နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၂၁/၈/၂၀၂၂)

ဩဂုတ်လ ၂၁ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အင်တာမီလန်မှာ ဆက်တိုက် ခြေစွမ်းပြနေတဲ့ တိုက်စစ်မှူး လူကာကူ

လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှ ချဲလ်ဆီး ကနေ အင်တာမီလန်ကို ပြန်လည် ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ရိုမယ်လူ လူကာကူဟာ အသင်း အတွက် စီးရီးအေ ပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးကာ ခြေစွမ်းပြနေတာ တွေ့ရပါတယ်။

ဘယ်လ်ဂျီယံ တိုက်စစ်မှူးဟာ စီးရီးအေ အဖွင့်ပွဲ အဖြစ် လက်ချီနဲ့ ပွဲမှာ အသင်း အတွက် ဦးဆောင်ဂိုးကို ပွဲအစ (၂) မိနစ်မှာ ကတည်းက ခေါင်းတိုက် သွင်းယူပေးနိုင်ခဲ့ပါတယ်။ အဲ့ဒီ ပွဲမှာ အင်တာမီလန်က လက်ချီကို အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

မနေ့ညက ကစားခဲ့တဲ့ စပီဇီယာနဲ့ အိမ်ကွင်း ပွဲစဥ်မှာလည်း လူကာကူက ဂိုးမသွင်းနိုင်သည့် တိုင်အောင် လော်တာရို မာတီနက်ဇ်ရဲ့ အဖွင့်ဂိုး အတွက် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒီပွဲ မှာလည်း အင်တာမီလန်က ပြိုင်ဘက် စပီဇီယာကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီလို အင်တာမီလန်ကို ပြန်လည် ရောက်ရှိပြီးနောက် ခြေစွမ်းပြနေတဲ့ လူကာကူ ကိုတော့ ပရိသတ်တွေက နေရာမှန်ကို ရောက်ရှိသွားပြီလို့လည်း မှတ်ချက်ပြုနေကြပါတယ်။


ဒဏ်ရာ ကနေ လျင်လျင်မြန်မြန် သက်သာလာခဲ့တဲ့ ပေါ့ဘာ

အခုချိန် မှာတော့ ပေါ့ဘာရဲ့ ဒဏ်ရာဟာ လျင်လျင်မြန်မြန် သက်သာလာခဲ့ပြီး ပုံမှန်အတိုင်း ဆိုရင်တော့ လာမယ့် စက်တင်ဘာ လောက်မှ စီးရီးအေ ကလပ် အတွက် ပြန်လည် ပွဲထွက် ကစားနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။
ဒဏ်ရာ ကနေ လျင်လျင်မြန်မြန် သက်သာလာခဲ့တဲ့ ပေါ့ဘာ

ဂျူဗင်တပ်စ် ကွင်းလယ်လူ ပေါလ် ပေါ့ဘာဟာ ဒူးဒဏ်ရာ ကနေ စောလျင်စွာ သက်သာလာခဲ့ပြီးနောက် လာမယ့် တစ်ပတ် အတွင်း အပြေး လေ့ကျင့်ခန်းတွေကို စတင် ပြုလုပ်နိုင်တော့မယ်လို့ သိရပါတယ်။

ပေါ့ဘာဟာ လက်ရှိ နွေရာသီအပြောင်းအရွှေ့ ကမှ မန်ချက်စတာယူနိုက်တက် ကနေ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို ပြန်လည်ရောက်ရှိလာခဲ့သူ ဖြစ်ပါတယ်။ အဆိုပါ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူဟာ ဂျူဗင်တပ်စ်နဲ့ အမေရိကန် ရာသီကြို ခြေစမ်းပွဲ ခရီးစဥ်မှာ ဒူးဒဏ်ရာ ရရှိခဲ့ပြီး ကာလရှည် အနားယူရဖွယ် ရှိတယ်လို့ သတင်းတွေက ဖော်ပြနေကြတာပါ။ ဒါပေမယ့် ပေါ့ဘာ ကတော့ ကမ္ဘာ့ဖလားနဲ့ မလွဲချော်စေရေး အတွက် ခွဲစိတ် ကုသမှု မခံယူပဲ သာမန် ကုသမှုပဲ ခံယူခဲ့ပါတယ်။

အခုချိန် မှာတော့ ပေါ့ဘာရဲ့ ဒဏ်ရာဟာ လျင်လျင်မြန်မြန် သက်သာလာခဲ့ပြီး ပုံမှန်အတိုင်း ဆိုရင်တော့ လာမယ့် စက်တင်ဘာ လောက်မှ စီးရီးအေ ကလပ် အတွက် ပြန်လည် ပွဲထွက် ကစားနိုင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။


အေစီမီလန်တို့ စီးရီးအေ ချန်ပီယံဆုကို ကာကွယ်နိုင်စွမ်း ရှိကြောင်း ကာပယ်လို ပြောကြား

စီးရီးအေ
အတ္တလန်တာ
အေစီမီလန်
1X2 အေစီမီလန် @ 2.51
အေစီမီလန် အာရှ ဟန်းဒီးကပ် -0.25 @ 2.13
ဂိုးပေါ် 2.75 @ 1.97
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နာမည်ကျော် ဝါရင့် နည်းပြဟောင်းကြီး ဖေဘီယို ကာပယ်လိုက ဂျူဗင်တပ်စ်နဲ့ အင်တာမီလန်တို့ အပါအဝင် တခြား အသင်းတွေရဲ့ ခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် အေစီမီလန် ကလည်း စီးရီးအေ ချန်ပီယံဆုကို ကာကွယ်နိုင်စွမ်း အပြည့် ရှိနေတယ်လို့ ပြောကြားသွားခဲ့ပါတယ်။

အေစီမီလန် အသင်း အနေနဲ့ ဆယ်စုနှစ် တစ်ခုအကြာ ဝေးကွာနေတဲ့ စကူဒက်တို ချန်ပီယံဆုကို ပြီးခဲ့တဲ့ ရာသီကမှ ပြန်လည် ဆွတ်ခူးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုနှစ် အမှတ်ပေးချန်ပီယံဆု အတွက် အလေးပေးမှုတွေ မှာတော့ အေစီမီလန်က ဂျူဗင်တပ်စ်လောက် ရေပန်းစားခြင်း မရှိပါဘူး။

ကာပယ်လိုက “စကူဒက်တို ချန်ပီယံဆုက မီလန်မြို့မှာ ထပ်မံ နားခိုဖို့ ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ပုံစံတွေက ပြောင်းလဲနေပါတယ်။ အေစီမီလန်က သူတို့ ကိုယ်သူတို့ တောင့်တင်းအောင် အားဖြည့်နေသလို တခြား အသင်းတွေလည်း အတူတူပါပဲ”

“အခုဆိုရင် အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ နာပိုလီ၊ ရိုးမား တို့လည်း စီးရီးအေ ချန်ပီယံဆုကို တိုက်ပွဲဝင်ကြမှာပါ။ အသင်း ၅ သင်းက ဒီလိုမျိုး တိုက်ပွဲဝင်ကြမယ် ဆိုတာ ဘယ်လောက်တောင် ကောင်းလိုက်တဲ့ ရှိုးပွဲ တစ်ခုလဲဗျာ” ဆိုပြီး မှတ်ချက်ပေး ပြောကြားသွားခဲ့တာ ဖြစ်ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်