နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၁၄/၈/၂၀၂၂)

ဩဂုတ်လ ၁၄ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


စီးရီးအေ ရာသီ အဖွင့်မှာ နိုင်ပွဲ ကိုယ်စီ ရခဲ့ကြတဲ့ မီလန် နှစ်သင်းနဲ့ အတ္တလန္တာ

မနေ့ညက ကစားခဲ့တဲ့ စီးရီးအေ ရာသီ အဖွင့် ပွဲစဉ်တွေ မှာတော့ အသင်းကြီးတွေ ဖြစ်တဲ့ အေစီမီလန်၊ အင်တာမီလန်နဲ့ အတ္တလန္တာတို့ ပြိုင်ဘက်တွေကို အသီးသီး အနိုင်ရသွားခဲ့ကြပါတယ်။

အေစီမီလန်က အိမ်ကွင်းမှာ အူဒီနီးစ်ကို အပြန်အလှန် သွင်းဂိုးတွေနဲ့ အတူ ၄-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ပီအိုလီရဲ့ အသင်း အတွက် ဂိုးတွေ ကိုတော့ သီယို ဟာနန်ဒက်ဇ်၊ ရီဘစ် (၂ ဂိုး)နဲ့ ဘရာဟင်မ် ဒီးရာ့ဇ် တို့က သွင်းယူပေးခဲ့ပါတယ်။

အတ္တလန္တာ ကလည်း ဆမ်ဒိုးရီးယားကို အဝေးကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အတ္တလန်တာအတွက် ဂိုးတွေ ကိုတော့ တိုလွိုင်းနဲ့ ကစားသမားသစ် လွတ်ခ်မန်း တို့က သွင်းယူပေးခဲ့ကြပါတယ်။

အင်တာမီလန် ကတော့ လက်ချီကို အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ရိုမယ်လူ လူကာကူ ကတော့ အင်တာမီလန်ကို ပြန်လည် ရောက်ရှိလာပြီးနောက် ပထမဆုံး ပွဲထွက်ကစားခွင့်ရတဲ့ စီးရီးအေ ပွဲစဉ်ရဲ့ ပွဲအစ (၁) မိနစ် မှာတင်ပဲ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ အင်တာမီလန် အတွက် အနိုင်ဂိုး ကိုတော့ လူစားဝင် ကစားသမား ဒမ်းဖရီးစ်က ပွဲကစားချိန် နောက်ဆုံး မိနစ်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

စနေနေ့ညရဲ့ တခြား စီးရီးအေ ပွဲစဉ်တွေ မှာလည်း တိုရီနိုက တန်းတက် မွန်ဇာကို အဝေးကွင်းမှာ ၁-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။


ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကို အလွယ်တကူပဲ လက်ခံခဲ့တယ် ဆိုပြီး ဖွင့်ဟလာတဲ့ ကော့စတစ်

လာလီဂါ
အက်စ်ပန်ညို
ဗယ်လက်ကာနို
1X2 သရေ @ 3.25
ဂိုးပေါ် 2.25 @ 2.02
ပထမပိုင်း ဂိုးအောက် 0.75 @ 2.17
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ ဖရန့်ဖတ် ကနေ စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့လာတဲ့ ဖိလစ် ကော့စတစ်က သူ့အနေနဲ့ ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ မခက်ခဲခဲ့ကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်စ်တို့ ဒီကစားသမား အတွက် ယူရို ၁၅ သန်း ဝန်းကျင် ပေးချေခဲ့ရပြီး နှစ်ရှည် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ အပေါ် ကော့စတစ်က

“ကျွန်တော့် ထူးခြားကောင်းမွန်တဲ့ နေ့ရက် ဖြစ်ခဲ့ပြီး အရမ်းလည်း ပျော်ရွှင်နေရပါတယ်”

“ဂျူဗင်တပ်စ်ကို လာဖို့ စောင့်နေချိန်မှာ ကျနော် အရမ်းကို စိတ်လှုပ်ရှားနေခဲ့ပြီး အသင်းနဲ့ အတူ လေ့ကျင့်ခန်း ဆင်းဖို့၊ ပရိသတ်တွေ ရှေ့မှာ ကစားဖို့ မစောင့်ဆိုင်းနိုင်တော့ပါဘူး။ ဂျူဗင်တပ်စ်ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ မခက်ခဲခဲ့ပါဘူး။ ကျွန်တော် ဗလာဟိုဗစ်နဲ့လည်း စကားပြောခဲ့ပြီး ဂျူဗင်တပ်စ်ရဲ့ အစိတ်အပိုင်း ဖြစ်ခွင့်ရတဲ့ အတွက် ပျော်ရွှင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။


ဘာဆာနဲ့ ဒီပိုင်း စာချုပ်ဖျက်သိမ်းဖို့ စောင့်ဆိုင်းနေတဲ့ ဂျူဗင်တပ်စ်

စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ဟာ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်းကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ ဘာစီလိုနာတို့ အကြား စာချုပ်ဖျက်သိမ်းတာကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
မမ်းဖစ် ဒီပိုင်းကို ၂ နှစ် စာချုပ်နဲ့ ခေါ်ယူသွားဖို့ ရှိနေတဲ့ ဂျူဗင်တပ်စ်

စီးရီးအေ ကလပ် ဂျူဗင်တပ်စ်ဟာ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်းကို ခေါ်ယူဖို့ အတွက် ကစားသမားနဲ့ ဘာစီလိုနာတို့ အကြား စာချုပ်ဖျက်သိမ်းတာကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ အသက် (၂၈) နှစ်အရွယ် အဆိုပါ ကစားသမားကို ဘာစီလိုနာ ကလည်း လက်လွှတ်ခံသွားမှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်မလား၊ စာချုပ် ဖျက်သိမ်းပေးမလား ဆိုတာ ကိုတော့ အတိအကျ မသိရသေးပါဘူး။ မိုရာတာကို ခေါ်ယူဖို့ အဆင်မပြေခဲ့တဲ့နောက် စီးရီအေ ကလပ် ဂျူဗင်တပ်စ်ဟာ ဒီပိုင်း ကိုသာ အလေးအနက်ထား ကြိုးစားခဲ့ပါတယ်။

ကစားသမား ကိုယ်တိုင် ကလည်း ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်ဟာ ဒီပိုင်းကို တစ်နှစ် လုပ်ခ ယူရို ၆ သန်းနဲ့ ကမ်းလှမ်းထားပြီး ၂ နှစ် စာချုပ်ချုပ်ဆိုသွားမယ်လို့လည်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်