နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၁၈/၈/၂၀၂၂)

ဩဂုတ်လ ၁၈ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


မွိုက်စ် ကင်းန်ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေတဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ တိုက်စစ်မှူး မွိုက်စ် ကင်းန်ကို ရောင်းချဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒီကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီ ကမှ အဲဗာတန် ကနေ (၂) ရာသီ အငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့ပြီး စာချုပ်ပါ အချက်အလက်တွေအရ အငှားကာလ ပြီးဆုံးသွားရင် ဂျူဗင်တပ်စ်တို့ ယူရို (၂၈) သန်းနဲ့ မခေါ်မနေရ ခေါ်ယူရဖို့ ရှိနေတာ ဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ရာသီက စီးရီးအေ ပွဲပေါင်း (၃၂) ပွဲကစားပြီး (၅) ဂိုးသာ သွင်းယူပေးနိုင်ခဲ့တဲ့ မွိုက်စ်ကင်းန်ရဲ့ ခြေစွမ်းကို ဂျူဗင်တပ်စ် ဘက်က သဘောမကျတာကြောင့် ပြန်လည် ရှင်းထုတ်ဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။

ဂျူဗင်တပ်စ်ဟာ ဘာစီလိုနာ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်း ကိုလည်း ခေါ်ယူနိုင်တော့မှာ ဖြစ်လို့ ဘဏ္ဍာရေး အခြေအနေအရ မွိုက်စ်ကင်းန်ကို မဖြစ်မနေ ပြန်လည် ရောင်းချရဖို့ ရှိနေတာ ဖြစ်ပါတယ်။ မွိုက်စ်ကင်းန်ကို ဂျူဗင်တပ်စ် ဘက်က အငှားနဲ့ စေလွှတ်ဖို့ စိတ်ကူးမရှိဘဲ ကစားသမား အလဲအထပ် ဒါမှမဟုတ် အပြီးသတ် ရောင်းချဖို့အတွက်ပဲ ဆန္ဒရှိနေတယ်လို့လည်း သိရပါတယ်။

စီးရီးအေ
တိုရီနို
လာဇီယို
1X2 သရေ (Draw) @ 3.35
ဂိုးပေါ် 2.50 @ 1.88
ဂိုးပေါင်း 0-1 @ 3.55
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဆာဆူအိုလို တိုက်စစ်မှူးကို ကမ်းလှမ်းခဲ့တဲ့ အေစီမီလန် 

ဆာဆူအိုလို အမှုဆောင်အရာရှိချုပ် ဂျီယိုဗန်နီ ကာနီဗာလီက သူတို့ အသင်းရဲ့ တိုက်စစ်ကစားသမား ဒိုမီနီကို ဘာရာဒီ အတွက် ကမ်းလှမ်းမှုတွေ ရရှိခဲ့ကြောင်း ဖွင့်ဟ ပြောကြားလာပါတယ်။ ဘာရာဒီကို ခေါ်ယူဖို့ အတွက် စီးရီးအေ လက်ရှိ ချန်ပီယံ အေစီမီလန် အသင်းက ချိတ်ဆက်နေတယ်လို့ အစောပိုင်း ကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။  

ရာသီ အဖွင့်ပွဲစဉ် မှာ ဂျူဗင်တပ်စ်ကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ ပွဲအပြီး ကာနီဗာလီက “ဘာရာဒီက ကျွန်တော်တို့ အတွက် အရေးကြီးဆုံး ကစားသမား တစ်ဦးပါ။ သူနဲ့ ပတ်သက်လို့ လက်ရှိ နွေရာသီမှာ တိတ်ဆိတ်နေကြတယ် ဆိုတာလည်း မဟုတ်ပါဘူး။ သူ့အတွက် ကမ်းလှမ်းမှုတွေ ရှိနေခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ 

ဘယ်အသင်းတွေက ကမ်းလှမ်းခဲ့တယ် ဆိုတာ ကိုတော့ ဖွင့်ဟခဲ့ခြင်း မရှိဘဲ ဘာရာဒီကို အသင်းမှာ ဆက်ထိန်းထားဖို့ ဆန္ဒရှိကြောင်း ကာနီဗာလီက ဆက်လက် ပြောကြားခဲ့ပါတယ်။ 


ဒဏ်ရာကြောင့် ဆမ်ဒိုးရီးယားနဲ့ ပွဲကို လွဲချော်မယ့် ဒီမာရီယာ

ဂျူဗင်တပ်စ် တိုက်စစ် ကစားသမား အိန်ဂျယ် ဒီမာရီယာဟာ ဆာဆူအိုလိုကို သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေ ရာသီ အဖွင့်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် (၁၀) ရက်ခန့် အနားယူရမယ်လို့ သိရပါတယ်။
ဆမ်ဒိုးရီးယားနဲ့ စီးရီးအေ ပွဲစဉ် ၂ ကို ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေတဲ့ ဒီမာရီယာ

ဂျူဗင်တပ်စ် တိုက်စစ် ကစားသမား အိန်ဂျယ် ဒီမာရီယာဟာ ဆာဆူအိုလိုကို သုံးဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ စီးရီးအေ ရာသီ အဖွင့်ပွဲမှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် (၁၀) ရက်ခန့် အနားယူရမယ်လို့ သိရပါတယ်။ ဒီမာရီယာဟာ ပေါင်ခြံ ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပြီး ဒုတိယပိုင်းမှာ မီရက်တီနဲ့ လူစားလဲခဲ့ရပါတယ်။ 

ဒီမာရီယာရဲ့ ဒဏ်ရာကို အသေးစိတ် စစ်ဆေးပြီးတဲ့နောက် ပေါင်ခြံ အသေးစား ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ဂျူဗင်တပ်စ် ဘက်က တရားဝင် သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဒီမာရီယာဟာ စီးရီးအေ ပွဲစဥ် (၂) အဖြစ် ကစားမယ့် ဆမ်ဒိုးရီးယားနဲ့ ပွဲကို ကျိန်းသေပေါက် လွဲချော်မယ့် အပြင် ရိုးမားနဲ့ ထိပ်တိုက် တွေ့ဆုံရမယ့် ပွဲစဥ် (၃) ကိုပါ ထပ်မံ လွဲချော်နိုင်ဖွယ် ရှိသွားခဲ့တာ ဖြစ်ပါတယ်။ 

ဆာဆူအိုလိုကို အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဒီမာရီယာက ဂျူဗင်တပ်စ် အတွက် ပထမဆုံး ပွဲထွက် ကစားခွင့်ရခဲ့ပြီး (၁) ဂိုးသွင်း၊ (၁) ဂိုးဖန်တီး ပေးပြီး ခြေစွမ်းပြကစားနိုင်ခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်