နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၁၆/၉/၂၀၂၂)

စက်တင်ဘာ ၁၆ ရက်နေ့ မနက်ခင်းအထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ချဲလ်ဆီး နည်းပြသစ် လက်ထက်မှာ အသုံးချခံ ဖြစ်လာနိုင်တဲ့ လူကာကူ 

ချဲလ်ဆီး နည်းပြသစ် ဂရေဟမ်ပေါ်တာဟာ အင်တာမီလန်ထံ အငှားချထားတဲ့ တိုက်စစ်မှူး ရိုမယ်လူ လူကာကူကို ပြန်လည် ခေါ်ယူပြီး တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူနိုင်ဖို့ အတွက် အသုံးချသွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။ 

လူကာကူဟာ ပြီးခဲ့တဲ့ နွေရာသီမှာ အသင်းဟောင်း စီးရီးအေ ကလပ် အင်တာမီလန်ကို (၂) ရာသီ အငှားစာချုပ်နဲ့ ပြန်လည် ပြောင်းရွှေ့သွားခဲ့တာပါ။ ချဲလ်ဆီး နည်းပြ အပြောင်းအလဲ ဖြစ်ပြီး နောက်ပိုင်း လူကာကူရဲ့ အနာဂတ် မတည်ငြိမ်တော့တာကို ကစားသမား ကိုယ်တိုင်ရော၊ နှစ်ဖက်အသင်း ကပါ နားလည်ထားပါတယ်။ 

လူကာကူဟာ အင်တာမီလန်မှာ လက်ရှိ စပါးနည်းပြ အန်တိုနီကွန်တီနဲ့ လက်တွဲပြီး ခြေစွမ်းပြနိုင်ခဲ့ကာ စီးရီးအေ အမှတ်ပေးချန်ပီယံဆုကို ဆွတ်ခူးခဲ့ဖူးပါတယ်။ သူတို့ နှစ်ယောက် အကြား ဆက်ဆံရေး ကောင်းတွေလည်း ရှိထားပြီး ပေါ်တာက ဒီအချက်ကို အသုံးချဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ 

ဒါပေမယ့်လည်း လူကာကူ ကိုယ်တိုင် ကတော့ အင်တာမီလန်မှာ ဆက်နေဖို့ ဆန္ဒရှိနေသလို အသင်းဘက် ကလည်း လူကာကူကို အငှားစာချုပ် သက်တမ်းကုန်ဆုံးမယ့် (၂၀၂၄) နွေရာသီ အထိ အသင်းမှာ ဆက်လက် ထိန်းသိမ်းထားဖို့ ဆန္ဒရှိနေကြောင်း သတင်းတွေက ဖော်ပြထားပါတယ်။

စီးရီးအေ
ဘိုလော့နာ
အမ်ပိုလီ
1X2 သရေ (Draw) @ 3.80
ဂိုးပေါ် 2.75 @ 1.93
ဂိုးပေါင်း 0-1 @ 4.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပေါ့ဘာရဲ့ အကို ဖြစ်သူ မာသီးယပ်စ် ပေါ့ဘာ ဖမ်းဆီးထိန်းသိမ်းခံရ

ပေါလ် ပေါ့ဘာရဲ့အကို မာသီးယပ်စ် ပေါ့ဘာကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အကြောင်းရင်း ကတော့ ပေါ့ဘာနဲ့ ဖြစ်ပွားခဲ့တဲ့ အပြန်အလှန် စွပ်စွဲချက်တွေ အတွက် စုံစမ်းစစ်ဆေးဖို့ အတွက် ဖြစ်တယ်လို့ သိရပါတယ်။ 

စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ရဲ့ ကွင်းလယ်လူ ပေါ့ဘာဟာ သူ့ကို ငွေညှစ်ခဲ့တဲ့ လူဆိုးဂိုဏ်း တစ်ခုမှာ အကို ဖြစ်သူ မာသီးယပ်စ် ပေါ့ဘာ လည်း ပါဝင်တယ်လို့ ရဲတပ်ဖွဲ့ကို တိုင်ကြားခဲ့ပါတယ်။ ဒါ့အပြင် ပေါ့ဘာ အနေနဲ့ အောက်လမ်း ဆရာကို အသုံးပြုပြီး ပြင်သစ် လက်ရွေးစင် အသင်းဖော် ကိုင်လီယန် အမ်ဘာပေကို ကျိန်စာတိုက်ခဲ့ကြောင်း မာသီးယပ်စ်ပေါ့ဘာက ပြန်လည် စွပ်စွဲထားပါတယ်။ 

ပေါ့ဘာ ကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆန်ခဲ့ပြီး အောက်လမ်း ဆရာကို အသုံးပြုတာက ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာပြဿနာတွေ ကနေ ကာကွယ်ဖို့သာ ဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။ ပေါ့ဘာဟာ လက်ရှိအချိန်မှာ ဒူးဒဏ်ရာ ခွဲစိတ်ထားတာကြောင့် အနားယူနေရပြီး လာမယ့် (၂၀၂၂) ကာတာ ကမ္ဘာ့ဖလားမှာ ပါဝင်ကစားခွင့် ရဖို့ အတွက်လည်း မသေချာ ဖြစ်နေသူပါ။ 


အေစီ၊ နာပိုလီတို့ နိုင်ပွဲရခဲ့ပြီး ဂျူဗင်တပ်စ် ထပ်မံ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ပွဲစဥ်တွေမှာတော့ စီးရီးအေ ကလပ်တွေ ဖြစ်တဲ့ အေစီမီလန်နဲ့ နာပိုလီတို့ အနိုင်ရရှိခဲ့ပါတယ်။ အေစီမီလန်က ဒိုင်နမိုဇာဂရက်ကို အိမ်ကွင်းမှာ ၃-၁ ဂိုးပြတ်အနိုင်ရရှိခဲ့တာပါ။ 

ဒီပွဲမှာ အေစီမီလန်အတွက် ဂိုးတွေကို ဂျရူး (ပင်နယ်တီ)၊ ဆဲလ်လီမေကာစ် နဲ့ လူစားဝင်ကစားသမား ပိုဘီကာတို့က သွင်းယူပေးခဲ့ပါတယ်။ နာပိုလီ ကလည်း အဝေးကွင်းမှာ ရိန်းဂျားစ်ကို သုံးဂိုးပြတ်နဲ့ သက်သောင့်သက်သာ အနိုင်ရရှိခဲ့ပါတယ်။ 

ဂျူဗင်တပ်စ်ကတော့ အိမ်ကွင်းမှာ မီလစ်ခ်ရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ခွင့်ပြုခဲ့ရတာကြောင့် ၁-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ဂျူဗင်တပ်စ်ကတော့ အုပ်စုတက်ဖို့ဆိုရင် လာမယ့်ပွဲတွေမှာ သေချာပေါက် အနိုင်ရရှိဖို့ လိုအပ်နေပြီဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်