမားကြီး ပက်ထရစ် ကလွိုက်ဗက်နဲ့ သားတော်စပ်သူ ဖြစ်ပြီး အနာဂတ်မှာ ထွန်းတောက်လာမယ့် ကြယ်ပွင့် အဖြစ် သတ်မှတ်ခံရဖူးသူလည်း ပါတယ်။ ဒါပေမယ့် မျှော်လင့်ထားသလောက် မဖြစ်ထွန်းလာတဲ့ ကလွိုင်ဗက်ဟာ လက်ရှိ မှာတော့ ရိုးမား ကနေ တန်းတက် ကလပ်ကို အငှားနဲ့ ထွက်ကစားဖို့ ဆုံးဖြတ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ဖူလ်ဟမ်ဟာ ကလွိုက်ဗက်ကို ပြောင်းရွှေ့ကြေး ပေါင် (၁၀) သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ပါတဲ့ စာချုပ် တစ်ရပ် ကိုလည်း ချုပ်ဆိုဖို့ သဘောတူညီမှု ရခဲ့တာ ဖြစ်ပါတယ်။ ကလွိုက်ဗက်ဟာ ပြီးခဲ့တဲ့ (၂၀၁၈) မှာ အေဂျက်စ် ကနေ ရိုးမားကို ပြောင်းရွှေ့ကြေး ပေါင် (၁၄.၈) သန်း နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
ဖူလ်ဟမ်ဟာ လက်တလောမှာ ချဲလ်ဆီးနဲ့ အာဆင်နယ် ကစားသမားဟောင်း ဝီလီယမ်စ်၊ ပီအက်စ်ဂျီ နောက်ခံလူ လေဗင် ကူဇာဝါ တို့ကိုလည်း ခေါ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။


မီလန် ဒါဘီကို ဆက်လက် လွဲချော်ဖို့ ရှိနေတဲ့ အင်တာမီလန် တိုက်စစ်မှူး လူကာကူ

အင်တာမီလန်ရဲ့ အဓိက တိုက်စစ်မှူး ရိုမယ်လူ လူကာကူဟာ ပေါင်ခြံ ဒဏ်ရာကြောင့် ဒီတစ်ပတ်မှာ ကစားမယ့် အေစီမီလန်နဲ့ မီလန် ဒါဘီ ပွဲစဥ်ကို ဆက်လက် လွဲချော်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ ဒီဒဏ်ရာကြောင့်ပဲ မနေ့ညက ကစားခဲ့တဲ့ ခရီမိုနီစ်နဲ့ စီးရီးအေ ပွဲစဥ်ကို လွဲချော်ခဲ့ရပါတယ်။ ဒီပွဲမှာ အင်တာမီလန်က ကော်ရီယာ၊ ဘာရီလာ၊ လော်တာရို မာတီနက်ဇ် တို့ရဲ့ ဂိုးတွေနဲ့ အတူ ၃ ဂိုးပြတ်နဲ့ အိမ်ကွင်းမှာ အနိုင်ရရှိခဲ့ပါတယ်။

လူကာကူဟာ ပြီးခဲ့တဲ့ တနင်္ဂနွေ မနက်က ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ခန်း အစီအစဥ်မှာ ဒီပေါင်ခြံ ဒဏ်ရာကို ရရှိခဲ့တာ ဖြစ်ပြီး အင်တာမီလန်ကို ပြန်ရောက်လာပြီးနောက် ပထမဆုံးသော ဒဏ်ရာ ပြဿနာလည်း ဖြစ်ပါတယ်။

အသက် (၂၉) နှစ် အရွယ် လူကာကူက ဒီရာသီမှာ အင်တာမီလန် အတွက် သွင်းဂိုး (၄) ဂိုး သွင်းယူပေးထားတဲ့ ကစားသမားပါ။ သတင်းတွေအရ ဆိုရင်တော့ လူကာကူဟာ လာမယ့် အောက်တိုဘာမှာ ကစားမယ့် နိုင်ငံတကာ ပွဲစဥ်တွေ မတိုင်ခင် အထိ အနားယူရဖွယ် ရှိပါတယ်။

ဒါကြောင့် လူကာကူ အနေနဲ့ ဘိုင်ယန်မြူးနစ်၊ ဗစ်တိုရီးယား ပလယ်ဇန် တို့နဲ့ ကစားမယ့် ချန်ပီယံလိဂ် အုပ်စု ပွဲစဥ်တွေ ကိုပါ လွဲချော်ရမှာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်