နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၁၀/၈/၂၀၂၂)

အခု တစ်ခါ မှာတော့ ဩဂုတ်လ ၁၀ ရက်နေ့ ညနေခင်း အထိ ရရှိထားသမျှ စီးရီးအေ နောက်ဆုံးရ သတင်းတွေနဲ့ ထူးခြားတဲ့ အပြောင်းအရွှေ့ သတင်း တချို့ကို ဖော်ပြပေးသွားမှာပါ။


ဒီပိုင်းကို ခေါ်ယူဖို့ အဆင်သင့် ဖြစ်နေတဲ့ ဂျူဗင်တပ်စ်

စီးရီးအေ ထိပ်သီး ဂျူဗင်တပ်စ် အသင်းက ဘာစီလိုနာ တိုက်စစ်မှူး မမ်းဖစ် ဒီပိုင်းကို ခေါ်ယူဖို့ ပြင်ဆင်ထားပြီး ဖြစ်ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနို က အတည်ပြုထားပါတယ်။

ရိုမာနိုရဲ့ အဆိုအရ နယ်သာလန် တိုက်စစ်မှူးဟာ ကတ်တာလန် ကလပ်နဲ့ စာချုပ် ဖျက်သိမ်းဖို့ အတွက် သဘောတူညီသွားဖို့ ရှိပြီး စီးရီးအေ ကလပ်ရဲ့ ကမ်းလှမ်းမှု အပေါ်လည်း ကျေနပ်လျက် ရှိတယ်လို့ သိရပါတယ်။ လက်တလော မှာတော့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးနေပြီး ဂျူဗင်တပ်စ် ဘက်က ၂ နှစ် စာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေတယ်လိလည်း သိရပါတယ်။

အစောပိုင်းက ဒီပိုင်းကို ခေါ်ယူဖို့ တော့တင်ဟမ်ဟော့စပါးက စိတ်ဝင်စားခဲ့သေးပေမယ့် နောက်ပိုင်း မှာတော့ တဖြည်းဖြည်း သွေးအေးသွားခဲ့သလို တူရကီ ကလပ်တွေ ကိုတော့ ကစားသမား ကိုယ်တိုင်က ပြောင်းရွှေ့ ကစားဖို့ ဆန္ဒမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒီပိုင်းဟာ လာလီဂါ ကလပ်ကို ပြီးခဲ့တဲ့ ၂၀၂၁ ဇူလိုင် ကမှ ရောက်ရှိလာခဲ့ပေမယ့် လက်တလော အသင်းမှာ တိုက်စစ် ကစားသမား အများအပြား ရှိနေတာကြောင့် ပုံမှန် ပွဲထွက်ခွင့်ရဖို့ အတွက် အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အဓိက, ကတော့ ဒီပိုင်း အနေနဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ကစားမယ့် နယ်သာလန် လက်ရွေးစင် အသင်းရဲ့ လူစာရင်းမှာ ပါဝင်ချင်သလို အသက်အရွယ်အရ ဆုဖလား အာမခံချက် ရှိတဲ့ အသင်းမျိုးကို ပြောင်းရွှေ့လိုခဲ့တာ ဖြစ်ပါတယ်။


အခု ရောက်၊ အခု ဆေးရုံ ဆောက်ရမယ့် အခြေအနေ ကနေ သီသီလေး လွတ်ခဲ့တဲ့ ဆန်းချက်ဇ်

စီးရီးအေ ကလပ် အင်တာမီလန် ကနေ ထွက်ခွာပြီး မာဆေးလ် အသင်းထံ ပြောင်းရွှေ့သွားတဲ့ ဆန်းချက်ဇ် ကတော့ အသင်းသစ်ကို ရောက်ရောက်ချင်းမှာပဲ အကျိုးဇာတ်ခင်းရမယ့် ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

ဘာစီလိုနာနဲ့ အာဆင်နယ် အပါအဝင် ဥရောပ ထိပ်သီး ကလပ်တွေမှာ ကစားခဲ့ဖူးတဲ့ ချီလီ ဝါရင့် တောင်ပံ ကစားသမားဟာ အင်တာမီလန်နဲ့ စာချုပ်ဖျက်သိမ်းပြီးနောက် အလွတ်ပြောင်းရွှေ့ကြေးနဲ့ မာဆေးလ်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရ ဆိုရင် မာဆေးလ်က ဆန်းချက်ဇ်ကို ၂ နှစ် သက်တမ်း ရှိတဲ့ စာချုပ်ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။

စီးရီးအေ ကလပ် အင်တာမီလန် ကနေ ထွက်ခွာပြီး မာဆေးလ် အသင်းထံ ပြောင်းရွှေ့သွားတဲ့ ဆန်းချက်ဇ် ကတော့ အသင်းသစ်ကို ရောက်ရောက်ချင်းမှာပဲ အကျိုးဇာတ်ခင်းရမယ့် ဘေးကနေ သီသီလေး လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။
မာဆေးလ် အသင်းထံ ၂ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဆန်းချက်ဇ်

ဆန်းချက်ဇ်ဟာ မာဆေးလ် ပရိသတ်တွေဆီ ပြေးပြီး နှုတ်ဆက်တဲ့ အချိန်မှာ ခြေချော်သွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘေးမှာ အသင့် ရှိနေတဲ့ လုံခြုံရေး ဝန်ထမ်း တစ်ဦးက အချိန်မီ ဝင်ပြီး ဟန်ချက်ထိန်းပေးခဲ့တာကြောင့် ဆန်းချက်ဇ် တစ်ယောက် ကံကောင်းခဲ့ရတာ ဖြစ်ပါတယ်။ အခန့်မသင့်ရင် ဆန်းချက်ဇ် အနေနဲ့ ခြေချင်း ဝတ်လည်သွားနိုင်တဲ့ အခြေအနေမှာ ရှိခဲ့တာ ဖြစ်ပါတယ်။

ဆန်းချက်ဇ် ချော်လဲတဲ့ ဗီဒီယိုဟာ အချိန်တိုတွင်း တွစ်တာပေါ်မှာ ပျံနှံ့သွားခဲ့ပြီး “ဘောလုံး သမိုင်းတစ်လျှောက် ကလပ် အသစ်မှာ အမြန်ဆုံး ဒဏ်ရာရခဲ့တဲ့ အလက်ဆစ် ဆန်းခက်ဇ် ဆိုပြီး နာမည်တွင်တော့မလို့” ဟု ဆိုကာ ပရိသတ်တွေက ကျီစားနေခဲ့ကြပါတယ်။


ယူနိုက်တက်မှာ ပွဲထွက်ခွင့်ရဖို့ ယုံကြည်မှု အပြည့် ရှိနေတဲ့ ရာဘီယော့တ်

စီးရီးအေ ကလပ် ဂျူဗင်တပ်စ် ကနေ ယူနိုက်တက်ထံ ပြောင်းရွှေ့မယ်လို့ သတင်းတွေ ထွက်နေတဲ့ အက်ဒရီယန် ရာဘီယော့တ်က တန်ဟက်ဂ် လက်အောက်မှာ ပွဲထွက်ခွင့်ရဖို့ ယုံကြည်မှု အပြည့် ရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

ယူနိုက်တက်တို့ အသက် ၂၇ နှစ် အရွယ် ပြင်သစ် ကွင်းလယ်လူကို ပြောင်းရွှေ့ကြေး ယူရို (၁၇) သန်းနဲ့ ခေါ်ယူဖို့ ဂျူဗင်တပ်စ်နဲ့ သဘောတူညီမှု ရရှိထားပြီး လက်ရှိ မှာတော့ ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိဖို့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။

ဂျူဗင်တပ်စ် အတွက် ၃ ရာသီ အတွင်း ပြိုင်ပွဲစုံ ၁၂၉ ပွဲ ကစားပေးထားခဲ့တဲ့ ရာဘီယော့တ်ဟာ အသင်းရဲ့ အဓိက ကွင်းလယ်လူ တစ်ဦး ဖြစ်နေပေမယ့် ယူနိုက်တက်ကို ပြောင်းရွှေ့နိုင်ဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ အဓိက ကတော့ ရာဘီယော့တ် အနေနဲ့ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့်ရပြီး ခြေစွမ်းပြသနိုင်ရင် ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား ကစားမယ့် ပြင်သစ် လက်ရွေးစင် အသင်းရဲ့ လူစာရင်းမှာ အရွေးချယ်ခံရမယ်လို့ ယူဆနေတာကြောင့် ဖြစ်ပါတယ်။

ယူနိုက်တက် ပရိသတ်တွေ ကတော့ ဒီကစားသမားရဲ့ စည်းကမ်းပိုင်းနဲ့ ခံယူချက် အပေါ်မှာ စိတ်တိုင်းမကျ ဖြစ်နေပြီး ရာဘီယော့တ်ကို ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ အသင်း ကိုလည်း တောက်လျောက် ဝေဖန်နေတာ တွေ့ရပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်