နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – နောက်ဆုံးရ သတင်းများ (၁/၉/၂၀၂၂)

စက်တင်ဘာ ၁ ရက်နေ့ အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


အင်တာမီလန် နောက်ခံလူ အတွက် နောက်ဆုံးအကြိမ် ကြိုးပမ်းမယ့် ပီအက်စ်ဂျီ

ပီအက်စ်ဂျီဟာ အင်တာမီလန် နောက်ခံလူ မီလန် ရှက်ခရီနီယာကို ခေါ်ယူဖို့ အတွက် အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ထပ်မံ ကြိုးစားသွားမယ်လို့ သိရပါတယ်။

ဒီမတိုင်ခင် နောက်ဆုံး အကြိမ်မှာ ပြင်သစ်လီဂူးရဲ့ လက်ရှိ ချန်ပီယံ အနေနဲ့ အဆိုပါ စီးရီးအေ နောက်ခံလူ အတွက် ပြောင်းရွှေ့ကြေး ယူရို (၆၅) သန်း၊ အပိုဆုကြေး ယူရို (၅) သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံထားရပါတယ်။ ပီအက်စ်ဂျီဟာ လက်ရှိ နွေရာသီ တစ်လျှောက်လုံး ရှခရီညာကို စိတ်ဝင်စားခဲ့တာပါ။

ဒါပေမယ့်လည်း အင်တာမီလန်ဘက်က ပြောင်းရွှေ့ကြေး ယူရိုသန်း (၉၀) အထိ တောင်းဆိုနေတာကြောင့် အပြောင်းအရွှေ့က လက်ရှိအချိန်ထိ ကြန့်ကြာနေခဲ့တာလည်း ဖြစ်ပါတယ်။ ပီအက်စ်ဂျီ အားကစားဒါရိုက်တာ လူးဝစ် ကမ်ပို့စ် ကလည်း ရှက်ခရီနီယာ အတွက် အသင်းပိုင်ရှင် အယ်လ်ခီ လိုင်ဖီနဲ့ တိုက်ရိုက် ဆွေးနွေးလျက် ရှိပါတယ်။

ပီအက်စ်ဂျီ နည်းပြ ဂဲလ်တီယာ ကလည်း အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဘာမဆို ဖြစ်သွားနိုင်တယ်လို့ ဆိုထားတာကြောင့် ဒီကစားသမားကို ပီအက်စ်ဂျီတို့ အမှန်တကယ် ခေါ်ယူနိုင်မလား စောင့်ကြည့်ရမှာပါ။


ပါရီဒက်စ်ကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့တဲ့ ဂျူဗင်တပ်စ်

ဂျူဗင်တပ်စ်ဟာ ပီအက်စ်ဂျီ ကွင်းလယ်လူ လီအန်ဒရို ပါရီဒက်စ်ကို အငှားစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ကြောင်း ကြေညာသွားခဲ့ပါတယ်။ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်စ်တို့ ကွင်းလယ်ပိုင်း အားနည်းနေတာကြောင့် အခုလိုပဲ ပါရီဒက်စ်ကို အားဖြည့်ခဲ့တာလည်း ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ချဲလ်ဆီး
ဝက်စ်ဟမ်း ယူနိုက်တက်
1X2 ဝက်စ်ဟမ်း ယူနိုက်တက် @ 7.00
ဂိုးပေါ် 3.00 @ 2.25
ဂိုးပေါင်း 0-1 @ 4.10
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျူဗင်တပ်စ် အနေနဲ့ ပါရီဒက်စ်ကို တစ်ရာသီ အငှားစာချုပ်နဲ့ ကနဦး ခေါ်ယူခဲ့တာ ဖြစ်ပြီး အဲ့ဒီ နောက်မှာတော့ ယူရို (၂၂.၆) သန်းနဲ့ အပြီးသတ် ခေါ်ယူသွားမယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် မဖြစ်မနေ ခေါ်ယူရမှာမျိုး မဟုတ်ဘဲ သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှသာ ခေါ်ယူသွားရမှာပါ။

ဂျူဗင်တပ်စ်ဟာ ပါရီဒက်စ်ကို ခေါ်ယူဖို့ အတွက် ရာဘီရော့တ်ကို အရင်ဆုံး လက်လွှတ်ခံဖို့ ပြင်ဆင်ခဲ့ပေမယ့် ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ပျက်ခဲ့တာကြောင့် အခက် တွေ့ခဲ့ရပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ အကောင်းဆုံး ဖြေရှင်းနည်းကို ရရှိခဲ့တာ ဖြစ်ပြီး ကနဦး အငှားနဲ့ ခေါ်ယူပြီးမှသာ အပြီးသတ် ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ကြတာပါ။


ဘာစီလိုနာ နောက်ခံလူကို ခေါ်ယူနိုင်ခဲ့တဲ့ အေစီမီလန်

စီးရီးအေ လက်ရှိချန်ပီယံ အေစီမီလန်ဟာ ဘာစီလိုနာရဲ့ ညာနောက်ခံလူ ဆာဂျီနို ဒက်စ်ကို အငှား စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။
အမေရိကန် လက်ရွေးစင် ကစားသမားကို ခေါ်ယူဖို့ ယူနိုက်တက်က ပစ်မှတ်ထားခဲ့တာပါ။ ဒါပေမယ့်လည်း တန်ဟက်ခ်က ကစားသမားသစ် ထပ်မံ ခေါ်ယူတော့မှာ မဟုတ်ဘူးလို့ အတည်ပြုခဲ့တဲ့နောက် ဒီကစားသမားက အေစီမီလန်ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

အေစီမီလန်ဟာ ဒက်စ်ကို ကနဦး အငှားစာချုပ်နဲ့ ခေါ်ယူမှာ ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ အပြီးသတ် ခေါ်ယူခွင့် ကိုပါ တပါတည်း ချုပ်ဆိုထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အငှား ခေါ်ယူထားတဲ့ ကာလအတွင်း ကစားသမားရဲ့ လုပ်ခလစာကို အေစီမီလန် ဘက်က အပြည့်အဝ ပေးချေရမှာ ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ ယူရိုသန်း (၂၀) ဝန်းကျင်နဲ့ အပြီးသတ် ခေါ်ယူသွားမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်