နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စီးရီးအေ – မနက်ခင်း သတင်းများ (၂၀/၉/၂၀၂၂)

စက်တင်ဘာ ၂၀ ရက်နေ့ မနက်ခင်း အထိ နောက်ဆုံး ရရှိထားသမျှ စီးရီးအေ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

အူဒီနီးစ်နဲ့ ရှုံးပွဲ အတွက် သူ့မှာ အဓိက တာဝန်ရှိကြောင်း အင်ဇာဂီ ပြောကြား

အင်တာမီလန် နည်းပြ ဆိုင်မွန် အင်ဇာဂီက အူဒီနီးစ်ကို အဝေးကွင်းမှာ ၃-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာက သူ့မှာ အဓိက တာဝန်ရှိကြောင်း ပြောကြားလိုက်ပါတယ်။ အင်တာမီလန် အတွက် ဒီပွဲက စီးရီးအေ မှာ ၃ မြောက် ရှုံးပွဲ ဖြစ်ခဲ့ပါတယ်။

အသင်း ကလည်း အဆင့် (၇) နေရာ အထိ ရောက်ရှိသွားခဲ့ပြီး ပွဲအပြီးမှာ အင်ဇာဂီက “ကျနော် တို့မှာ တည်ငြိမ်တဲ့ အနေအထားမျိုး မရှိခဲ့တာ မှန်ပါတယ်။ ကျနော်တို့ နောက်ဆုံး နှစ်ပွဲ ဆက်တိုက် နိုင်လာခဲ့ပြီးတော့ အခု အဝေးကွင်း အရောက်မှာ ၃-၁ ဂိုးနဲ့ ရှုံးသွားပါတယ်”

“အဓိက တရားခံက ကျနော်ပါပဲ။ ဘာကြောင့်လဲ ဆိုတော့ ကျနော်က နည်းပြ တစ်ယောက် ဖြစ်နေလို့လေ။ ခွဲခြမ်း စိတ်ဖြာ ရမယ့် ကိစ္စတွေလည်း ရှိနေပါတယ်”

“အူဒီနီးစ် ဘာလုပ်နိုင်တယ် ဆိုတာကို ကျနော်တို့ သိခဲ့ပြီး ကျနော်တို့လည်း အခုထက် ပိုမို စွမ်းဆောင်နိုင်ဖို့ လိုအပ်ခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ အင်တာမီလန်ဟာ လက်ရှိ အချိန်မှာ အမှတ်ပေးဇယားရဲ့ အဆင့် (၇) နေရာ အထိ ရောက်ရှိသွားခဲ့ပြီး အင်ဇာဂီ အတွက်လည်း ဖိအား များသွားခဲ့ပါတယ်။


အခုထက် ပိုမိုကောင်းမွန်တဲ့ ကစားပုံကို ပြသဖို့ လိုအပ်ကြောင်း အယ်လီဂရီရဲ့ လက်ထောက်ပြော

မွန်ဇာနဲ့ စီးရီးအေ အဝေးကွင်းပွဲမှာ ဂျူဗင်တပ်စ်ကို ကွင်းအတွင်း ကြီးကြပ်ခဲ့တဲ့ လက်ထောက် နည်းပြ မာကိုလန်ဒူချီက အသင်း အနေနဲ့ အခုထက် ပိုမို ကောင်းမွန်အောင် စွမ်းဆောင်ပြဖို့ လိုအပ်နေပြီလို့ ပြောကြားခဲ့ပါတယ်။

မော်ရင်ဟိုဟာ ဒီနှစ် ဖေဖော်ဝါရီက ကစားခဲ့တဲ့ ဗီရိုနာနဲ့ စီးရီးအေ ပွဲမှာလည်း ပြဿနာ ရှာခဲ့တာကြောင့် အနီကတ် ထိခဲ့ဖူးပါတယ်။
ပွဲပယ်နဲ့ ဒဏ်ကြေး ပြစ်ဒဏ်တွေ ပေးဆောင်ရဖွယ် ရှိနေတဲ့ မော်ရင်ဟို

ဂျူဗင်တပ်စ် နည်းပြ မက်စ် အယ်လီဂရီက ပွဲပယ် ပြစ်ဒဏ်ကြောင့် ဒီပွဲကို ကိုင်တွယ်နိုင်ခဲ့ခြင်း မရှိပါဘူး။ မွန်ဇာနဲ့ ပွဲမှာ ဂျူဗင်တပ်စ်တို့ ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ဒီရာသီ ပထမဆုံး စီးရီးအေ ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီ ဖြစ်ပါတယ်။

ပွဲအပြီး မှာတော့ လန်ဒူချီက “ကျနော်တို့ ပိုကောင်းတဲ့ စွမ်းဆောင်ရည်မျိုးကို ပြသဖို့ လိုအပ်ပါတယ်။ ဒုတိယပိုင်းမှာ ကျနော်တို့ ဂိုးသွင်းခွင့် မရသလောက် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒီအချိန်က စကားတွေ အများကြီး ပြောနေရုံနဲ့ နိုင်ပွဲရမယ့်အချိန် မဟုတ်ပါဘူး။ ကျနော်တို့ ပုံစံကို ပြန်လည် ပြသဖို့ လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

ဂျူဗင်တပ်စ်ဟာ ဒီရာသီ လိဂ်ပွဲ (၇) ပွဲ ကစားပြီးချိန်မှာ (၂) ပွဲသာ အနိုင်ရရှိထားပြီး သရေပွဲ (၄) ပွဲ၊ အခု ရှုံးပွဲ (၁) ပွဲကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် (၈) နေရာကို ရောက်ရှိသွားခဲ့ပါတယ်။


ကြီးလေးတဲ့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ် ရှိတဲ့ မော်ရင်ဟို

အတ္တလန္တာကို အိမ်ကွင်းမှာ ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ အိမ်ကွင်းပွဲမှာ ကွင်းထဲ အထိဝင်ပြီး ဒိုင်လူကြီးကို စောဒကတက်ခဲ့တဲ့ ရိုးမား နည်းပြ ဂျိုဆေး မော်ရင်ဟို တစ်ယောက် ကြီးလေးတဲ့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရဖွယ် ရှိပါတယ်။

ယူအီးအက်ဖ်အေ နေးရှင်းလိဂ်
ပိုလန်
နယ်သာလန်
1X2 ပိုလန် @ 3.30
ဂိုးပေါ် 2.75 @ 2.23
ဂိုးပေါင်း 0-1 @ 3.15
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီပွဲရဲ့ ဒုတိယပိုင်းမှာ မော်ရင်ဟိုက သူ့အသင်း ပင်နယ်တီ မရတဲ့ အပေါ် ကွင်းလယ်ဒိုင်ကို ကွင်းထဲ အထိ ပြေးဝင်ကာ စောဒကတက်ဖို့ ကြိုးစားခဲ့တာပါ။ ဒီလုပ်ရပ်ကြောင့် မော်ရင်ဟိုကို ကွင်းလယ်ဒိုင်က ချက်ချင်း အနီကတ်ပြ ထုတ်ပယ်ခဲ့ပြီး ပွဲတာဝန်ရှိသူတွေနဲ့ ရိုးမား နည်းပြ ဝန်ထမ်းတွေ ကလည်း မော်ရင်ဟိုကို ဝိုင်းဝန်း ဖျောင်းဖျခဲ့ရပါတယ်။

မော်ရင်ဟိုဟာ ဒီနှစ် ဖေဖော်ဝါရီက ကစားခဲ့တဲ့ ဗီရိုနာနဲ့ စီးရီးအေ ပွဲမှာလည်း ပြဿနာ ရှာခဲ့တာကြောင့် အနီကတ် ထိခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက မော်ရင်ဟိုကို စီးရီးအေ အဖွဲ့ချုပ်က နှစ်ပွဲပယ်နဲ့ ဒဏ်ကြေး ယူရို နှစ်သောင်း တပ်ရိုက်ခဲ့ပြီး ဒီတကြိမ် မှာတော့ ပိုမို ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ဖွယ် ရှိပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်